backup og meta

ခင်ပွန်းသည်ကိုဆံပင်ကျွတ်ခြင်းမှကာကွယ်ပေးမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခင်ပွန်းသည်ကိုဆံပင်ကျွတ်ခြင်းမှကာကွယ်ပေးမယ်

    အမျိုးသားတွေဆံပင်ကျွတ်တဲ့ကိစ္စဟာ စိတ်ရှုပ်ဖို့ကောင်းသလို၊ စိတ်ပူရတာ စဉ်းစားရတာနဲ့ အချိန်တွေလည်းကုန်ပါတယ်။ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းတွေ၊ ဖြစ်နိုင်ချေရှိတဲ့ ကုသမှုနည်းတွေသိထားခြင်းဟာ အမျိုးသမီးတွေ မိမိခင်ပွန်းကို ယုံကြည်ချက်ပိုရှိလာဖို့ အားပေးရာမှာ အထောက်အပံ့ကောင်းကောင်းပေးနိုင်ပါတယ်။

    ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းပေါ်လိုက်ပြီး ဖြစ်နိုင်ချေရှိတဲ့ ကုသမှုနည်းအမျိုးမျိုးရှိပါတယ်။

    စိတ်ဖိစီးမှု

    လူတွေမှာ ဖိစီးစရာအခြေအနေအမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ ဆံပင်တွေကျွတ်တတ်ပါတယ်။ ခွဲစိတ်မှု၊ ကားအက်စီးဒင့်၊ ပြင်းထန်သောရောဂါများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဖိစီးမှုသာမက စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကလည်း ယာယီဆံပင်ကျွတ်မှုကိုဖြစ်စေပါတယ်။

    ဒါပေမယ့် ထိုဆံပင်ကျွတ်မှုဟာ ဖိစီးနေတဲ့အခြေအနေတွေ ပျောက်သွားရင်ပြန်ကောင်းသွားမှာကြောင့် ဇနီးသည်ဟာ မိမိခင်ပွန်းကိုထိုအချိန်ကာလကို လေ့ကျင့်ခန်းလေးလုပ်ရင်း အကောင်းမြင်စိတ်လေးနဲ့ သက်တောင့်သက်သာဖြတ်သန်းနိုင်အောင် ကူညီပေးသင့်ပါတယ်။

    အာဟာရလိုအပ်မှုရှိခြင်း

    တကယ်လို့နှစ်လသုံးလလောက် ပရိုတင်းလုံလောက်စွာမရရင်လည်း ခန္ဓါကိုယ်က ပရိုတင်းထိန်းသိမ်းဖို့ ဆံပင်များဆက်လက်ရှင်သန်မှုကို ရပ်ပစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်-အေ များရင်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။

    ဒါကြောင့်သင့်ခင်ပွန်းရဲ့စားသောက်မှုပုံစံကိုလည်း ဂရုစိုက်ပေးဖို့ကအရေးကြီးပါတယ်။ ကျန်းမာတဲ့စားသောက်မှုဟာ ဆံပင်ကျွတ်ခြင်းကိုလျှော့ချနိုင်မှာပါ။

    အမျိုးသားများတွင်ဖြစ်တတ်သည့် ထိပ်ပြောင်ခြင်း

    နောက်ထပ်အကြောင်းအရင်းကတော့ အမျိုးသားတွေမှာ မျိုးူရိုးဗီဇအလိုက် ထိပ်ပြောင်ခြင်းဖြစ်တယ်။ တဖြေးဖြေးချင်းကျွတ်လာပြီး ပုံစံမှန်းလို့ရနိုင်လောက်အောင် ထိပ်နေရာအကွက်လိုက်လေးပဲကျွတ်ခြင်းဖြစ်တယ်။

    ထိုဖြစ်ရပ်ကိုကုသဖို့ဆေးတွေပေါ်နေပါပြီ။ မှ လက်ခံလမ်းညွှန်ထားသော ဆေးနှစ်မျိုးကတော့ Minoxidil (Rogaine) နဲ့ Finasteride (Propecia)တို့ဖြစ်တယ်။ Minoxidil မှာ အမျိုးသားရော အမျိုးသမီးပါအသုံးပြုလို့ရပြီး ဆေးဆိုင်များတွင်အလွယ်တကူဝယ်လို့ရသော အရည်ဆေးတစ်မျိုးဖြစ်တယ်။ Finasteride ဆေးပြားများကတော့ အမျိုးသားများမှာသာအသုံးပြုနိုင်ပါတယ်။

    ဟော်မုန်းပြနာများ

    အဖြစ်အများဆုံးဟော်မုန်းအကြောင်းအရင်းကတော့ သိုင်းရွိုက်ဂလမ်းအလုပ်နှေးခြင်းဖြစ်တယ်။ လည်ပင်းတွင်ရှိသော သိုင်းရွိုက်ဂလမ်းဟာ ခန္တာကိုယ်ဇီဝရုပ်ဖြစ်ပျက်မှုကို တာဝန်ရှိသော ဟော်မုန်းများကိုထုတ်ပေးတာကြောင့် ထိုဂလမ်းအလုပ်နှေးခြင်းဟာ ဆံပင်များကျွတ်စေနိုင်ပါတယ်။ ထိုအချက်ကိုသေချာစွာစစ်ဆေးရန် ဆရာဝန်နှင့်တိုင်ပင်ဖို့လိုပါတယ်။

    တကယ်လို့ သိုင်းရွိုက်ဂလမ်းကြောင့်သေချာတယ်ဆိုရင်တော့ သိုင်းရွိုက်ဟော်မုန်းပမာဏကို ပုံမှန်ပြန်ရောက်အောင် တင်ပေးနိုင်မယ့် ဆေးတွေညွှန်းပါလိမ့်မယ်။

    ကိုယ်ခံအားစနစ်ပြနာ

    အရမ်းအလုပ်လုပ်လွန်းသွားတဲ့ ကိုယ်ခံအားစနစ်ဟာ ဆံပင်တွေကို ခန္တာကိုယ်ကိုရန်ပြုမည့်အရာများဟု အထင်မှားပြီး တိုက်ခိုက်တာကြောင့် ဆံပင်ကျွတ်ခြင်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အချင်းချင်းပြန်တိုက်သော ကိုယ်ခံအားစနစ်ကြောင့်ဖြစ်သည့် အရေပြားရောဂါတစ်မျိုးကလည်း ဆံပင်များထပ်မပေါက်နိုင်အောင် အမာရွတ်များဖြစ်စေပါတယ်။

    တကယ်လို့ ဆံပင်ကျွတ်တာကမဆိုးရွားဘူးဆိုရင်တော့ ဆံပင်ကျဲသွားတဲ့နေရာကို ကာနိုင်မယ့် ဆံပင်ပုံစံအသစ်ပြောင်းဖို့အကြံပေးကြည့်ပါ။ ဥပမာ-ထိပ်ပြောင်သူများအတွက် ဆံပင်တိုကသိပ်မသိသာစေသလို ဆံပင်များကိုပိုသန်စွမ်းစေပါတယ်။

    ကိုယ်အလေးချိန်ကျခြင်း

    ကိုယ်အလေးချိန်လျှော့ခြင်ဟာ ခန္တာကိုယ်အတွက်ကောင်းသော်လည်း ရုတ်တရတ်ကိုယ်အလေးချိန်လျော့ခြင်းကတော့ ဆံပင်ကျွတ်စေနိုင်ပါတယ်။ အလေးချိန်ကျသွားခြင်းဟာ ခန္တာကိုယ်ကို အာဟာရများစုပ်ယူခြင်းကျသွားစေပြီး ဆံပင်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်တွေနည်းသွားစေပါတယ်။ တချို့သောစားသောက်မှုပုံစံတွေဟာ ဝိတ်ကျသွားသလို ဆံပင်များသိသိသာသာကျွတ်သွားတာလည်း တွေ့ရမှာပါ။

    တကယ်လို့ သင့်ခင်ပွန်းကဝိတ်လျှော့ဖို့လိုနေတယ်ဆိုရင်တောင် ပရိုတင်း၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေတော့ အလုံအလောက်ရပါစေ။

    ကင်ဆာ

    တချို့သော ကင်ဆာဆေးတွေဟာ ဆံပင်ကျွတ်စေပါတယ်။ တကယ်လို့ ကင်ဆာဆေးသွင်းနေရတာဆိုရင်တော့ ထိုဆေးဟာကင်ဆာဆဲလ်တွေသာမက ဆံပင်ဆဲလ်များကဲ့သို့ အခြားပွားနေသောဆဲလ်တွေကိုပါ ထိခိုက်စေတာကြောင့် ဆံပင်ကျွတ်ပါလိမ့်မယ်။

    ဒါပေမယ့် ဆေးသွင်းပြီးချိန်မှာ ဆံပင်ပြန်ပေါက်လာမှာဖြစ်တာကြောင့် သိပ်ထိပ်လန့်စရာတော့မလိုပါဘူး။ ထိုထပ်ပေါက်လာမယ့် ဆံပင်ဟာ အချောအကြမ်းနဲ့ အရောင်ပင်ပြောင်းသွားနိုင်ချေတော့ရှိပါတယ်။ ပြင်းထန်သောအခြေအနေတွေမှာတော့ ဆံပင်ပြန်မပေါက်နိုင်တော့တာကြောင့် ကျင့်သားရဖို့ ဒါမှမဟုတ် ဆံပင်တုသုံးဖို့အားပေးကြည့်ပါ။ ဆံပင်ပြန်ပေါက်ဖို့ ခွဲစိတ်မှုခံယူလို့ရပေမယ့် ဒါဟာအရမ်းနာကျင်ပြီး အကုန်အကျလည်းများစေတဲ့အပြင် အမာရွတ်ကျန်ခြင်း၊ ရောဂါပိုးဝင်ခြင်းများလည်း ဖြစ်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement