တကယ်လို့ဝက်ခြံတွေကြောင့် အမာရွတ်ကြီးကြီးမားမား ကျန်နေတယ်ဆိုရင်တော့-
လေဆာဖြင့်မျက်နှာပြင်အသစ်ဖြစ်စေခြင်း– လေဆာသုံးပြီး အရေပြားမျက်နှာပြင်တင်းရင်းချောမွေ့နုပျိုစေခြင်း ဖြစ်တယ်။ အမာရွတ်များကိုပြန်ဖြည့်ဖို့ အရေပြားအလွှာသစ်ဖြစ်ပေါ်လာရန် ကော်လဂျင်(collagen) များထုတ်ပေးပါတယ်။ မိနစ်အနည်းငယ်မှ တစ်နာရီခန့်ထိကြာနိုင်ပြီး ထုံဆေးဖြင့် နာကျင်မှုလျှော့ချသက်သာစေပါလိမ့်မယ်။ လုံးဝအရှင်းပျောက်ကင်းဖို့ ၃ ရက်မှ ၁၀ ခန့်ကြာနိုင်ပါတယ်။
လေဆာဖြင့်ကုနည်း – တခြားလေဆာနည်းများထက် အရေပြားအတွင်းဘက် ပိုနက်အောင်ထိုးဖောက်နိုင်သော ကုသမှုတစ်မျိုးဖြစ်တယ်။ အရေပြားအပေါ်လွှာကိုစားပစ်ခြင်းမဟုတ်ဘဲ လေဆာဖြင့် အရေပြားအတွင်းပိုင်းသို့ ထိုးဖောက်ကာ ကော်လဂျင်ထုတ်လုပ်မှု တိုးစေခြင်းဖြစ်တယ်။ အန္တရာယ်နည်းပြီး ကုသချိန်လည်းပိုတိုပါတယ်။
အရေပြားစားပစ်ခြင်း – လည်နေသောဘရက်ရှ်တစ်ခုကိုသုံးကာ အရေပြားလွှာများကိုစားပစ်ခြင်းဖြစ်တယ်။ အရေပြားအလွှာသစ်ဖြစ်ပေါ်လာကာ ပိုမိုချော့မွေ့နုပျိုသော အသွင်ကိုပေးပါတယ်။ ပြန်ကောင်းချိန် ၁၀ ရက်မှ ၃ ပတ်ထိကြာနိုင်ပါတယ်။
ဆေးထိုးခြင်း – အမာရွတ်များမှာရှိတဲ့ ကြားများကိုဖြည့်စွတ်ပေးခြင်းဖြစ်တယ်။ သို့ပေမယ့် ဖြည့်စွတ်လိုက်သောပစ္စည်းကို အရေပြားမှစုပ်ယူဖို့အတွက် ၄ လတစ်ကြိမ်၊ သို့ ၆ လတစ်ကြိမ် ထပ်ကာထပ်ကာပြန်လုပ်ဖို့လိုပါလိမ့်မယ်။
ခွဲစိတ်ခြင်း – အမာရွတ်များပါကလုပ်တတ်သော ခွဲစိတ်မှုအသေးစားလေးဖြစ်တယ်။ အမာရွတ်အားလုံးမဖယ်ပေးနိုင်သော်လည်း မထင်ရှားအောင်ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။ ဖယ်ရန်ကျန်ရှိနေသော အမာရွတ်တစ်သျှူးများကလည်း အချိန်တစ်ခုအကြာမှာ တဖြေးဖြေးမှိန်သွား၊ ပျောက်သွားတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။