backup og meta

ဝက်ခြံပေါက်လွယ်တဲ့ သင့်အရေပြားကို မဆွမိအောင် ဘယ်လိုကာကွယ်ရမလဲ။


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံပေါက်လွယ်တဲ့ သင့်အရေပြားကို မဆွမိအောင် ဘယ်လိုကာကွယ်ရမလဲ။

    သင့်တွင် ဝက်ခြံထွက်တတ်သော အသားအရေရှိပါက ဝက်ခြံကို ကုသပြီး သင့်အရေပြားကို မထိခိုက်မည့် အသားအရေ ထိန်းသိမ်းသော အလှကုန်များကို အသုံးပြုသင့်ပါသည်။ အောက်ပါတို့သည် ဝက်ခြံထွက်သော အသားအရေကို ပိုဆိုးမလာစေရန် ကူညီပေးမည့် အကြံပေးချက်များ ဖြစ်ပါသည်။

    လူအများစုသည် သူတို့၏ ဝက်ခြံထွက်တတ်သော အသားအရေကို ကုသရန်အတွက် ပိုက်ဆံ အမြောက်အများ ကုန်ကျခံကြသည်။

    အသားအရေ ထိန်းသိမ်းသည့် အလှကုန်များတွင် အကောင်းဆုံး အမျိုးအစားသည် ဘာဖြစ်ပါသလဲ။

    သင့်အသားအရေသည် ဝက်ခြံပေါက်တတ်သော အသားအရေဖြစ်ပါက အသားအရေ ထိန်းသိမ်းသော အလှကုန်များကို သေချာစွာ ရွေးချယ်သင့်ပါသည်။ ထိုအလှကုန်များကို ဆေးဆိုင်များနှင့် ဈေးထဲရှိ အလှကုန်ဆိုင်များတွင် ဝယ်နိုင်ပါသည်။ သင့် အသားအရေနှင့် သင့်လျော်သော အလှကုန်ကို သုံးစွဲနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။ အောက်ပါတို့သည် အကြံပြုချက် တချို့ဖြစ်ပါသည်။

    မျက်နှာသစ်ဆေး

    ပုံမှန်ဆပ်ပြာများသည် pH levels များသောကြောင့် သင့်အရေပြားကို ထိခိုက်စေပါသည်။ ထိုပစ္စည်းများသည် သင့်အရေပြားကို ထိခိုက်စေပြီး ခြောက်သွေ့စေပါသည်။ ထို့ကြောင့် ဆပ်ပြာ မပါသော၊ အရက် မပါသော ကုန်ပစ္စည်းများကို အသုံးပြုခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

    တချို့ မျက်နှာသစ်ဆေး အမျိုးအစားများသည် အသားပေါ်ရှိ ဘက်တီးရီးယားများကို သေစေသည်။ ၎င်းတို့သည် သိပ်မဆိုးသော ဝက်ခြံအတွက် ကောင်းသော်လည်း ဝက်ခြံအထွက်များသော အသားအရေအတွက် မကောင်းပါ။ သင့်မျက်နှာက အရေပြားကို တစ်နေ့လျှင် အကြာကြီး၊ အကြိမ် အများကြီး သန့်ရှင်းခြင်း၊ မျက်နှာသစ်ခြင်း မပြုလုပ်သင့်ပါ။ ဤအရာသည် သင့်အသားအရေကို ထိခိုက်စေပြီး ရှိသင့်သော အဆီများကို ကုန်စေသောကြောင့် အသားအရေကို ခြောက်သွေ့စေပါသည်။ သင့်မျက်နှာကို တစ်နေ့လျှင် နှစ်ကြိမ်သာ သန့်ှရှင်းသောရေ၊ မျက်နှာသစ်ဆပ်ပြာ အပျော့စားဖြင့် သန့်ရှင်းရေး လုပ်ပါ။ ပုဝါကို အသုံးမပြုဘဲ လက်ကို အသုံးပြုပါ။ ဝက်ခြံအများကြီး ထွက်လာပြီး အမာရွတ်ကျန်ခြင်းလည်း ဖြစ်နိုင်ပါသည်။

    မျက်နှာကို အစိုဓါတ်ထိန်းသော အလှကုန်များ

    ထိုအလှကုန်များသည် သင့်အသားအရေကို ကောင်းလာစေပါသည်။ သင့်ဝက်ခြံကို ကုသသော ဆေးများသည် အသားအရေကို ခြောက်သွေ့စေသောကြောင့် အလွယ်တကူ ထိခိုက်စေပါသည်။ သင်သည် အရေဓါတ်များသော အလှကုန်များနှင့် အဆီမပါသော အလှကုန်များကို သုံးသင့်ပါသည်။ ၎င်းတို့သည် ဘက်တီးရီးယားကို တိုက်နိုင်ပြီး ဝက်ခြံပေါက်သော အသားအရေအတွက် ရည်စူးပြီး ထုတ်ထားခြင်းဖြစ်သည်။ အဆီများသော၊ ခရင်မ်ပုံစံ၊ သို့မဟုတ် အနှစ်ပုံစံများကို ရှောင်ပါ။

    မိတ်ကပ်အလှကုန်များ

    မိတ်ကပ်လိမ်းမည်ဆိုလျှင် အဆီမပါသော အောက်ခံမိတ်ကပ်ကို သုံးသင့်သည်။ မိတ်ကပ်အများကြီး မလိမ်းသင့်ပါ။ မိတ်ကပ်ပစ္စည်း ရွေးချယ်ရာတွင် သင့်အရေပြားကို ထိခိုက်စေပြီး ဝက်ခြံကို ပိုဆိုးစေသော အလှကုန်များကို သတိပြုပြီး ရှောင်ကြဉ်ပါ။

    ဝက်ခြံပေါက်သော အသားအရေတွင် အမွေးရိတ်ခြင်း

    အမျိုးသား အများစုသည်လည်း ဝက်ခြံပေါက်ဖူးကြသည်။ ဝက်ခြံပေါက်သော အသားအရေကို အမွေးရိတ်လျှင် နည်းလမ်း မှားယွင်းပါက အသားကို ထိခိုက်စေနိုင်သည်။ ရေနွေးနှင့် ရေချိုးပြီးချိန်တွင် အမြှုပ် သို့မဟုတ် ဂျဲလ် တစ်ခုခု သုံးပြီး အသွားအများကြီးပါသော ရိတ်စက်ကို အသုံးပြုခြင်းသည် အကူအညီ ဖြစ်စေနိုင်သည်။

    နေရောင်နှင့် ခရမ်းလွန်ရောင်ခြည်

    လူအများစုတွင် နေရောင်နှင့် ခရမ်းလွန် ရောင်ခြည်သည် ဝက်ခြံကို ကောင်းလာစေရန် ကူညီနိုင်သည်ဟု ထင်ကြသည်။ သို့သော် ထိုသို့ ပြုလုပ်ခြင်းသည် သင့်အသားအရေကို ထိခိုက်စေနိုင်ပြီး ဝက်ခြံကို ပိုဆိုးစေသည်။ ထို့ကြောင့် အပြင်သွားမည်ဆိုလျှင် နေရောင်ကာ လိမ်းဆေးများကို နေ့စဉ် လိမ်းပြီး အဆီမပါသော လိမ်းဆေးဖြစ်ရပါမည်။

    ဝက်ခြံပေါက်တတ်သော အသားအရေသည် တခြား အသားအရေထက် ပို၍ ထိခိုက်လွယ်ပါသည်။ သင့်အရေပြားကို ထိခိုက်နိုင်သော အရာများ အများကြီး ရှိပါသည်။ အသားအရေ ထိန်းသိမ်းသည့် အလှကုန်များကို မလိုလားအပ်သော ဆိုးကျိုးများ ရှောင်လွှဲရန် သေချာစွာ ရွေးချယ်သင့်ပါသည်။ သင့်အခြေအနေသည် ဆိုးရွားနေလျှင် သင့်ဆရာဝန် သို့မဟုတ် အရေပြား အထူးကုနှင့် ပြသဆွေးနွေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement