backup og meta

ခြောက်သွေ့တဲ့အသားအရေက ဝက်ခြံဖြစ်စေနိုင်သလား


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြောက်သွေ့တဲ့အသားအရေက ဝက်ခြံဖြစ်စေနိုင်သလား

    ခြောက်သွေ့တဲ့ အသားအရေက ဝက်ခြံဖြစ်စေနိုင်သလား။

    လူတွေက ဝက်ခြံဆိုရင် အဆီပြန်တာနဲ့ တွဲမြင်နေလေ့ရှိပါတယ်။ ဒါပေမဲ့ ခြောက်သွေ့တဲ့ အသားအရေကလည်း ဝက်ခြံဖြစ်စေတဲ့ အကြောင်းရင်းဖြစ်နိုင်ပါသေးတယ်။ ဝက်ခြံတွေဟာ သင့်မွှေးညှင်းပေါက်တွေ ပိတ်တိုင်းမှာ ဖြစ်လေ့ ရှိပါတယ်။ အဆီက ဖြစ်လေ့ဖြစ်ထရှိတဲ့ တရားခံပေမဲ့လည်းဆဲလ်သေတွေ ၊ အလှကုန်တွေ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေကလည်း သင့်ချွေးပေါက်တွေကိုပိတ်စေပြီး ဝက်ခြံတွေအစုလိုက်ဖြစ်စေတဲ့ အကြောင်းရင်းတွေပါပဲ။

    ခြောက်သွေ့တဲ့ အသားဆိုတာက များသောအားဖြင့် ပျက်စီးနေတဲ့အသားအရေကို ဆိုလိုပါတယ်။ သင့်အရေပြားဟာ နာကျင်နိုင်ဖွယ်ရှိတဲ့ အခြေအနေတွေ (ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ မှိုတွေကဲ့သို့သော)ကို မဖြစ်စေဖို့နဲ့ ဆဲလ်တွေရဲ့ ဖြစ်ပျက်မှုတွေကို ပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းဖို့အတွက် Lipid layer ပေါ်မှာမှီခိုနေရပါတယ်။ သင့်အရေပြား ခြောက်သွေ့လာပြီဆိုရင် အထက်ပါအရာတွေကိုလုပ်ဆောင်ဖို့ ကန့်သတ်ခံလိုက်ရပါပြီ။ အရေပြားပေါ်မှာ ဆဲလ်တွေစုပုံလာစေပြီး ဒါတွေက အလွယ်တကူ နာကျင် ရောင်ရမ်းစေပါတယ်။ ဝက်ခြံဖြစ်ဖို့ ဖြစ်နိုင်ချေတွေလည်း ပိုများလာစေတာပေါ့။

    ခြောက်သွေ့သော အသားအရေကို ဝက်ခြံပျောက်ဆေး အပြင်းစားကြီးတွေ သုံးမယ်ဆိုရင် အတော်ကို ထိခိုက်လွယ်နိုင်ပါတယ်။ အထူးသဖြင့် retinol ပါဝင်တဲ့ဆေးတွေပေ့ါ။ အချို့သော ဝက်ခြံအတွက်သုံးတဲ့ဆေးတွေဟာဘေးထွက်ဆိုးကျိုးအနေနဲ့ အလွန်အမင်းခြောက်သွေ့တဲ့ အသားအရေတွေဖြစ်စေနိုင်ပါတယ်။ ဒီဆေးတွေကိုသုံးခြင်းအားဖြင့် အဆီလွှာ အကာအကွယ်ကိုပျက်စီးစေပြီးသာမန် အသားမခြောက်တဲ့လူတွေကိုတောင် အသားအရေခြောက်သွေ့ခြင်းဖြစ်စေနိုင်ပါတယ်။ ဝက်ခြံကုသပေးပြီးမဖြစ်စေဖို့ကာကွယ်ပေးနိုင်အောင်ထုတ်ထားပေးတဲ့ပစ္စည်း ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ အာနိသင်ပြင်းသောပါဝင်ပစ္စည်း တွေပါဝင်တဲ့ ထုတ်ကုန်တွေကို အမြောက်အများ သုံးစွဲခြင်းဟာ အသားခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေကနေပြီး ဝက်ခြံဖြစ်နိုင်ခြေအများကြီးတိုးလာဖို့အထိ ဖြစ်သွားနိုင်ပါတယ်။

    သင့်အသားအရေက ခြောက်သွေ့နေတယ်ဆိုရင် ဝက်ခြံကိုဘယ်လိုကုသရမလဲ။

    နူးညံ့တဲ့ skin-care routine တွေ၊ အသားအရေကိုနာကျင်စေတဲ့ ပစ္စည်းတွေမသုံးတာတွေ၊ ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲ ရှာဖွေရင်း ပြုလုပ်ခဲ့တဲ့ ဝက်ခြံကုသမှု တွေ၊ ပစ္စည်းတွေ အသုံးပြုတဲ့ပမာဏကို ပိုပြီးမသုံးမိအောင် ချိန်ဆပြီး သုံးနေတာမျိုးတွေနဲ့ အသားအရေကျန်းမာစေတဲ့ပစ္စည်းတွေ (ဂျယ်လ်၊အဆီ၊လိုးရှင်း၊တိုနာ) တွေကို အသုံးပြုကြည့်တာတွေ စသဖြင့် အကြံပေးထားတာမှန်သမျှကိုသင်စမ်းသပ်ပြီးနေပေမဲ့ အသားအရည် ခြောက်သွေ့မြဲ ခြောက်သွေ့ပြီး ဝက်ခြံတွေကလည်းရှိမြဲဆိုရင် အခြားနည်းလမ်းတစ်ခုနဲ့ ဒီပြဿနာကိုချဉ်းကပ် အဖြေရှာ ကြည့်လို့ ရပါသေးတယ်။

    အဆီ အလွန်အမင်းပြန်ခြင်းက ဝက်ခြံတွေ အစုလိုက်ပေါက်ခြင်းရဲ့ အဓိကအချက်ဆိုတာကို ခဏမေ့ထားလိုက်မယ် ဆိုပါစို့။ လူအနည်းစုကသာ သူတို့ဟာ တကယ်တမ်း အသားခြောက်ပြီး ဝက်ခြံဖြစ်နေတာကို ရှာဖွေတွေ့ရှိကြတာပါ။ တကယ်တမ်းတော့ သူတို့မှာအဆီပြန်တဲ့မျက်နှာပြင်တွေ၊ ဆားဝက်ခြံတွေနဲ့ ချွေးပေါက်ကျယ်တာတွေ လုံးဝမရှိကြပါဘူး။ သူတို့ဟာ သူတို့ရဲ့ခြောက်သွေ့တဲ့ အသားအရေအတွက် လိုအပ်ချက်တွေနဲ့ကိုက်ညီပြီး ဝက်ခြံ အစုလိုက်ပေါက်ခြင်းကို ပိုဆိုးမသွားစေတဲ့ အစိုဓါတ်ထိန်းပေးသောMoisturizer ကိုအပြင်းအထန်ရှာဖွေနေကြပါတယ်။ ပြီးတဲ့အခါ ဒီဝက်ခြံတွေ အစုလိုက်ပေါက်တာကို ထိန်းဖို့ သူတို့လုပ်သမျှဟာ အသားကိုပိုပြီး ခြောက်သွားစေမလားဆိုပြီးအဆက်မပြတ် ပြန်လည် စိုးရိမ်နေတတ်ပြန်တယ်။ ဒီလို စိုးရိမ်ပူပန်မှုတွေကြောင့်လည်း အရေပြားအလှကုန် ပစ္စည်းတွေဝယ်တဲ့အချိန်မှာ သူတို့ဟာ ရွေးချယ်ရခက်နေပြီး တစ်နေရာတည်းမှာ အကြာကြီးဖြစ်နေပါတော့တယ်။ တကယ်တော့ သင်လိုအပ်နေတာက

    ခြောက်သွေ့သော အသားအရေ အတွက်ထုတ်ထားတဲ့ Moisturizer ပါ။ အဆီပြန်တဲ့ အသားအရေအတွက် မဟုတ်သလို ပေါင်းစပ်အသားအရေ အတွက်လည်း မဟုတ်ပါဘူး။

    ဝက်ခြံဖြစ်လွယ်ပြီး အဆီပြန်တဲ့ အသားအရေဟာ ကျွန်မတို့အသက်အရွယ်အထိ ပြဿနာ ပေါင်းစုံဖြစ်စေနိုင်ပြီး အမြဲတမ်းစိတ်ပူနေရပါတယ်။ တကယ်လို့များ အသားအရေခြောက်တာပါ ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ အကြောင်းရင်းရှာဖို့နဲ့ အဖြေရှာဖို့ ပိုပြီးခက်ခဲလာပါပြီ။ ပြဿနာကို ပိုပြီးဆိုးသွားနိုင်စေမယ့် ပစ္စည်းတွေကိုမသုံးမိအောင် ရှောင်ရှားနေရမှာပါ။ ကျွန်မတို့လေ့လာဖော်ထုတ်ထားတဲ့ အချက်တွေကို လိုက်နာခြင်းကတော့ အသားခြောက်ခြင်းကို ပိုဆိုးမသွားစေဘဲ ပိုပြီး သန့်စင်တဲ့အသားအရေ၊ အနီဖုတွေနည်းသွားတဲ့အသားအရေနဲ့ ဖြူစင်ဝင်းပတဲ့ အသားအရေကို ရရှိစေနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement