backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ)


Dr. Kaung Thar မှ ရေးသားသည်။ · 08/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ) ကဘာလဲ။

Pityriasisrosea ဆိုတာ အဖြစ်များတဲ့ အပိန့်ထွက်တဲ့ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ၎င်းအဖုအပိန့်တွေဟာ အဝိုင်းပုံ သို့ ဘဲဥပုံတွေရှိကြပြီး အရွယ်အားဖြင့် ၂.၅ ကနေ ၅ စင်တီမီတာလောက်ထိရှိနိုင်ကြပါတယ်။၎င်းတို့ဟာ ရင်ဘတ်၊ ဝမ်းဗိုက် နှင့် ကျောကုန်းတို့မှာများသောအားဖြင့် ပေါက်တတ်ကြပါတယ်။ အရောင်ကတော့ ပုံမှန်အားဖြင့် အနှီ၊ ပန်းရောင်တွေရှိကြပြီး ပတ်ပတ်လည်မှာ အကြေးခွံလိုမျိုးရှိတတ်ကြပါတယ်။ ဒီအစက်လေးတွေဟာ ၂ ပတ်မှ ၈ ပတ်အတွင်း အမာရွတ်မကျန်ပဲ ပျောက်သွားလေ့ရှိသော်လည်း တခါတရံမှာ အကြာကြီး ရှိနေတတ်ပါတယ်။ ဒီရောဂါဟာ ကူးစက်ရောဂါတော့မဟုတ်ပါဘူး။

Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ အသက် ၁၀ နှစ်ကနေ ၃၅ နှစ်ထိ ဖြစ်နိုင်ပါတယ်။ ဖြစ်ပွားနိုင်ချေတွေကို လျှော့ချခြင်းဖြင့် ဒီရောဂါကို ကာကွယ်လို့ရပါတယ်။ သိရှိလိုသည်များကို ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးပါ။

လက္ခဏာများ

Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

လူနာတော်တော်များများမှာ ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ သို့သော်လည်း ဒီအဖုလေးတွေက နည်းနည်းတော့ ယားတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့ မောခြင်း၊ဖျားခြင်း၊ခေါင်းကိုက်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ဖြစ်ကြပါတယ်။ လူနာတော်တော်များများမှာတော့

အဖုတွေပေါက်လာတာနဲ့ ထိုလက္ခဏာတွေပျောက်သွားတတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ) ကိုဘာတွေကဖြစ်စေသလဲ

အဖုအပိန့်တွေက မိုးတွင်း သို့ နွေဦးပိုင်းမှာ ပေါ်လာတတ်ပါတယ်။ လက်တလောတွင် သိပ္ပံပညာရှင်တွေက ဒီအဖုပေါက်ခြင်းရဲ့ ဖြစ်ပွားမှုကို အဖြေရှာတုန်းရှိပါသေးတယ်။ ဒီရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် အထူးသဖြင့် ရေယုန်ဗိုင်းရပ်စ် ကြောင့်ဖြစ်ဖို့များကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ ရှိပါတယ်။ သို့သော်လည်း ဒီ ရေယုန်ဗိုင်းရပ်စ် အမျိုးအစားဟာ လိင်အင်္ဂါရေယုန် ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ် တော့မဟုတ်ပါဘူး။

ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများ

Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်ပွားစေတဲ့ အရာတွေလိုပဲ pityriasisrosea ကို ဖြစ်ပွားနိုင်ချေ မြင့်စေတဲ့အရာတွေကို ကောင်းစွာနားမလည်သေးပါဘူး။ သို့သော် ကလေးတွေမှာ လူကြီးတွေထက် ပိုဖြစ်နိုင်ချေများကြောင်း သိထားပါတယ်။ သိရှိလိုသည်များကို ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးသင့်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်မှာရှိတဲ့ ရောဂါလက္ခဏာတွေကို ကြည့်ပြီး ဆရာဝန်က ရောဂါကို အတည်ပြုပါလိမ့်မယ်။ ဆရာဝန်က သင့်မှာ တခြားရောဂါ (ဥပမာ ကာလသားာရောဂါ) မရှိကြောင်းသေချာအောင် သွေးစစ်ခြင်းလဲ ပြုလုပ်နိုင်ပါတယ်။ ထို့အပြင် အရေပြား အသားစ စစ်ခြင်းဖြင့်လဲ ရောဂါကို အတည်ပြုနိုင်ပါတယ်။

Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ) ကို ဘယ်လိုကုသပါသလဲ

တကယ်လို့ pityriasisrosea ရဲ့ အသေးအဖွဲ ရောဂါလက္ခဏာတစ်ခုခုရှိနေလျှင် ကုသရန်မလိုပဲ ၂ ပတ် ၃ ပတ်အကြာတွင် အလိုအလျောက် ပျောက်ကင်းသွားနိုင်ပါတယ်။ တကယ် ကုသမှုလိုအပ်တဲ့ကိစ္စတွေမှာ ဆရာဝန်က အယားသက်သာအောင် hydrocortisone cream ပေးခြင်း နှင့် တခြား အရေပြားလိမ်းဆေးတွေ ပေးပါလိမ့်မယ်။

ထို့အပြင် နေ့စဉ်တကိုယ်ရည် သန့်ရှင်းရေး၊ နူးညံ့စွာ ရေချိုးခြင်း၊ လံလောက်စွာနေလောင်ခံခြင်း(မနက်ခင်းပိုင်း) နှင့် တခြားအလင်းကုထုံးတွေနဲ့ အဖုအပိန့်တွေပျောက်အောင် ကူညီနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက တိုင်ရီရေးစစ် ရိုစီယာ (Pityriasisrosea ) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် pityriasisrosea ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ဆရာဝန်ညွှန်ကြားချက်များကိုလိုက်နာပါ။ ဆရာဝန်ဆုံးဖြတ်ချက်မပါပဲ မိမိသဘောနဲ့ မိမိ ဆေးဝယ်သောက်ခြင်း ဆေးဆက်မသောက်ခြင်းများ မပြုလုပ်ရပါ။

• ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်မှုရှိမရှိ နှင့် သင့်ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန် ရက်ချိန်းခေါ်ပြီး ပြန်လည်စမ်းသပ်မှုခံယူပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 08/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement