အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်

လက်သည်းနီ ဆိုးပြီးရင် အ‌ရောင်မညီတော့လို့၊ အရောင်မကြိုက်တော့လို့ လက်သည်းဖျက်ဆေး နဲ့ ဖျက်ပြီး အသစ်ပြန်ဆိုးကြတယ်ဟုတ်။ အဲ့ဒီအခါ လက်သည်းဖျက်ဆေး သုံးပြီးရင် လက်သည်းတွေက ခြောက်သွားသလိုလို၊ ကြွပ်သွားသလိုလို ခံစားရတယ်ဟုတ်။ လက်သည်းဖျက်ဆေး အနံ့ကလည်း တစ်မျိုးလေးဆိုတော့ ဒါက သုံးလို့ကောင်းပါ့မလား။ ရေရှည်မှာ ဘာဖြစ်နိုင်လဲဆိုပြီး တွေးမိကြရဲ့လား။ လက်သည်းဖျက်ဆေးထဲမှာ ဘာတွေပါတာလဲ။ လက်သည်းဖျက်ဆေးထဲမှာ ပါတဲ့ ဓာတုပစ္စည်းကို Acetoneလို့ ခေါ်ပါတယ်။ လက်သည်းဖျက်ဆေးရဲ့ ခပ်အေးအေးအနံ့ကလည်း အဲ့ဒီ acetone ကြောင့်ပဲ ဖြစ်တာပါ။ Acetone ဆိုတာက ခန္ဓာကိုယ်ထဲမှာလည်း ရှိပါတယ်။ ကီတုန်းဓာတုပစ္စည်းတစ်မျိုးပါ။ လက်သည်းဖျက်ဆေးမှာ ပါတာကတော့ လူလုပ် ဓာတုပစ္စည်းပေါ့။ လက်သည်းဖျက်ဆေး မှာ ပါတဲ့ acetoneက အန္တရာယ်ရှိသလား။ Acetoneက ကင်ဆာဖြစ်စေနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း FDAက ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အဆိပ်သင့်နိုင်ခြေလည်း နည်းပါတယ်။ ရံဖန်ရံခါပဲ အသုံးပြုတာက […]

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အသားအရေ ကျန်းမာစေဖို့ အာလူးကို ဘယ်လို သုံးလို့ ရမလဲ!

အာလူးဆိုတာက ကြော်စား၊ ချက်စား၊ ပြုတ်ပြီး ထောင်းစားတာအပြင် ကင်စားတာ၊ ကတ်တလိတ်လုပ် စားတာတွေလိုမျိုး အမျိုးမျိုး လုပ်စားကြပါတယ်။ တကယ်ကတော့ အာလုးက ဒီလို အရသာရှိတယ်ဆိုတဲ့ ဟင်းလျာတွေထက် ပိုပြီး အသုံးဝင်ပါတယ်။ ဒါက ဘာကို ပြောချင်တာလဲ ဆိုတော့ အာလူးက အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးတယ်ဆိုတာပါ။ ဒါကြောင့် အခုတစ်ခေါက်တော့ အသားအရေ ကျန်းမာစေဖို့ အာလူးကို ဘယ်လို သုံးလို့ ရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ အာလူးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ! အသားအရေ ကျန်းမာစေဖို့ အာလူးကို စားပေးလို့ ရသလို အရေပြားပေါ်မှာလည်း တိုက်ရိုက် အသုံးပြုပေးလို့ ရသေးပါတယ်။ နောက်ပြီး အာလူးမှာ အသားအရေကို ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပါတယ်။  ဘယ်လို အာဟာရဓာတ်တွေလည်း […]


ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]


အသားအရေ ထိန်းသိမ်းခြင်း

Double Cleansing အကြောင်း တစေ့တစောင်း

အရေပြားကို သန့်စင်ထိန်းသိမ်းတာက အသားအရေ ထိန်းသိမ်းမှုရဲ့ အခြေခံ အကျဆုံး အဆင့် တစ်ခုပါ။ ဒီလို အသားအရေ ထိန်းသိမ်းရာမှာ အရေးပါတဲ့ သန့်စင်ထိန်းသိမ်းမှု အတွက် အရေးပါတဲ့ အဆင့် တစ်ခု ရှိပါတယ်။ ဒါကတော့ Double Cleansing ပါ။ ဒီစကားလုံးကို ကြားဖူးကောင်း ကြားဖူးနိုင်ပေမယ့် သေသေချာချာ သိသူကတော့ ခပ်ရှားရှားပါ။ အခုတစ်ခေါက်တော့ Double Cleansing အကြောင်း တစေ့တစောင်း ကို ပြောပြပေးချင်ပါတယ်။  Double Cleansing ဆိုတာ ဘာလဲ! Double Cleansing ဆိုတာက အသားအရေပေါ်က အစိုဓာတ် ထိန်းပေးတဲ့အလွှာကို မထိခိုက်စေဘဲ အသားအရေမှာ အညစ်အကြေးတွေ ကင်းစင်စေဖို့ ထောက်ကူပေးတဲ့ သန့်စင်နည်းပါ။ ဒီသန့်စင်နည်းမှာ အသားအရေ ထိန်းသိမ်းသန့်စင်ပေးတဲ့ ပစ္စည်း ၂ မျိုးကို […]


အသားအရေ ထိန်းသိမ်းခြင်း

ဂေါ်ဖီထုပ်ကပေးတဲ့ အသားအရေ လှပမှု

ဂေါ်ဖီထုပ်က အသုပ်ထဲ ထည့်ထည့် သူ့ချည်းပဲ ကြော်စားစား အရွက်ကြော်ထဲပဲ ထည့်ထည့် အမျိုးမျိုး သုံးဆောင်လေ့ ရှိတဲ့ ဂေါ်ဖီက စားကောင်းသလို အသားအရေကို လှပစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒီတစ်ခေါက်တော့ ဂေါ်ဖီထုပ်ကပေးတဲ့ အသားအရ လှပမှု အကြောင်းကို ပြောပြပေးမှာ ဖြစ်လို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက် တော့နော်။ ဂေါ်ဖီထုပ်မှာ ဘာတွေပါသလဲ! ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတွေအပြင် ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် B6 တို့ ပါဝင်သလို ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖောလိတ်တို့ ပါဝင်နေပါတယ်။ https://hellosayarwon.com/healthy-eating/nutrition-facts/cabbage-benefits/ ဂေါ်ဖီထုပ်ကပေးတဲ့ အသားအရေ လှပမှု ဂေါ်ဖီထုပ်ကပေးတဲ့ အသားအရေ လှပမှု တွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ […]


အသားအရေ ထိန်းသိမ်းခြင်း

Niacinamide က အသားအရေအတွက် ဘာကောင်းတာလဲ!

ခုတလော Tik Tok မှာရော အသားအရေ ထိန်းသိမ်းမှု ဆိုင်ရာ ဗီဒီယိုတွေနဲ့ အသားအရေ ထိန်းသိမ်းမှု လုပ်ဆောင်နေကြသူတွေကြားမှာ တစတစ နာမည်ကြီးလာနေတာက  niacinamide serum ပါ။  Niacinamide ကို serum အနေနဲ့ တွေ့ရနိုင်သလို မျက်နှာသစ်ဆေး၊ အစိုဓာတ်ထိန်း ခရင်မ်တွေအနေနဲ့လည်း တွေ့ရနိုင်ပါတယ်။  ဒီလိုမျိုး ရေပန်းစားလာတဲ့ Niacinamide က အသားအရေအတွက် ဘာကောင်းတာလဲ! ဆိုတာကို ဆောင်းပါးလေးထဲကနေ ပြောပြပေးချင်ပါတယ်။   Niacinamide ဆိုတာ ဘာလဲ! Niacinamide ဆိုတာက ဗီတာမင် B3 တစ်မျိုးပါ။ ဗီတာမင် B အုပ်စုဝင် ၈ မျိုးထဲက ၁ မျိုးပါ။ ကျန်းမာရေးအတွက် အမျိုးစုံ အထောက်အကူ ပြုပေးနေတဲ့ ဗီတာမင် B တစ်မျိုးဖြစ်ပါတယ်။   https://hellosayarwon.com/skin-health/skin-care-cleansing/tips-for-improving-uneven-skin-texture/   Niacinamide က […]


အသားအရေ ထိန်းသိမ်းခြင်း

Skin care တွေ သုံးနေပေမယ့် ဘာကြောင့် ထူးခြားမလာရတာလဲ

အသားအရေ လှပတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်တဲ့ အရာ တစ်ခုပါ။ ဒီလို အသားအရေ လှပစေဖို့အတွက် အခုနောက်ပိုင်းမှာ အမျိုးသားတွေရော အမျိုးသမီးတွေရော အသက်အရွယ်တိုင်းပါ အသားအရေကို ထိန်းသိမ်းလာကြပါတယ်။ ဒီလို အသားအရေ ထိန်းသိမ်းတဲ့အခါ skin care အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဒါပေမယ့် အရမ်းကောင်းတယ်ဆိုတဲ့ skin care တွေကို သုံးပေမယ့်လည်း အခြားသူတွေလိုမျိုး သိသိသာသာ ရလဒ် မရလို့ Skin care တွေ သုံးနေပေမယ့် ဘာကြောင့် ထူးခြားမလာရတာလဲ ဆိုပြီး တွေးနေမိသူလေးတွေ ရှိလား! ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။  Skin care တွေ သုံးနေပေမယ့် ဘာကြောင့် ထူးခြားမလာရတာလဲ Skin care တွေက ကိုယ်နဲ့ကျမှ ဘာလို့ effective […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေအတွက် အက်ဆစ် အမျိုးအစားများ

အက်ဆစ်ဆိုတာကို တော်တော်များများက အလှအပနဲ့ တွဲသိထားတာက ရှားမယ်ထင်ပါတယ်။ အက်ဆစ်တွေက အမျိုးအစားတွေ အမျိုးမျိုး ရှိသလို အသားအရေ ပြဿနာ အမျိုးမျိုးအတွက် အသုံးပြုပေးလို့ ရပါတယ်။ ကဲ ….. ဒီတစ်ခေါက်တော့ အသားအရေအတွက် အက်ဆစ် အမျိုးအစားများ အကြောင်း ပြောပြပေးသွားချင်ပါတယ်။  မျက်နှာမှာ ဝက်ခြံတွေ ဖြစ်နေတာ၊ နီမြန်းတာ၊ အရေးအကြောင်း ဖြစ်တာမျိုးတွေ၊ အစက်အပြောက်ဖြစ်တာတွေ သက်သာစေဖို့အတွက် အရေပြားမှာ အသုံးပြုလို့ ရတဲ့ အက်ဆစ် အမျိုးအစားလေးတွေကို သုံးပြီး ဖြေရှင်းလို့ ရပါတယ်။ အရေပြားပြဿနာနဲ့ သင့်တော်မယ့် အက်ဆစ်ကို အသုံးပြုပေးတာက အသားအရေကို ကျန်းမာစေမယ့် ဖြေရှင်းနည်း တစ်ရပ်ပါ။ အသားအရေအတွက် အက်ဆစ် အမျိုးအစားများ အသားအရေနဲ့ လိုက်ဖက်မယ့် အက်ဆစ် အမျိုးအစားကို ရွေးချယ်ပေးတာက အသားအရေကို ထိထိရောက်ရောက် အားဖြည့် ထိန်းသိမ်းပေးရာ […]


အသားအရေ ထိန်းသိမ်းခြင်း

မညီမညာ အသားအရေ ပြဿနာ ဒီလို ဖြေရှင်းပါ

အသားအရေက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ အများကြီး သက်ရောက်မှု ရှိနေပါတယ်။ ဝက်ခြံ ထွက်တာ၊ အဆီပြန်တာ၊ အသားခြောက်တာ၊ ထိခိုက်လွယ်တာ စသဖြင့် အမျိုးမျိုးသော အသားအရေ ပြဿနာတွေ ရှိနေပါတယ်။ ဒီလီု အသားအရေ ပြဿနာတွေထဲမှာ နောက်ထပ် အသားအရေ ပြဿနာ တစ်ခုလည်း ရှိနေပါသေးတယ်။ ဒါကတော့ အသားအရေ မညီညာတဲ့ ပြဿနာပါ။ ဒါကြောင့် အခုတစ်ခေါက်တော့ မညီမညာ အသားအရေ ပြဿနာ ဖြေရှင်းနည်းလေးကို မျှဝေပေးချင်ပါတယ်။ မညီမညာ အသားအရေ ပြဿနာ ဆိုတာ  မညီမညာ အသားအရေ ပြဿနာ ဆိုတာ အရေပြား အခြေအနေ တစ်ရပ်ပါ။ အသားအရေက ညီညာချောမွေ့မနေတာမျိုးပါ။ အသားအရေကို လက်နဲ့ စမ်းကြည့်တဲ့အခါ အဖုအပိမ့်လေးတွေ ရှိနေတာမျိုး ရှိနိုင်သလို ချွေးပေါက်ကျယ်တာ၊ ကြက်သီးထသလို မွေးညှင်းပေါက်လေးတွေက […]


အသားအရေ ထိန်းသိမ်းခြင်း

Retinol ကပေးတဲ့ အသားအရေ ကောင်းကျိုးများ

Retinol ဆိုတာက အသားအရေကို ကျန်းမာစေပြီး လှပမှုကို ပေးစွမ်းနိုင်တဲ့ အရာလေး တစ်ခုပါ။ မျက်နှာသစ်ဆေးတွေ၊ serum တွေနဲ့ အချို့ အချို့သော အသားအရေထိန်းပစ္စည်းတွေမှာ တွေ့ရနိုင်ပါတယ်။ ဒီလိုမျိုး အသားအရေ ထိန်းသိမ်းမှုမှာ အသုံးပြုလေ့ ရှိတဲ့ Retinol က ဘယ်လိုမျိုး အသားအရေ ကောင်းကျိုးများ ပေးစွမ်းသလဲ ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။  Retinol ဆိုတာ ဘာလဲ! Retinol ဆိုတာက retinoid မိသားစုဝင် တစ်ဦးပေါ့။ Retinoids  ဆိုတာကတော့ ကိုယ်တွေနဲ့ ရင်းနှီးပြီးသား ဗီတာမင် A ကနေ ဆင်းသက်လာတဲ့ ဒြပ်ပေါင်း တစ်မျိုးပါ။ အမျိုးမျိုးသော ပုံစံတွေနဲ့ ရနိုင်ပါတယ်။ အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်မျိုး ဖြစ်ပြီး မုန်လာဥနီ၊ ဥအမျိုးမျိုး နဲ့ […]


ဝက်ခြံ

သိထားဖို့လိုမယ့် ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

ဝက်ခြံတွေက တစ်မျိုးမက အဖြူဆံလေးတွေ ထွက်တဲ့ဝက်ခြံ၊ ဆားဝက်ခြံနဲ့ အမျိုးမျိုးသော ဝက်ခြံတွေ ဖိစီးနေပြီလား! ဒီလို ဝက်ခြံတွေက တစ်မျိုးမက ထွက်နေတာအပြင် ဝက်ခြံတွေက တစ်လုံးပြီး တစ်လုံး အဆက်မပြတ် ထွက်ပြီး ဝက်ခြံတွေ Breakout ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ဒီလို ပြောရတာက ဒီဆောင်းပါးထဲမှာ သိထားဖို့လိုမယ့် ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ အကြောင်း ပြောပြပေးသွားမှာမို့ပါ။  ဝက်ခြံ breakout ဖြစ်တယ်ဆိုတာ  ဝက်ခြံ breakoutဖြစ်တယ်ဆိုတာက ရုတ်တရက်ကြီး အစုလိုက် ထွက်လာတာ၊ အဆက်မပြတ်ထွက်လာတာမျိုးပါ။ မျက်နှာမှာသာမက အဆီဂလင်းရှိတဲ့ ရင်ဘတ်တွေ၊ ကျောတွေမှာပါ ထွက်လာတတ်ပါတယ်။ https://hellosayarwon.com/skin-health/acne-skin-health/daily-habits-that-worse-blackheads/ သိထားဖို့လိုမယ့် ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ သိထားဖို့လိုမယ့် ဝက်ခြံ breakout ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ က […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)