brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဝက်ခြံကုသခြင်း

ဝက်ခြံတွေဟာမပျောက်ကင်းနိုင်ပါဘူး။ ဒါပေမဲ့ ကုသမှုနဲ့ ထိန်းချုပ်လို့တော့ရပါတယ်။

ဝက်ခြံကုသခြင်း

အရေပြားထိန်းသိမ်းမှု တွေပြုလုပ်တာ၊ သို့မဟုတ်၊ အဆီထုတ်လုပ်ခြင်းကိုကာကွယ်ပေးတဲ့ ကုသမှုတွေ၊ ဘက်တီးရီးယားတွေတိုးပွားလာခြင်းကိုကန့်သတ်ပေးနိုင်တဲ့ ကုသမှုတွေ၊ အရေပြားဆဲလ်တွေကိုဖယ်ရှားခြင်းနဲ့ ချွေးပေါက်တွေမပိတ်အောင်လုပ်ပေးခြင်းနည်းတွေကိုသုံးပြီး အစက်ပြောက်တွေ လျှော့ချဖို့ (သို့) ရှင်းလင်းသွားဖို့က ဝက်ခြံကုသခြင်း ရဲ့ ရည်ရွယ်ချက်ပါ။

အချို့သော ဝက်ခြံကုသခြင်းနည်းတွေဟာ ဆရာဝန်တွေရဲ့ညွှန်ကြားချက်အတိုင်းမဟုတ်တဲ့ ဆေးဆိုင်ကပေးတဲ့နည်းလမ်းတွေ ( OTC )ဖြစ်နေနိုင်ပြီးအချို့ကတော့ ဆရာဝန်တွေနဲ့ အရေပြားအထူးကုတွေရဲ့ညွှန်ကြားချက်အတိုင်းကုသတဲ့နည်းလမ်းတွေဖြစ်ပါတယ်။ Benzoyl Peroxide နဲ့ Salicylic acid တွေက ဝက်ခြံကုသခြင်းရဲ့ အသုံးအများဆုံးနည်းလမ်းတွေထဲမှာ ပါဝင်ပါတယ်။

Benzoyl Peroxide နဲ့ Salicylic acid နှစ်မျိုးလုံးဟာ ဝက်ခြံကိုအကောင်းဆုံးတိုက်ဖျက်ပေးနိုင်တဲ့ အရာတွေဖြစ်ပြီးဈေးကွက်ထဲမှာတော့ သက်ရောက်မှုအရှိဆုံးကုသမှုအဖြစ်ရပ်တည်နေပါတယ်။ ဝက်ခြံကုသပေးတဲ့ ဆေးဆိုင်အများစုမှာ ဒီ၂မျိုးထဲက တစ်မျိုးမဟုတ် တစ်မျိုးရှိကိုရှိပါတယ်။

ဒါပေမဲ့ သင်ဖြစ်နေတဲ့ ဝက်ခြံကိုဘယ်တစ်မျိုးကပျောက်ကင်းစေနိုင်တာလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြောဖို့တော့ မဖြစ်နိုင်ပါဘူး။ တကယ်လို့သင်သုံးလိုက်တဲ့ တစ်မျိုးကမှားနေတယ်ဆိုရင်တော့ သင့်အခြေအနေကိုတကယ်ကိုပိုဆိုးသွားစေမှာပါ။

Benzoyl peroxide

ဝက်ခြံအပျော့စားတွေအတွက် သင့်ဆရာဝန်က ညွှန်းလိုက်ရင် (သို့) ဆရာဝန်ညွှန်ကြားချက်မပါတဲ့ benzoyl peroxide ပါဝင်တဲ့ ဆေးကိုသင်စမ်းသုံးကြည့်နိုင်ပါတယ်။ ဒီ compound ဟာ ဝက်ခြံနဲ့ဆိုင်တဲ့ ဘက်တီးရီးယားတွေကိုသတ်ပစ်ခြင်းနဲ့ ဆဲလ်သေတွေကိုချွေးပေါက်တွေမှာမပိတ်ဆို့အောင် ကာကွယ်ပေးခြင်းအားဖြင့် အလုပ်လုပ်တယ်လို့ ယုံကြည်ကြပါတယ်။

အကျိုးသက်ရောက်မှုဖြစ်ဖို့အတွက်ကတော့ အချိန် ၄ပတ်လောက်ယူရတတ်ပါတယ်။ ပြီးတော့ ဝက်ခြံတွေပျောက်သွားသည့်တိုင်အောင် ထပ်ထွက်လာမဲ့ ဝက်ခြံတွေမရပ်မချင်းသင်ကဒီဆေးကိုဆက်ပြိးသုံးစွဲဖို့လိုပါတယ်။

ဒီဆေးကို ခရင်မ်၊ လိုးရှင်း၊ ဆေးရည် နဲ့ဂျယ်လ် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ Benzoyl peroxide ဟာအသားခြောက်ခြင်းနဲ့ အဝတ်အထည်တွေအရောင်ကျွတ်ခြင်းတွေဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် သုံးတဲ့အခါ သတိထားသုံးပါ။ သင့်နောက်ကျောနဲ့ ရင်ဘတ်တွေကိုညဘက်ဆေးလိမ်းတဲ့အခါမှာ တီရှပ်အဟောင်းတွေဝတ်ပြီးအိပ်ပါ။ တကယ်လို့ သင့်မျက်နှာမှာသုံးတယ်ဆိုရင်တော့ အိပ်ရာခင်းအဟောင်း (သို့) အဖြူကိုသုံးပါ။

Salicylic acid

Salicylic acid ဟာအရေပြားပေါ်မှာဆဲလ်တွေပုံမမှန်ဘဲပျက်စီးတာကို ပြန်လည်ပြင်ဆင်ပေးပါတယ်။ ပိုပြီးပျော့တဲ့ ဝက်ခြံတွေအတွက် salicylic acid ကိုတစ်ခါတလေမှာချွေးပေါက်တွေမပိတ်အောင်နဲ့ အတွင်းပိုင်းဒဏ်ရာမဖြစ်အောင်ကာကွယ်ဖို့အတွက်အသုံးပြုပါတယ်။

အဆီထုတ်လုပ်ခြင်းအပေါ်အကျိုးသက်ရောက်မှုမရှိသလိုဘက်တီးရီးယားတွေကိုလည်းမသတ်ပေးပါဘူး။ သင်အသုံးပြုတာရပ်လိုက်တာနဲ့ အကျိုးသက်ရောက်မှုကလည်းရပ်သွားမှာဖြစ်တဲ့အတွက် သူ့ကိုလည်း benzoyl peroxide လိုပဲဆက်တိုက်အသုံးပြုပေးရမှာပါ။ Salicylic acid ကို ဝက်ခြံပျောက်ဆေး လိုးရှင်း နဲ့ ခရင်မ် အတော်များများမှာတွေ့ရနိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။