backup og meta

ဝက်ခြံပေါက်ခြင်းနှင့် စိတ်ဖိစီးမှု ဘယ်လို ဆက်စပ်နေသလဲ


Dr. Su Sandy မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံပေါက်ခြင်းနှင့် စိတ်ဖိစီးမှု ဘယ်လို ဆက်စပ်နေသလဲ

    ကျွန်ုပ်တို့အများစုသည် ကိုယ်တွေးထားသည်ထက်ပို၍ စိတ်ဖိစီးမှုများသောဘဝများတွင် နေထိုင်နေကြရပါသည်။ အလုပ်တွင်သာမက မိသားစုတွင်ပါ အလုပ်များသောသူများသည် ဖိအားများသော ဘဝတွင်နေထိုင်ကြရသည်။ လေ့လာမှုအများစုတွင် စိတ်ဖိစီးမှုနှင့် နေမကောင်းဖြစ်ခြင်းတို့ ဆက်စပ်မှုရှိကြောင်း ဖော်ပြကြသည်။ စိတ်ဖိစီးမှုကို ဖြေဖျောက်ရန် ကျွန်ုပ်တို့သုံးကြသော နည်းလမ်းများသည်လည်း မကောင်းသောကျန်းမာရေးရလဒ်များဖြစ်လာစေသည်။ ထိုအခြေအနေများတွင် ဝက်ခြံပေါက်ခြင်းသည်လည်း ကျွန်ုပ်တို့ကို စိတ်ဖိစီးမှုများစေသော အကြောင်းရင်းတစ်ရပ်ဖြစ်လာပြန်သည်။ သို့သော် စိတ်ဖိစီးမှုသည် ဝက်ခြံပေါက်ခြင်းကို ဖြစ်စေသလား ဟူသောမေးခွန်းကို မူ မဟုတ်ပါ ဟုဖြေရပေမည်။

    စိတ်ဖိစီးမှုသည် အဘယ်နည်း။

    • ကျွန်ုပ်တို့သည် စိုးရိမ်ပူပန်ရသော အခြေအနေတော်တော်များများ နှင့် ထိုအခြေအနေများအတွက် ကျွန်ုပ်တို့၏ တုံ့ပြန်မှုများကို ဖုံးကွယ်ရန် စိတ်ဖိစီးမှု ဆိုသော စကားလုံးကို သုံးကြသည်။ အကြမ်းမျဉ်းအားဖြင့် စိတ်ပိုင်းဆိုင်ရာဖိအားပေးမှုများကို ဆိုလိုခြင်းဖြစ်ပါသည်။
    • စိတ်ဖိစီးမှုသည် လူတစ်ယောက်နှင့်တစ်ယောက်ကြားကွာခြားနိုင်ပါသည်။ ဥပမာ လမ်းပေါ်တွင်သွားလာနေချိန်တွင် လူတစ်ယောက်သည် ကားမောင်းရခြင်းကို သက်တောင့်သက်သာဖြစ်ပြီး ကားရေဒီယိုကို နားထောင်နေသော်လည်း အခြားတစ်ယောက်အတွက် ကားပိတ်ခြင်းအတွက် တစ်ချိန်လုံး စိတ်ရှုပ်နေနိုင်ပါသည်။
    • ချစ်ခင်ရသောတစ်စုံတစ်ယောက်သေဆုံးရခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ နှင့် အခြားသော ငွေကြေးဆိုင်ရာပြသနာများသည် များသောအားဖြင့် အမေရိကန်နိုင်ငံတွင် စိတ်ဖိစီးမှုဖြစ်ရခြင်း၏ အကြောင်းရင်းများဖြစ်သည်။ ကျွန်ုပ်တို့ ပျော်စရာကိစ္စများအဖြစ်သတ်မှတ်ထားသော ကလေးမွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း တို့သည်လည်း စိတ်ဖိစီးမှု၏ အကြောင်းရင်းများဖြစ်နေနိုင်ပါသည်။

    စိတ်ဖိစီးမှုသည် ခန္ဓါကိုယ် ကိုမည်သို့ထိခိုက်နိုင်ပါလဲ။

    • သင်စိတ်ဖိစီးသောအခါ သင်၏နှလုံးခုန်နှုန်း မြန်လာသည်။ သင့်ကြွက်သားများတင်းလာသည်၊ သင့်အသက်ရှူနှုန်းများမြန်လာသည်။ အဘယ်ကြောင့်ဆိုသော် သင်၏ ခန္ဓါကိုယ်သည် cortisol, epinephrineနှင့် adrenaline ကဲ့သို့သော ဟော်မုန်းများထုတ်နေသောကြောင့်ဖြစ်သည်။

    အချိန်တိုအတွင်းစိတ်ဖိစီးမှု

    • စိတ်ဖိစီးမှုတွင် အချိန်တိုနှင့် ရေရှည် အကျိုးသက်ရောက်မှုများရှိနိုင်သည်။ အချိန်တိုအတွင်းတွင် အသက်ရှူမြန်ခြင်းကြောင့် ရင်ကြပ်ရောဂါရှိသောသူများသည် ရင်ကြပ်ခြင်းကို ခံစားရနိုင်သည်။ နှလုံးခုန်မြန်ခြင်းကြောင့် heart attack ဖြစ်နိုင်သည်။ သို့သော် heart attack နှင့်တူသော ကြောက်စိတ်လွန်ကဲခြင်းကဲ့သို့သော အခြေအနေကို ပိုဖြစ်နိုင်ပါသည်။ သင့် အစာအိမ်ကိုလည်း ထိခိုက်စေနိုင်သောကြောင့် ဝမ်းပျက်ခြင်းကဲ့သို့သော အခြေအနေကို ကြုံနိုင်ပါသည်။

    ရေရှည် စိတ်ဖိစီးမှု

    • ရေရှည်စိတ်ဖိစီးမှုသည် သင်၏ ခန္ဓါကိုယ်တွင် အမြဲတမ်းထိခိုက်မှုများရှိနိုင်သည်။ နှလုံးသွေးကြောစနစ်၊ ဟော်မုန်းထုတ်သောစနစ်၊ နှင့် အစာခြေစနစ်များတွင် စိတ်ဖိစီးမှုမကြာခဏရခြင်းကြောင့် ထိခိုက်မှုများရှိနိုင်ပါသည်။ Crohn’s disease and multiple sclerosis ကဲ့သို့သော ရောဂါများတွင် စိတ်ဖိစီးမှုကြောင့် ပိုဆိုးသွားနိုင်ပါသည်။ ဝက်ခြံထွက်ခြင်း ပိုမိုဆိုးရွားလာမှု ရှိ မရှိသည် လူတစ်ဦးချင်းပေါ်တွင်သာ မူတည်ပါသည်။
    • စိတ်ဖိစီးမှုသည် အရေပြားပေါ်တွင်လည်း အချို့သော သက်ရောက်မှုများရှိနိုင်ပါသည်။ ဥပမာအားဖြင့် အချို့လူများသည် စိတ်ဖိစီးမှုများသည့် အခါ မျက်နှာတွင် ဝက်ခြံဖုများ အများကြီးထွက်တတ်ပါသည်။ စိတ်ဖိစီးမှုသည် psoriasis ကဲ့သို့သော အရေပြားရောဂါများကိုလည်း ပိုဆိုးစေပါသည်။ သို့သော် ဝက်ခြံထွက်ခြင်းနှင့် ပတ်သတ်ပြီး အချက်အလက်များစွာမရှိပေ။

    ထို့အတွက် သင်ဘာလုပ်နိုင်ပါသလဲ။

  • သင့်တွင် ဝက်ခြံထွက်ခြင်းအတွက် စိတ်ရှုပ်နေရလျင် ပြုလုပ်ကြည့်ရန် ကုသမှုနည်းလမ်းများစွာရှိပါသည်။ ဝက်ခြံပေါက်ခြင်းသည် အရေပြားအလွှာများကွာကျခြင်းနှင့် မျက်နှာပြင်ပေါ်ရှိ အဆီကြောင့် ဖြစ်ပြီး တခါတရံ သင့်အရေပြားအပေါက်ငယ်များကို ပိတ်စေသော ဘက်တီးရီးယား ကြောင့်လည်း ဖြစ်နိုင်ပါသည်။ အထိရောက်ဆုံးကုသမှုသည် ဘက်တီးရီးယားကို ကုသခြင်းဖြစ်ပြီး အရေပြားကို သန့်ရှင်းခြင်းဖြစ်သည်။
  • ဘက်တီးရီးယားကို ကုသသော လိမ်းဆေးများစွာရှိပြီး၊ မသက်သာလျှင် သောက်ဆေးများနှင့်လည်း ကုသနိုင်ပါသည်။ Retin-A၊ salicylic acid နှင့် glycolic acid များပါသော လိမ်းဆေးများသည် သင့်အရေပြားကို သန့်ရှင်းစေသည်။ မျက်နှာသစ်သည့်အခါတွင် အဝတ်စဖြင့် ညင်ညင်သာသာပွတ်တိုက်ပေးခြင်းဖြင့်လည်း မျက်နှာကို သန့်ရှင်းပေးနိုင်ပါသည်။
  • ဝက်ခြံသည် တစ်ညထဲနှင့် သက်သာမည်မဟုတ်သည်မှာသေချာပါသည်။ ထို့ကြောင့် သင့်ကို စိတ်ရှုပ်စေလျှင် စိတ်ကို သက်သာစေသော နည်းလမ်းများကို စမ်းသပ်ကြည့်သင့်သည်။ အရေပြားသက်သာသွားသည့် တိုင်အောင် သင့်ကို အကျိုးပြုစေမည့် နည်းလမ်းများဖြစ်သည်။ တရားထိုင်ခြင်းသည် သင်၏ကျန်းမာရေးနှင့် စိတ်ချမ်းသာခြင်းကို ကောင်းစွာအကျိုးသက်ရောက်မှုရှိစေသည်။ အချိန်မရှိလျှင် ၅ မိနစ်ခန့် လေဝင်လေထွက်ကို စိတ်မှတ်ပြုလုပ်ရန်ကြိုးစားသင့်သည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများလုပ်ခြင်းဖြင့်လည်း သင်၏ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်သည်။
  • Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement