backup og meta

လက်သည်းလေးတွေ ပန်းရောင်သွေးသန်းပြီး လှပနေစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်သည်းလေးတွေ ပန်းရောင်သွေးသန်းပြီး လှပနေစေဖို့

    လက်သည်းလေးတွေ ပန်းရောင်သွေးသန်းပြီး ကြည်ကြည်လင်လင်လေးလှနေတာကလည်း စွဲဆောင်မှုတွေထဲကတစ်ခုပါ။ သင်ရော လက်လှလှ လက်သည်းသန့်သန့်လေးတွေကို သဘောကျတတ်သူလား။ ဒါဆိုရင်တော့ ကျန်းမာပြီး ပန်းသွေးရောင်သန်းတဲ့ လက်သည်းလှလှလေးတွေ ပိုင်ဆိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကိုဝေမျှပါရစေ။

    လက်သည်းလေးတွေ ပန်းသွေးရောင်ကြွယ်ပြီးလှစေဖို့

    လက်သည်းနီဆိုးတာကြောင့်ဖြစ်ဖြစ်၊ နေ့စဉ်ထိတွေ့နေရတဲ့ အရာတွေကြောင့်ဖြစ်ဖြစ် လက်သည်းလေးတွေက အရောင်တွေပြောင်းတတ်ပါတယ်။ ဒီအခါမှာလက်ကကြည့်ရတာ မလှတော့တာမျိုးဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အိမ်တွင်းကုထုံးလေးတွေရှိနေပါတယ်နော်။ လက်သည်းလှလှလေးတွေပိုင်ဆိုင်ဖို့အတွက်ဆိုရင်

    အာဟာရဖြည့်ပေးတဲ့အဆီတစ်မျိုးပါ။ လက်သည်းတွေကိုတောက်ပစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ အစိုဓါတ်လည်းထိန်းပေးနိုင်ပါတယ်။

    လက်သည်းလေးတွေကို သေချာလေး သန့်စင်လိုက်ပါ။ပြီးရင် အပူပေးထားတဲ့ သံလွင်ဆီ ခပ်နွေးနွေးလေးကို ဇလုံတစ်ခုထဲထည့်ပြီး လက်သည်းလေးတွေ မြုပ်တဲ့အထိစိမ်ထားလိုက်ပါ။ ၁၅ မိနစ်လောက်စိမ်ပေးပါ။ ပြီးရင် တဘက်စလေးသုံးပြီး လက်သည်းတစ်ချောင်းချင်းစီကို သေချာလေးတိုက်ပေးပါ။

  • သံပုရာရည်
  • အကောင်းဆုံးသော လက်သည်းသန့်ဆေးတစ်ခုပေါ့။ အရောင်ပြောင်းနေတဲ့ လက်သည်းတွေအတွက် အထူးသင့်တော်ပါတယ်။

    သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို မုန့်ဖုတ်ဆော်ဒါအနည်းငယ်၊ ရေအနည်းငယ်တို့နဲ့ရောစပ်ပြီး ဇလုံတစ်ခုထဲမှာ မွှေလိုက်ပါ။ပြီးရင် လက်သည်းတွေပေါ်မှာ ၁၀ မိနစ်လောက်လူးထားပေးပါ။ပြီးရင် သွားပွတ်တံလေးနဲ့တိုက်ပေးပါ။ ပြီးရင်တော့ လက်ချောင်းလေးတွေကို သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ ပင်လယ်ဆား အနည်းငယ်နဲ့ရေနွေးတို့ရောစပ်ထားတဲ့ရေထဲကို ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်စိမ်ပေးပါ။

    အသားအရေအတွက်တင်မဟုတ်ဘဲ လက်သည်းခြေသည်းလေးတွေအတွက်ပါ အထောက်အကူပြုပေးပါတယ်။ ဘက်တီးရီးယားတွေကိုသေစေနိုင်သလို အစိုဓါတ်ထိန်းပေးနိုင်ပါတယ်။ လက်သည်းလေးတွေကို သန့်စင်ပြီးတိုင်း Rose Waterလေးသေချာလူးပေးပါ။

    လက်သည်းတွေအတွက် သင့်တော်တဲ့ သဘာဝပစ္စည်းလေးတစ်ခုပေါ့။ သခွားသီးကို ပါးပါးလေးလှီးပြီး လက်သည်းလေးတွေပေါ်မှာ ကပ်ထားပေးပါ။ အရည်စွတ်ပေးလို့လည်းရပါတယ်။ နှစ်ပတ်လောက်ထိ နေ့စဉ်ဆက်တိုက်လုပ်ပေးပါ။ သိသာတဲ့ရလဒ်ကိုတွေ့ရမှာပါ။

    လက်သည်းတွေအတွက် သင့်တော်တဲ့ ဓာတ်စာလို့ဆိုရပါမယ်။ လက်သည်းတွေ ကြွပ်ဆတ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးသလို လက်သည်းရဲ့ အရောင်အသွေးတောက်ပမှုအတွက်လည်း အားဖြည့်ပေးပါတယ်။ လက်သည်းခြောက်သွေ့မှုကင်းပြီး ပန်းရောင်သွေးသန်းစေဖို့ထောပတ်သီးကို စားပေးလို့ရသလို လက်သည်းပေါ်မှာ လိမ်းပေးလို့လည်းရပါတယ်။

  • ဗီတာမင် E
  • ဗီတာမင် E က လက်သည်းတွေကျန်းမာဖို့ လိုအပ်တဲ့ ဓါတ်တစ်ခုပါ။ လက်သည်းတွေကိုသွေးလည်ပတ်မှုကောင်းစေပြီး လက်သည်းတွေကိုအောက်ဆီဂျင် ရရှိစေဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင် E ပါဝင်အောင်စားသုံးပေးလို့ရသလို လက်သည်းမှာ တိုက်ရိုက်လိမ်းပေးဖို့လည်းရပါတယ်။ သန့်စင်ထားတဲ့ လက်သည်းလေးတွေပေါ်မှာ ဗီတာမင် E ကိုပုံမှန်လိမ်းပေးပါ။ ညအိပ်ရာမဝင်ခင် လူးအိပ်ပေးတာမျိုးလည်းရပါတယ်။

    ကဲ အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းလေးကိုရွေးပြီး လက်သည်းလေးကိုအရောင်တင်လိုက်တော့နော်…….

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement