backup og meta

ဝက်ခြံဖုတွေကြောင့်နီမြန်းနေတာတွေ ညတွင်းချင်း သက်သာအောင် ဘယ်လိုလုပ်မလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံဖုတွေကြောင့်နီမြန်းနေတာတွေ ညတွင်းချင်း သက်သာအောင် ဘယ်လိုလုပ်မလဲ

    ဝက်ခြံကြောင့် အသားနီမြန်းခြင်းကို မြန်မြန်ပျောက်အောင် လုပ်ချင်တဲ့ အကြောင်းရင်းတစ်ခုကတော့သင့်မှာအရေးကြီးတဲ့ ပွဲ (သို့) အစည်းအဝေးတစ်ခုခုရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခါသင့်ကိုဘေးကလူတွေ ဝက်ခြံကြောင့် နီမြန်းခြင်းကိုငေးကြည့်နေမှာကိုလိုလားမှာမဟုတ်ပါဘူး။ ဒီလိုပဲမျက်နှာမှာအနီရောင်အကွက်တွေကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်ချင်မှာလဲမဟုတ်ပါဘူး။ Tetracycline၊ doxycycline၊ minocycline၊ erythromycin စတဲ့ ပိုးသတ်ဆေးတွေဟာဝက်ခြံကြောင့် နီမြန်းခြင်းကိုလျော့ကျစေမှာ ဖြစ်ပေမယ့် ဒီရလဒ်ကို မြင်ရဖို့ အချိန်တော့ ယူရမှာပါ။

    ဝက်ခြံကြောင့် နီမြန်းခြင်းဆိုတာဘာလဲ။

    ဝက်ခြံကြောင့် နီမြန်းခြင်းဆိုတာအမာရွတ်ထင်ခြင်းမဟုတ်ပါဘူး။ သူဟာရောင်ရမ်းမှုတစ်ခုသာ ဖြစ်ပါတယ်။

    ဝက်ခြံကြောင့် နီမြန်းခြင်းကိုဘယ်လိုများရခဲ့ပါသလဲ။ သူဟာအဆီတွေ မွေးညင်းပေါက်တွေနဲ့ နံရံတစ်လျှောက် ဖြတ်သန်းသွားရာကစတင်ဖြစ်ပေါ်ပါတယ်။ ချွေးပေါက်တွေထဲမှာအဆီဟာဆဲလ်အသေတွေနဲ့ ပေါင်းပြီးချွေးပေါက်ပိတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကပဲဝက်ခြံ ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကိုပွားစေပြီးတော့ ရောင်ရမ်းခြင်းနဲ့ နီမြန်းခြင်းကို ဖြစ်စေပြီးတစ်ရှူးတွေကိုပျက်စီးစေတဲ့ Free radicals တွေကိုထုတ်ပေးပါတယ်။ တကယ်လို့ ဒီလိုတွေ မဖြစ်ဘူးဆိုရင်တော့ အနီကွက်ဟာသူ့ဘာသာသူပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမယ့်လည်းတစ်နှစ်ကျော်တဲ့အထိအရောင် မပြောင်းလဲဘူးဆိုရင်တော့ အမာရွတ်ဖြစ်ကောင်ဖြစ်နိုင်ပါတယ်။ ဒီကို ပြဿနာတွေကိုသိထားပြီးပြီဆိုရင်တော့ သင်ဟာဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းကို မြန်မြန် (ညတွင်းချင်း) ပျောက်ကင်းချင်တော့မှာမဟုတ်ပါဘူး။

    ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းကိုဘယ်လိုမြန်မြန် လျှော့ချမလဲ။

    ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းကိုညတွင်းချင်းသက်စာစေဖို့ သင်သိထားသင့်တဲ့ အရေးကြီးတဲ့ အချက်နှစ်ချက် ရှိပါတယ်။

  • နီမြန်းခြင်းဟာရောင်ရမ်းတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာဆေးသုံးသုံးရောင်ရမ်းတာကိုပျောက်ကင်းစေတဲ့ ဆေးတွေ ဖြစ်သင့်ပါတယ်။
  • နောက်တစ်ချက်ကတော့ အမည်းကွက်တွေကို မြန်မြန်ပျောက်ကင်းအောင်လုပ်ဖို့ပါပဲ။ ဒါဟာဝက်ခြံကြောင့် နီမြန်းခြင်းကိုလျော့ကျစေပါလိမ့်မယ်။
  • ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းအတွက် အိမ်သုံးဆေးများ

    အောက်ဖေါ်ပြပါတွေကတော့ ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းကိုသက်သာစေတဲ့ အိမ်သုံးကုသနည်းတွေဖြစ်ပါတယ်။

    နည်း ၁

    အမြန်ဆန်ဆုံးနည်းလမ်းကတော့ ရေခဲပဲဖြစ်ပါတယ်။ ရေခဲတုံးတွေကိုအဝတ်တစ်ခုနဲ့ ပတ်ပြီးတော့ ဝက်ခြံရှိတဲ့ နေရာပေါ် တင်ထားပေးပါ။ နီမြန်းခြင်းတွေ လျော့ကျမသွားမခြင်းဆက်တိုက်ပြုလုပ်ပါ။ အရမ်းတော့ မဖိမိဖို့တော့ သတိပြုပါ။ ဒါဟာဝက်ခြံကိုပေါက်သွားစေပြီးတော့ ဘက်တီးရီးယားတွေကိုနီးစပ်ရာနေရာကိုရောက်သွားစေနိုင်ပါတယ်။

    နည်း ၂

    Tetrahydrozoline hydrochloride ပါဝင်တဲ့ Visine ကိုမျက်စဉ်းတွေဟာဝက်ခြံကြောင့်နီမြန်းခြင်းကိုလျင်မြန်စွာပျောက်ကင်းစေနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာမျက်စဉ်းစိမ်ထားတဲ့ နားကျပ်တံလေးတွေကိုညလုံးပေါက်ထားပါ။ နောက်ရက်ကျရင် နားကျပ်တံတစ်ခုကိုဝက်ခြံပေါ်မှာမိနစ်အနည်းငယ် ကြာတဲ့အထိထားပေးပါ။ မျက်စဉ်းဟာအသားထဲစိမ့်ဝင်သွားတဲ့အခါမှာခဏတာသွေးကြောကျဉ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ဝက်ခြံကြောင့် နီရဲခြင်းကိုလျှော့ချနိုင်ပါတယ်။ တကယ်လို့ တစ်ခုနဲ့ မပျောက်ခဲ့ရင် နောက်တစ်ခုထပ်သုံးပါ။

    နည်း ၃

    အိမ်တော်တော်များများမှာ Aspirin ရှိတတ်ကြပါတယ်။ Aspirin မှာအရေပြားပေါ်ကဆဲလ်သေတွေကိုကွာကျစေပြီးသွေးကြောကျဉ်းစေခြင်းအားဖြင့် ရောင်ရမ်းမှုကိုလျှော့ချပေးတဲ့ salicylic acid ပါဝင်ပါတယ်။ အမြန်အသုံးပြုဖို့အတွက် ဆေးပြားကို နှစ်ခြမ်းခြမ်းပါ။ အဖြူရောင် ပါဝင်ပစ္စည်းတွေထဲကိုရေအနည်းငယ်ထည့်ပါ။ ပြီးတော့ ဝက်ခြံပေါ်ကိုထိုအနှစ်ကိုတင်ပေးပါ။ ပတ်တီး (သို့) ပလပ်စတာအုပ်ပေးပါ။ မိနစ် ၃၀ လောက် ထားနိုင်ပါတယ်။

    နည်း ၄

    သွားတိုက်ဆေးဟာဆွေးနွေးတဲ့နေရာတွေမှာဝက်ခြံကြောင့်နီမြန်းခြင်းကိုလျှော့ချဖို့ အများဆုံးပြောဆိုကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဝက်ခြံပေါ်ကိုသွားတိုက်ဆေးနဲ့ တို့ပေးပါ။ သူ့မှာဆီလီကာဓါတ်ပါဝင်တာကြောင့် ဝက်ခြံတွေကိုခြောက်သွေ့စေပါလိမ့်မယ်။ ဒါပေမယ့် methol (သို့) Fluoride ပါဝင်တဲ့ သွားတိုက်ဆေးတွေကိုတော့ အသုံးမပြုသင့်ပါဘူး။ သူတို့တွေဟာသင့်အသားအရည်ကိုယားယံစေရုံသာမကဝက်ခြံတွေ ပိုမိုဖြစ်ပေါ်စေပါလိမ့်မယ်။

    နည်း ၅

    အမျိုးသမီးတွေအတွက် နီမြန်းခြင်းကိုဖုံးကွယ်ဖို့ မိတ်ကပ်ကိုအသုံးပြုနီုင်ပါတယ်။ ဒီနေ့မှာစီးကပ်ခြင်းရောဆိုးကျိုးပါ မရှိတဲ့ မိတ်ကပ်အတော်များများကိုရရှိနိုင်နေပါပြီ။ Silica၊ titanium oxide နဲ့ zinc oxide ပါဝင်တဲ့ သတ္တုဓါတ်ကိုအခြေခံထားတဲ့ မိတ်ကပ်တွေကိုရွေးချယ်ပါ။ သူတို့ဟာအရေပြားယားယံခြင်းမဖြစ်ပေါ်စေနိုင်ပါဘူး။ ဒီမိတ်ကပ်တွေဟာအရေပြားပေါ်ကအဆီကိုဖယ်ရှားပေးနိုင်ပြီးအနီကွက်တွေကိုဖုံးကွယ်ပေးပါတယ်။ နီမြန်းခြင်းကိုဖုံးကွယ်ဖို့ concealer ကိုအသုံးပြုချင်တယ်ဆိုရင် အနီရောင်ကိုဖုံးကွယ်ပြီးမမြင်ရစေတဲ့ အစိမ်းရောင် concealer ကိုအသုံးပြုပါ။ သင့်အသားအရောင်နဲ့ လိုက်ဖက်စေဖို့ concealer ပေါ်မှာပေါင်ဒါကိုအသုံးပြုပါ။ ဒါဆိုရင်တော့ သင့်မိတ်ကပ် ပျက်သွားတာကိုလဲကာကွယ်ပေးပါလိမ့်မယ်။

    ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းဟာသင့်ကိုရုပ်ဆိုးနေစေပေမယ့် ဝက်ခြံအမာရွတ်တွေ လောက်တော့ ဆိုးရွားခြင်းမရှိပါဘူး။ အနီကွက်တွေ ပျောက်အောင်လုပ်တာအမာရွတ်ဖြစ်စေမှုကိုတော့ အမြဲလျော့ကျစေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အမာရွတ်ဖြစ်ခြင်းကိုကာကွယ်ဖို့ ဝက်ခြံကိုလည်းတတ်နိုင်သမျှ စောစောကုသသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement