backup og meta

ဝက်ခြံ နဲ့ အမဲစက် တွေကို သက်သာလျော့ပါးစေမယ့် အိမ်တွင်းဆေးဝါးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Wathun Myat Chal မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံ နဲ့ အမဲစက် တွေကို သက်သာလျော့ပါးစေမယ့် အိမ်တွင်းဆေးဝါးများ

    ဝက်ခြံ နဲ့ အမဲစက် တွေဆိုတာ မိန်းကလေးတိုင်းအတွက်တော့ အကြီးမားဆုံး ရန်သူပါပဲ။

    ဝက်ခြံပေါက်ပြီးလို့ပျောက်သွားရင်တောင်မှ သူ့ရဲ့ စိတ်ပျက်ဖွယ် အကျိုးသက်ရောက်မှုတွေက ကျန်နေပါသေးတယ်။

    ဝက်ခြံတွေဟာ နာကျင်မှုတွေ၊ တဖြည်းဖြည်းနဲ့ဖျော့သွားနိုင်တဲ့ သို့မဟုတ် ပိုဆိုးလာနိုင်တဲ့ အနီရောင်ဖုတွေနဲ့ ပျောက်ကင်းအောင် နှစ်အတန်ကြာ အချိန်ယူရတဲ့ အညိုရင့်ရောင် အစက်အပြောက်တွေ ကျန်ရှိစေနိုင်ပါတယ်။

    ဝက်ခြံအစက်အပြောက်တွေဟာ ဝက်ခြံပျောက်သွားပေမဲ့ ရောင်ခြယ်ပစ္စည်းတွေက အဲ့ဒီနေရာမှာ ကျန်နေပြီးအမဲစက်တွေ ဖြစ်လာအောင်လုပ်နေတဲ့ အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ဓါတုပစ္စည်းတွေကို အသုံးပြုမယ့်အစား အချို့ အိမ်တွင်းသုံးပစ္စည်း လေးတွေကို ဆေး အဖြစ် စမ်းသုံးကြည့်ပါ။

    အိမ်တွင်းဆေးဝါးကို အသုံးပြုခြင်းဟာ ဓါတုပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ ပစ္စည်းတွေထက် အများကြီး ဈေးပိုချိုပြီး သင့်အခြေအနေကို ဘေးထွက်ဆိုးကျိုးမရှိဘဲ ပိုကောင်းလာအောင် ကုသပေးနိုင်ပါတယ်။ သင့်အသားအရည်ကို ဂရုစိုက်ခြင်းဟာ အရမ်းကိုအရေးကြီးပါတယ်။

    သင့်အသားအရည်က အမဲစက်တွေ အညိုစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေ မျက်နှာပေါ် မကျန်တော့အောင် ကုသပေးနိုင်တဲ့ အိမ်တွင်းဆေးဝါးအချို့ကိုဖော်ပြပေးထားပါတယ်။

    ဝက်ခြံ နဲ့ အမဲစက် တွေကို အမြန်သက်သာစေမယ့် နည်းလမ်းများ

    • သံပုရာရည်ဟာ အမဲစက်တွေ လွင့်ပါးသွားစေမယ့် သဘာ၀ အရောင်ချွတ်ဆေး တစ်မျိုးဖြစ်ပါတယ်။ Home Remedies for You ဆိုတဲ့ online မဂ္ဂဇင်းကတော့ “သံပုရာရည်အနည်းငယ်ကို ညတိုင်း ဂွမ်းလုံးလေးပေါ်ညှစ်ချပြီး မျက်နှာကိုလိမ်းပေးပါ။ သံပုရာရည် ခြောက်သွားအောင် ၁၀မိနစ်လောက်စောင့်ပြိး အဆီမပါဝင်တဲ့ Moisturizer ကိုသုံးပေးပါ။”လို့ ဆိုထားပါတယ်။ဒီနည်းလမ်းမှာ သတိထားရမယ့်အချက် အနည်းငယ်တော့ရှိပါတယ်။ တကယ်လို့သင့်မှာ sensitive skin (ထိခိုက်လွယ်တဲ့ အရေပြား)ရှိရင် ဒီနည်းလမ်းဟာ အသားအရည်ကို အလွန်အမင်း ခြောက်သွေ့စေတာကြောင့် အနည်းငယ်သာ အသုံးပြုသင့်ပါတယ်။ သံပုရာရည်လိမ်းပြီးအပြင်မထွက်ပါနဲ့။ သံပုရာရည်နဲ့ နေရောင်ခြည် ဓါတ်ပြုမှုဟာ အသားအရည်ကို ပိုပြီးမဲသွားစေနိုင်ပါတယ်။
    • ခရမ်းချဉ်သီး အလတ်စားတစ်လုံးကို အရည်ညှစ်ပါ။ သံပုရာရည်စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ သေချာ ရောမွှေပေးပါ။ မျက်နှာပေါ်လိမ်းပေးပြီး မိနစ်၂၀ခန့်အခြောက်ခံထားပါ။ ပြီးတဲ့နောက် ရေနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။
    • နနွင်းမှုန့် အနည်းငယ်ကိုယူပြီး သံပုရာရည် အနည်းငယ်နဲ့သေချာရောမွှေပါ။ ဒီအရောကို အမဲစက်တွေရှိတဲ့ နေရာတွေမှာလိမ်းပေးပါ။ အမာရွတ်တွေနဲ့ အစက်အပြောက်တွေဟာ တစ်ပတ်အတွင်း သိသိသာသာကို ပျောက်ကင်းသွားပါလိမ့်မယ်။
    • သံပုရာရည်လိုပါပဲ။ ပျားရည်ဒိန်ချဉ် မျက်နှာဖုံး maskကလည်း အမဲစက်တွေ မညီညာတဲ့ အစက်အပြောက်တွေ လျော့ပါးစေနိုင်တဲ့ သဘာ၀ အရောင်ချွတ်ဆေးပါ။ Planet Green online မဂ္ဂဇင်းကတော့ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း၂ဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း၁ဇွန်း၊ ချက်ထားပြီး ကွေကာအုပ် လက်ဖက်ရည်ဇွန်း ၁ဇွန်းမှ ၂ဇွန်းထိ ကိုရောမွှေပါ။

      ရလာတဲ့ mask ကိုတစ်ညကို ၁၀မိနစ်မှ ၁၅မိနစ်ထိ မျက်နှာပေါ်ထားပါ။ ပြီးနောက် ရေနွေးနဲ့ ဆေးကြောလိုက်ပါ။ ဒီmaskဟာအစိုဓါတ်လည်းထိန်းပေးနိုင်တဲ့အတွက် အသားခြောက်တဲ့ လူတွေလည်း အသုံးပြုသင့်ပါတယ်။

    • နှင်းဆီသီးတွေနဲ့ လာဗင်ဒါ တွေမှာပါတဲ့ essentional oil အဆီကဘက်တီးရီးယားတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေ ရှိတာကြောင့် ဝက်ခြံအစက်အပြောက်တွေကို ကုသပေးနိုင်ပြီး ဝက်ခြံတွေကိုလည်း အလိုလို ပျောက်ကင်းစေနိုင်ပါတယ်။

      Home Remedies for You အရဒီဆီတွေဟာ အရည်ပြားအသစ် ဖြစ်ပေါ်လာစေဖို့ လိုအပ်တာတွေကို လုပ်ဆောင်ပေးပြီး အရည်ပြားဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ဒီလိုလုပ်ခြင်းက အမဲစက်တွေ လျော့ပါးသွားစေတဲ့ အဓိကသော့ချက်ပါ။ essential oil အနည်းငယ်စီယူပြီး ဝက်ခြံ အမာရွတ်တွေပေါ်မှာ တစ်ရက်နှစ်ကြိမ် လိမ်းပြီးနှိပ်နယ်ပေးပါ။

    • ကြက်သွန်နီတွေမှာ ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေနဲ့ အစက်အပြောက်တွေကို ကုသပေးနိုင်ပါတယ်။ ကြက်သွန်နီတစ်လုံးကို ယူပြီးလှီးလိုက်ပါ။ ကြိတ်ခြေလိုက်ပြီး အရည်ကို သပ်သပ်ဖယ်ထုတ်ပါ။ ဒီအရောကို ဝက်ခြံဖြစ်နေတဲ့နေရာမှာ ခဏထားပြီး ရေဆေးချလိုက်ပါ။
    • သခွားသီးခြစ်ထားတာရယ် နို့ရယ်နဲ့ သံပုရာရယ်ကိုရောမွှေလိုက်ပါ။ ခပ်ပျစ်ပျစ်လေး ဖြစ်လာရင် အသားပေါ် လိမ်းပေးပါ။
    • ဗီတာမင်Eအဆီ : ဒါကဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်တဲ့ အကောင်းဆုံးဓါတ် တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးပါပဲ။ ဒါကြောင့် vitamin E ဆီကို ကြက်ဆူဆီနဲ့ရောပြီး အမဲစက်တွေရှိတဲ့နေရာမှာ ထားကာ ရလဒ်ကိုကြည့်ပါ။
    • ရေအများကြီး သောက်တာကလည်း မျက်နှာပေါ်က အမဲစက်တွေ လျော့နည်းစေပါတယ်။ တစ်ရက်ကို အနည်းဆုံးရေ ၆ခွက်ကနေ ၈ခွက်ထိသောက်ပါ။ ဒါက ခန္ဓါကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရည်ကို အစိုဓါတ်ရှိစေတဲ့အပြင် အမဲစက်တွေကိုပါ လျော့ပါးသွားစေပါတယ်။

    ကဲ .. ခုဆိုရင်တော့ ဝက်ခြံ နဲ့ အမဲစက် တွေကို အမြန်သက်သာလျော့ပါးစေမယ့် နည်းလမ်းများစွာရှိတာ သတိထားမိမှာပါ။ စနစ်တကျလိုက်လုပ်ကြည့်ပြီး ပိုလှပပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုတက်လာစေဖို့ ကြိုးစားကြရအောင်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Wathun Myat Chal မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement