backup og meta

ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ ပျောက်စေမယ့် အစားအစာများ


Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ ပျောက်စေမယ့် အစားအစာများ

    ဝက်ခြံအမာရွတ်တွေအတွက် စားသောက်သင့်သောအစားအစာများ

    ချောမွတ်တဲ့ အသားအရည်တွေကို အမြန်ဆုံးပြန်လည်ပိုင်ဆိုင်စေဖို့ ဝက်ခြံအမာရွတ်တွေကို ကုသပေးဖို့ လိုအပ်ပါတယ်။ ဒီအမာရွတ်တွေကို သဘာဝနည်းလမ်းနဲ့ ကုသမယ်ဆိုရင်တော့ အသားအရည် ကို ပြန်လည်ကောင်းမွန်စေပြီး အာဟာရတွေပါဝင်တဲ့ စားစရာအမျိုးမျိုးကို စားပေးရမှာပါ။ အမြန်ဆုံး ပြန်ကောင်းလာဖို့အတွက် ဆိုရင်တော့ အစားအစာတွေကို အစီအစဉ်တကျ ညီညီမျှမျှ စားသောက်ရမှာပါ။

    (၁)Zinc (ဇင့်)

    အသားအရည် ကျန်းမာရေးအတွက် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဇင့် က မရှိမဖြစ် အရေးပါပါတယ်။ သူက ဒဏ်ရာတွေကို ကုသတဲ့နေရာမှာ အထောက်အကူ ပြုပေးနိုင်ပါတယ်။ ပရိုတိန်းမြင့်မားစွာ ပါဝင်တဲ့ စားစရာတွေဖြစ်တဲ့ အမဲသား၊ ဝက်သား ၊ ငါး၊ နွားပေါက်သား၊ သိုးသားနဲ့ ကြက်သား ၊ ကြက်ဥစသည်တွေမှာ ဇင့် ဓါတ် မြောက်များစွာ ပါဝင်ပါတယ်။ zinc ဓါတ်ကို ပိုပြီးရရှိ စားသောက်နိုင်ဖို့အတွက် အနီရောင် အသားတွေကို များများစားပေးပါ။ မြေပဲနဲ့ မြေပဲထောပတ်တွေမှာလဲ ဇင့် ဓါတ်တွေ ပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာလဲ လုံလောက်တ ဲ့ဇင့် ဓါတ် တွေရှိပါတယ်။ ကုလားပဲ၊ ပဲနီလေး၊ ထောပတ်ပဲ၊ black bean နဲ့ ပဲလိပ်ပြာစတဲ့ ပဲတွေမှာ ဇင့်တွေအလုံအလောက် ပါဝင်ပါတယ်။ ပဲဟင်းကတော့ တကယ်ကို ဇင့်ဓါတ် ကြွယ်ဝတဲ့ဟင်းပါ။ ပဲငါးပိ နဲ့ အခြားပဲအမျိုးမျိုးမှာလည်း ဇင့်ဓါတ်တွေပါဝင်ပါတယ်။ ပဲပုပ်(soy)ကို အခြေခံထားတဲ့ စားစရာတွေဖြစ်တဲ့ တိုဟူး၊ မီဆို ၊ tempeh ၊ soy cheese နဲ့ meatless entrée ကိုလည်း သင်စားသုံးနိုင်ပါတယ်။ ဒါမှမဟုတ် သင်သောက်နေကျအရာတွေနေရာမှာ soy ပရိုတိန်းတစ်မျိုးမျိုးကို အစားထိုးသောက်ကြည့်ပါ။ အခြား အစပ်အရသာရှိတဲ့ ပစ္စည်းတွေ ဥပမာ oregano, ပင်စိမ်း, ချင်း, နံနံပင် ၊ ဇီရာစတဲ့ အရာတွေမှာလည်း လိုအပ်တဲ့ အာဟာရတွေ ပါဝင်ပါတယ်

    (၂) Omega-3 ပါဝင်သောအရာများ

    Omega-3 fatty acid ငါးကြီးဆီ ဟာ ဝက်ခြံအမာရွတ်တွေကို ကုသပေးနိုင်ပါတယ်။ ဒီ Omega-3 fatty acid မှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး အရေပြားကို ပျော့ပျောင်း နူးညံ့စေပါတယ။် နှလုံးကျန်းမာစေတဲ့အစာတွေလို့သိကြတဲ့ အရာတွေကိုစားပေးခြင်းကနေ Omega-3 fatty acid ကို ရရှိနိုင်ပါတယ်။ ဆူးတောင်ပါ ငါးမျိုးတွေဖြစ်တဲ့ ဆယ်လ်မွန်, ဆာဒင်း, herring, anchovies, trout, mackerel နဲ့ albacore tuna စတဲ့ငါးတွေမှာ အာဟာရဓါတ် ပြည့်စုံကြွယ်ဝစွာ ပါဝင်ပါတယ်။

    အာဟာရဓါတ် ပြည့်ဝစွာပါဝင်တဲ့ အခြားစားစရာတွေကတော့ ဗာဒံသီး, သစ်ချသီး, pistachios နဲ့ butternuts တွေဖြစ်ပါတယ်။ ဆီကြိတ်လို့ရတဲ့ အစေ့တွေဖြစ်တဲ့ ဝါစေ့, နေကြာစေ့, ဟင်းသီးဟင်းရွက်တွေ, သံလွင်သီး နဲ့ မြေပဲ အမျိုးအစားတွေဟာ အာဟာရ ပြည့်ဝစွာပါဝင်တဲ့ အရင်းအမြစ်တွေ ဖြစ်နေပါသေးတယ်။ အနှံတွေမှာလည်း Omega-3 fatty acid ပြည့်စုံလုံလောက်စွာပါဝင်နေနိုင်ပါတယ်။ ဒီအမျိုးအစားထဲမှာတော့ အုတ်ဂျုံ၊ ဘာလီ၊ လုံးတီးဂျုံ၊ ဂျုံနု၊ အုတ်ဂျုံနု၊ ဆန်လုံးညို၊ triticale နဲ့ quinoa တို့ပါဝင်ပါတယ်။ ဒီလိုအနှံတွေကို အမှုန့်အဖြစ် ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေကို ရွေးချယ် အသုံးပြုခြင်းက သင့် ဝက်ခြံအမာရွတ်တွေ ကုသတဲ့ နေရာမှာ အသုံးဝင်ပါတယ်။

    (၃) Vitamin A (ဗီတာမင် အေ)ပါဝင်သော ပစ္စည်းများ

    Vitamin A က သင့်ခန္ဓါကိုယ်ထဲမှာ ဓါတ်တိုးဆန့်ကျင်ခြင်းကို ပါဝင်လုပ်ဆောင်တာမို့ သူကလည်းမရှိမဖြစ်တဲ့ ဗီတာမင် တစ်မျိုးပါ။ ဒီဗီတာမင်က အရည်ပြား ကျန်းမာရေးအတွက် အရးကြီးပါတယ်။ အသည်း၊ ကျောက်ကပ်၊ အနီရောင်အသား၊ ဥတွေနဲ့ နို့ထွက်ပစ္စည်းတွေထဲမှာ vitamin A ကိုတွေ့နိုင်ပါတယ်။ ဒီအစားအစာတွေထဲမှာက အဆီတွေနဲ့ ကိုလက်စထရောတွေ အများကြီး ပါတာတစ်ခုကတော့ သတိထားစရာပါ။ အဆီနဲ့ ကိုလက်စထရော မပါဝင်တဲ့အရာတေ ွနဲ့ အရောင်တောက်ပတဲ့ အပင်ထွက်ပစ္စည်းတွေကို စားသုံးခြင်းကနေလည်း Vitamin A ကို ရယူနိုင်ပါတယ်။ ဒီထဲမှာ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ ဥနီ၊ broccoli ၊ ဟင်းနုနွယ်နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေပါဝင်ပါတယ်။ ဘင်္ဂလားဆီးသီး၊ သခွားမွှေး၊ ပန်းရောင်ကျွဲကောသီး စတဲ့အသီးအနှံတွေကို စားပေးခြင်းအားဖြင့်လည်း သင့်အသားအရည် ကောင်းမွန်စေမဲ့ ဗီတာမင်တွေကို ရရှိနိုင်မှာပါ။ ဆေးဘဲဥ၊ နို့၊ ရေခဲမှုန့်၊ ဒိန်ချဉ်နဲ့ ချိစ် စတဲ့ အဆီနည်း နို့ထွက်ပစ္စည်း တွေကိုလည်း သင်ရွေးချယ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement