backup og meta

အရွယ်ရောက်ပြီးသူများတွင် ဖြစ်သော ဝက်ခြံအမာရွတ်များပျောက်ကင်းစေရန် ထိရောက်သောနည်းလမ်းများ


Dr. K Zin Thwe မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရွယ်ရောက်ပြီးသူများတွင် ဖြစ်သော ဝက်ခြံအမာရွတ်များပျောက်ကင်းစေရန် ထိရောက်သောနည်းလမ်းများ

    အလယ်လတ်နှင့် ပြင်းထန်အဆင့်ရှိ ဝက်ခြံများသည် အမာရွတ်များထင်ကျန်ခဲ့တတ်ကြသည်။ ဠင်းတို့ကို ဝက်ခြံချိုင့်ခွက်များဟုခေါ်သည်။ ဝက်ခြံပေါက်သောနေရာမှအရေပြား ပျက်စီးသွားခြင်းကြောင့် ထိုချိုင့်ခွက်များဖြစ်ပေါ်လာရခြင်းဖြစ်သည်။

    ၎င်းတို့သည် အမြင်ဆိုးသော်လည်း ကုသ၍ရနိုင်ကြောင်း အမေရိကန်နိုင်ငံမှ အရေပြားဆရာဝန်များကဆိုထားသည်။ လုံခြုံစိတ်ချရပြီး အာနိသင်ထိရောက်သော ကုသမှုများစွာရှိပါသည်။ အရေပြားတွင်းထဲသို့ချိုင့်ဝင်နေသော ဝက်ခြံအမာရွတ်များမှလွဲ၍ အခြားဖုထစ်နေသောအမာရွတ်များကို ဆိုးကျိုးမရှိဘဲဖယ်ရှားနိုင်ပါသည်။

    လူတဦးနှင့် တဦးကုသမှုပုံစံခြင်းမတူညီပါ။ အမျိုးမျိုးသော နည်းလမ်းများဖြင့် အရွယ်ရောက်ပြီးသောလူများ၏ ဝက်ခြံအမာရွတ်များကို ကုသနိုင်ပါသည်။

    အရေပြားဆရာဝန်များမှ ထောက်ခံထားသော ကုသမှုများ

    လုံခြုံစိတ်ချရပြီး အာနိသင်ထိရောက်သော ကုသမှုများရရှိရန် ဆရာဝန်နှင့် ပထမဦးစွာတိုင်ပင်သင့်ပါသည်။ ထိုအခါ ဆရာဝန်က သင့် အရေပြားနှင့် အမာရွတ်ပုံစံကိုသေချာစွာ သ်ရှိနိုင်ပေလိမ့်မည်။ သင့်ကိုဝက်ခြံပြသနာနှင့် ပက်သက်၍ခံစားရပုံနှင့် ဖြစ်စဉ်အချို့ကိုမေးမြန်းနိုင်သည်။

    ဆရာဝန်နှင့် သွားမပြမီ သင်သည် ဘာကြောင့်ဝက်ခြံကိုကုဖို့လိုအပ်တယ်ထင်လဲ။ ဝက်ခြံကုပြီးရင် သင့်အသားအရေကို ဘယ်အတိုင်းအတာအထိကောင်းဖို့မျှော်လင့်ထားသလဲ။ သင်သည် ကုသမှုနှင့် ပက်သက်ပြီး ပိုက်ဆံဘယ်လောက်အသုံးပြုမလဲ။ စသဖြင့် ကြိုစဉ်းစားထားပါ။

    အထက်ပါ အချက်များအပေါ်မူတည်ပြီး သင့်အရေပြားဆရာဝန်က သင်နှင့် အသင့်တော်ဆုံးဖြစ်မည့်ကုသမှုမျိုးကို ရွေးချယ်ပေးလိမ့်မည်။ ကုသမှုသည် အမာရွတ်ပုံစံနှင့် အမာရွတ်ဖြစ်သော နေရာပေါ်တွင်မူတည်ပြီး ကွာခြားမှုရှိသည်။

    အရေပြားတွင်းထဲသို့ချိုင့်ဝင်နေသော ဝက်ခြံအမာရွတ်နှင့် ဖုထစ်နေသောအမာရွတ်ဟူ၍ ၂မျိုးရှိသည်။ အရေပြားတွင်းထဲသို့ချိုင့်ဝင်နေသော ဝက်ခြံအမာရွတ်ရှိသော သူများတွင် ခွဲစတ်ကုသခြင်း၊ အရေပြားအသစ်ပြန်လည်မွေးဖွားခြင်း၊ အရေပြားပြည့်ဆေး ကျစ်ဆေးများသုံးခြင်း၊ ကော်လဂှင်ဓါတ်များပြန်ဖြည့်ပေးခြင်းနှင့် လျှပ်စစ်လှိုင်းများဖြင့် အရေပြားကိုပြုပြင်ခြင်း စသည့် နည်းလမ်းများအနက် ၂မျိုးနှင့်အထက်ကိုသုံး၍ကုသရသည်။

    ဖုထစ်နေသောအမာရွတ်များကိုမူ အထက်ပါနည်းလမ်းများနှင့်မဟုတ်ဘဲ ထိုအမာရွတ်တွင်းသို့ ထိုးဆေးများတိုက်ရိုက်ထိုးသွင်းခြင်းဖြင့် အရေပြားဆရာဝန်များက ကုသကြသည်။ တခါတရံတွင် Corticosteroids , 5FU < interferon ၊ ဓါတ်ရောင်ခြည် စသည်တို့နှင့်တွဲ၍ခွဲစိတ်မှုများကိုလည်းပြုလုပ်ကြသည်။

    အဆိုပါကုသမှုများသည် အမာရွတ်ပြန်ဖြစ်ခြင်းမှလည်းကာကွယ်ပေးသည်။ ဆရာဝန်အညွှန်းမပါဘဲ ဝယ်သုံးနိုင်သော အခြား အမာရွတ်ပျောက် ခရင်မ် များလည်းရှိပါသည်။ ၎င်းတို့ကလည်း သင့် အမာရွတ်များကို ကျုံ့သွားစေခြင်း၊ ချပ်သွားစေခြင်း ၊ အရောင်ဖျော့သွားစေခြင်း စသည်ဖြင့် ကူညီပေးလိမ့်မည်။

    အချို့သော အိမ်တွင်းကုထုံးများသည် သေးငယ်သောအမာရွတ်များနှင့် ဝက်ခြံကို ကုပ်ဖဲ့ခြင်း၊ ညှစ်ခြင်းကြောင့်ပိုးဝင်သွားခြင်းတို့ကို ပိုသက်သာစေလိမ့်မည်။

    အသုံးများသော အိမ်သုံးကုထုံးများမှာ စန္ဒကူးသား၊ ရေခဲ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်ဥ၊ နနွင်း ရှားစောင်း၊ ပန်းသီး၊ ဗီနီကာ၊ သံပုရာရည် ၊ပျားရည်၊ ရေ ၊ လာဗင်ဒါပန်းအဆီ၊ ပဲနံ့သာပင် နှင့် အခြားသော အသီးအရွက်များတို့ဖြစ်သည်။

    အချုပ်ဆိုရသော် သင်သည် သင့်ဝက်ခြံအမာရွတ်များအတွက် အဖြေရှာမရဖြစ်နေလျှင် မည်သည့်နည်းလမ်းများနှင့်မျှ မကုသသေးခင် အရေပြားဆရာဝန်နှင့် အရင်ဦးဆုံးတိုင်ပင်ပါ။ ဖော်ပြပါ အိမ်တွင်းကုထုံးများအပြင် အာဟာရပြည့်ဝအောင်စားသုံးခြင်းကလည်း သင့်ဝက်ခြံအနာကို လျှင်မြန်စွာကျက်စေရန်ကူညီပေးလိမ့်မည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement