backup og meta

အရေပြားလေးဖက်နာခံစားနေရသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ


Aye Thi Mon မှ ရေးသားသည်။ · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားလေးဖက်နာခံစားနေရသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ

    အရေပြားလေးဖက်နာဆိုတာက နာတာရှည် ကိုယ်ခံအားစနစ်ကမောက်ကမဖြစ်တဲ့ရောဂါတစ်ခုပါ။ ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်ရဲ့ ကျန်းမာတဲ့ တစ်ရှုးတွေကို မှားယွင်းတိုက်ခိုက်တဲ့ အခြေအနေတစ်ခုပါ။ ဒီရောဂါက များသောအားဖြင့် အသက် ၁၅ နှစ်ကနေ ၄၄ နှစ်ကြားအရွယ်တွေမှာ ပိုမိုခံစားရနိုင်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာဖြစ်နိုင်ပေမယ့် အမျိုးသားတွေက အမျိုးသမီးတွေထက် အရေပြားလေးဖက်နာရောဂါကြောင့် သေဆုံးနိုင်ခြေက ပိုများပါတယ်။ အသက်ကြီးမှရောဂါခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။ ဒီရောဂါက ကာကွယ်လို့မရပါဘူး။

    ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ

    ရောဂါလက္ခဏာတွေအနေနဲ့ကတော့

  • ရောင်ရမ်းတာ
  • အဆစ်အမြစ်တွေရောင်တာ
  • အဆစ်တွေထိခိုက်ပျက်စီးတာ
  • အရေပြားထိခိုက်တာ
  • ကျောက်ကပ်ထိခိုက်တာ
  • သွေးနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရတာ
  • နှလုံးထိခိုက်တာ
  • အဆုတ်ထိခိုက်တာတွေခံစားရနိုင်ပါတယ်။
  • အရေပြားလေးဖက်နာခံစားနေရသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံဆိုတာ

    အရေပြားလေးဖက်နာဖြစ်နေပြီဆိုတိုင်းရောဂါကို လက်မြှောက်အရှုံးပေးဖို့မလိုပါဘူး။ အစားအသောက်အနေအထိုင်ကို သတိထားဆင်ခြင်မယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ အသက်ရှည်ရှည်နေနိုင်မှာပါ။ ကဲ ဒီတော့ ဘယ်လိုနေရမလဲဆိုတာကို သိချင်နေပြီလား။

    ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်ငွေ့တွေကရောဂါအခြေအနေကိုပိုဆိုးစေနိုင်ပါတယ်။ ဒါတင်မကပါဘူး။ဆေးလိပ်သောက်တာက နှလုံးရောဂါဖြစ်နိုင်ခြေကို များစေနိုင်သလို အရေပြားလေးဖက်နာရှိသူတွေမှာ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကိုပိုများသွားစေနိုင်ပါတယ်။ ဒါကြောင့် အရေပြားလေးဖက်နာခံစားနေရသူတွေအနေနဲ့ တဆင့်မသောက်သင့်သလို တဆင့်ခံဆေးလိပ်ငွေ့ကိုလည်းရှောင်သင့်ပါတယ်။

    နေရောင်ဒဏ်ကနေ ကာကွယ်ပါ

    အရေပြားရောဂါခံစားနေရငသူတွေအနေနဲ့နေရောင်ဒဏ်ကနေ အတတ်နိုင်ဆုံးကာကွယ်ဖို့လိုပါမယ်။နေရောင်နဲ့ကာလရှည်ကြာထိတွေ့မှုကအရေပြားပေါ်မှည အဖုအပိမ့်တွေဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် အပြင်ထွက်မယ်ဆိုရင် အရေပြားကို SPF 50 ဒါမှမဟုတ် ဒီထက်များတဲ့နေလောင်ကာခရင်မ်တွေကိုလူးသွားပေးပါ။ အင်္ကျီလက်ရှည်ဝတ်ဖို့ ဦးထုပ် ဒါမှမဟုတ် ထီးဆောင်းဖို့လည်း မမေ့ပါနဲ့။

    ဗီတာမင် Dဖြည့်စွက်ပါ

    နေရောင်ဒဏ်ကိုကာကွယ်နေရသူအဖို့ ကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုပြည့်ပြည့်ဝဝရဖို့ဆိုရင် ဗီတာမင် Dဖြည့်စွက်အာဟာရတွေကို မှီဝဲဖို့လိုအပ်မှာပါ။

    ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးပါ

    နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပရိုတင်း နဲ့ ဆယ်လ်မွန်ငါးလိုမျိုး ပင်လာငါးတွေကနေရရှိတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓါတ်တွေ သမမျှတစွာပါဝင်အောင်စားသုံးပေးပါ။ရေများများသောက်ပါ။ အငန်လျှော့စားပါ။

    ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

    နေ့စဉ်ပုံမှန် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုရှိတာက အဆစ်တွေကို ကျန်းမာစေနိုင်ပြီး အရိုးတွေကို သန်မာစေနိုင်သလို ခန္ဓါကိုယ်ရဲ့ ကြွက်သားနဲ့အရိုးတွေကို ကျန်းမာစေနိုင်မှာပါ။ ဒါကြောင့် လမ်းလျှောက်တာ၊ရေကူးတာမျိုးလုပ်ပေးပါ။လေ့ကျင့်ခန်းမလုပ်ခင် ဆရာဝန်နပြ တိုင်ပင်တာကတော့ အကောင်းဆုံးဖြစ်မှာပါနော်။

    စိတ်ဖိစီးမှုတွေနဲ့ ကင်းကင်းနေပါ

    ကင်းလို့မရနိုင်ပေမယ့် တတ်နိုင်သမျှလျှော့ချပေးပါ။ စိတ်ဖိစီးမှုများတာကရောဂါအခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ အရေပြားလေးဖက်နာတင်မကပါဘူး။ အခြာသောရောဂါအခြေအနေတွေကိုပါ ပိုဆိုးစေနိုင်တာပါ။ ဒါကြောင့်နေ့စဉ်တရားထိုင်တာလိုမျိုး စိတ်တည်ငြိမ်စေမယ့် လှုပ်ရှားမှုလေးတွေလုပ်ပြီး စိတ်ဖိစီးမှုဒဏ်ကနေ ကာကွယ်ပါ။

    ပြည့်ပြည့်ဝဝအနားယူပါ

    ခြေကုန်လက်ပမ်းကျတာက အရေပြားလေးဖက်နာရဲ့ အဖြစ်အများဆုံးလက္ခဏာတစ်ခုပါ။ မကြာခဏခံစားရနိုင်ပါတယ်။ အရေပြားလေးဖက်နာရှိသူတွေအတွက်ပြည့်ဝတဲ့အိပ်စက်ချိန်နဲ့ အနားယူမှုတွေက မဖြစ်မနေလိုအပ်တဲ့အချက်ပါ။

    ဒါတွေအပြင်ကို အရက်နဲ့အယ်လ်ကိုဟောပါတာတွေကိုရှောင်ရပါမယ်။နောက်ထပ်သတိထားရမယ့်အချက်တစ်ခုကသွေးတွင်းကိုလက်စထရောကိုလျှော့ချရပါမယ်။သွေးပေါင်ချိန်ကိုထိန်းညှိဖို့လည်းမမေ့ပါနဲ့။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement