backup og meta

ခြေဖဝါးကြွက်နို့နဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေဖဝါးကြွက်နို့နဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲ

    ခြေဖဝါးကြွက်နို့ကိုင်တွယ်နည်းများ၊ ဖြေရှင်းနည်းများ

    ခြေဖနောင့်နေရာတွေမှာ ဖြစ်တတ်တဲ့ မာကြောတဲ့အကျိတ်စေ့ပုံစံကြီးထွားမှုတွေ ဖြစ်ပါတယ်။ မပြင်းထန်ပေမဲ့လည်း သင့်ကိုမသက်မသာဖြစ်မှုနဲ့နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။ ကြွက်နို့နဲ့ပတ်သက်ပြီး နည်းလမ်းအချို့ရှိပါတယ်။

    • Cryotherapyနည်းလမ်းအသုံးပြုခြင်း

    သင့်ဆရာဝန်ရဲ့လုပ်ဆောင်ပေးမှု လိုပါတယ်။ ပထဆုံးကတော့ သင့်သွေးထဲကိုဓါတုပစ္စည်းတွေ ဝင်သွားတဲ့အခါ နာကျင်မှုတွေမခံစားရအောင် ကူညီပေးဖို့ဖြစ်ပါတယ်။ ကြွက်နို့ရှိတဲ့နေရာကို ထုံသွားအောင်ခံစားမှုမရှိတော့အောင် သင့်ဆရာဝန်က ပြုလုပ်ပေးပါလိမ့်မယ်။

    နိုက်ထရိုဂျင်အရည်ဖြန်းခြင်း သို့ ဝါဂွမ်းနဲ့တို့ပေးခြင်းတွေကို ပြုလုပ်ပေးပါလိမ့်မယ်။ ရလဒ်ကတော့ ကြွက်နို့တစ်ဝိုက်အရေကြည်အိတ်လေးဖြစ်ပေါ်လာပြီး ဆဲလ်အသေတွေရက်သတ္တပတ်အနည်းငယ်အတွင်း ကွာကျသွားပါလိမ့်မယ်။

    ဗိုင်းရပ်စ်ပိုးကိုတိုက်ထုတ်ဖို့အတွက် သင့်ကိုယ်ခံအားကိုလှုံ့ဆော်ပေးခြင်းဖြ်င့်လည်း အကူအညီပေးပါတယ်။ salicylic acidနဲ့ပေါင်းပြီးကုသမှုပေးခြင်းဖြင့်လည်း ကုသမှုအောင်မြင်နိုင်ချေရာနှုန်းကို မြင့်စေပါတယ်။

    • salicylic acidသုံးခြင်း

    ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်နိုင်တဲ့ပစ္စည်းတွေနဲ့လည်း ကြွက်နို့ကိုဖယ်ရှားနိုင်ပါတယ်။ သင့်အခြေအနေနဲ့သင့်တော်မယ့် အရည်သို့ကပ်ခွာ ဖြစ်နိုင်ပါတယ်။ ကြွက်နို့နေရာကိုပထမဦးစွာ သန့်စင်ပေးပြီး မိနစ်၂၀လောက်ရေစိမ်နူးထားရမှာ ဖြစ်ပါတယ်။

    အရေးကြီးလိုအပ်တဲ့ဓါတုပစ္စည်းတွေ သင့်အရေပြားထဲဝင်ရေက်နိုင်ပြီး ထိထိရောက်ရောက်အကျိုးပေးနိုင်ဖို့ ရေမြုပ်ကျောက်သို့လက်သည်းတိုက်တံစဉ်းကို

    သုံးပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ထို့နောက်မှာ salicylic acidဆေးရည်သို့ ကပ်ခွာကို အသုံးပြုပေးပါ။ ကပ်ခွာကိုနှစ်ရက်တစ်ခါလဲပေးဖို့နဲ့ ဆေးရည်ကိုတစ်နေ့

    နှစ်ကြိမ်သုံးပေးဖို့ မမေ့ပါနဲ့။ မျှော်လင့်ထားတဲ့ရလဒ်ကိုရဖို့ ရက်သတ္တပတ်ပေါင်းများစွာ စောင့်ရနိုင်ပါတယ်။

    • ခြေဗလာသွားခြင်းကိုရှောင်ပါ။

    ခြေဖဝါးကြွက်နို့က ကူးစက်တတ်ပါတယ်။ ဖိနပ်မစီးဘဲခြေဗလာနဲ့သွားတဲ့အခါမျိုးမှာ ဗိုင်းရပ်ပိုးနဲ့ထိတွေ့နိုင်ပြီးကူးစက်ခံရနိုင်ချေများတာကြောင့် ရေကူးကန်၊ ပစ္စည်းအပ်ခန်း၊ အများသုံးရေချိုးခန်းကဲ့သို့သော

    • အများသုံးနေရာတွေ

    ဟိုတယ်ကော်ဇောကြမ်းပြင်လိုနေရာမျိုးတောင်မှာ သင့်ခန္ဓါကိုယ်ထဲကိုဝင်ရောက်ပြီး ကြွက်နို့ကိုဖြစ်စေနိုင်တဲ့သန်းပေါင်းများစွာသော ဗိုင်းရပ်စ်တွေကိုကာကွယ်နိုင်ဖို့ ဖိနပ်စီးကိုစီးသင့်ပါတယ်။

  • ဗီတာမင် စီ အသုံးပြုပါ။
  • ဗီတာမင်စီကလည်း ခြေဖဝါးကြွက်နို့နဲ့ပတ်သက်ပြီး အကူအညီပေးနိုင်ပါတယ်။ ဗီတာမင်စီဆေးပြားအချို့ကို ကြိတ်ပြီး ရေလုံလုံလောက်လောက်နဲ့ရောပြီး ရလာတဲ့အနှစ်ကို ကြွက်နို့ပေါ်မှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ကောင်းကောင်းစိမ့်ဝင်နိုင်ဖို့ ပတ်တီးစည်းပေးသင့်ပါတယ်။ ဆေးပြားတွေ ကအချဉ်ဓါတ်များတာကြောင့် ကြွက်နို့ကိုကွာကျစေပြီး ဗိုင်းရပ်စ်ပိုးကိုလည်းတိုက်ထုတ်ပေးနိုင်ပါတယ်။

    အချို့အခြေအနေတွေမှာ ကြွက်နို့ကကုသမှုမလိုဘဲ သူ့အလိုလိုပျောက်ကင်းသွားနိုင်ပါတယ်။ သို့ပေမဲ့ မသက်သာဘူးဆိုရင် ကိုယ့်ဘာသာကိုကုသမရဘူးဆိုရင် ဖယ်ရှားပစ်ဖို့သင့်ဆရာဝန်နဲ့ သွားတွေ့သင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement