အရေပြား ကင်ဆာကို ကာကွယ်ဖို့ နေရောင်ထဲမှာ အသားညိုစေဖို့ အကြာကြီးမနေသင့်ပါဘူး။ အထူးသဖြင့် နေအလွန်ပူတဲ့ နေ့လည်ချိန်တွေမှာ မနေသင့်ပါဘူး။ ရေထဲမှာ နေရင်လည်း နေလောင်နိုင်ပါတယ်။
နေ့လည်မှာ နေပူစာလှုံခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အသားညိုစေတဲ့ အလှပြင်ဆိုင်တွေ ကိုလည်း မသွားသင့်ပါဘူး။ အသားညိုစေတဲ့ နည်းတွေဟာ အရေပြားကင်ဆာ ဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။
အပြင်မထွက်ခင် နေလောင်ခံလိမ်းဆေးတွေကို လိမ်းသင့်ပါတယ်။ SPH 15 အထက်တွေဟာ အကောင်းဆုံးဖြစ်ပါတယ်။ နေလောင်ခံလိမ်းဆေး တွေကို ၂နာရီ ၃နာရီ ခြားတစ်ခါလိမ်းသင့်ပြီး ရေကူးပြီးရင် (သို့) လှုပ်ရှားမှု လုပ်လို့ ချွေးထွက်ပြီးရင်လည်း ပြန်လိမ်းသင့်ပါတယ်။
နေရောင်ကာကွယ်တဲ့ အဝတ်စားတွေဖြစ်တဲ့ ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည် တွေကို နေလောင်ဒဏ်ကို ကာကွယ်ဖို့ အသုံးပြုသင့်ပါတယ်။ နားပန်းအကျယ်ကြီး ပါတဲ့ ဦးထုပ်ဟာ ခေါင်း၊ မျက်နှာ၊ လည်ပင်းတွေကို နေရောင်ကနေ ကာကွယ်ပေးပါတယ်။
အကာအကွယ်ပေးတဲ့ အဝတ်အစားတွေကို အသုံးပြုပါ။ နားပန်းအကျယ်ကြီးပါတဲ့ ဦးထုပ်ဟာလည်ပင်း၊ နားရွက်၊ မျက်လုံးနဲ့ ခေါင်းတွေကို အရိပ်ရစေပါတယ်။ နေရောင်ခြည်ကို ၉၉ရာခိုင်နှုန်း ကနေ ၁၀၀ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တွေကို အသုံးပြုနိုင်ပါတယ်။ တကယ်လို့နေရောင်ထဲမှာ နေမှဖြစ်မယ်ဆိုရင် ပွပြီး ပေါ့တဲ့ အဝတ်အစားတွေ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်နဲ့ စကတ်ရှည်တို့ိကိ ဝတ်ဆင်သင့်ပါတယ်။
သင့်အရေပြားဟာ အသက်ကြီးလာတာနဲ့ အမျှ ပြောင်းလဲမှု ရှိပါတယ်။ ဒါဟာ သင့်ရဲ့ ဉာဏ်ပညာကြွယ်ဝမှု ရင့်ကျက်လာမှုကို ဖော်ပြတာဖြစ်တာမို့ ဒီလိုအပြောင်းအလဲတွေကို လက်ခံသင့်ပါတယ်။ ဒါပေမယ့် သင့်ကိုစိတ်ပူစေတဲ့ အပြောင်းအလဲတွေ ရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။