backup og meta

မှဲ့ နဲ့တင်းတိပ် ခြားနားချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မှဲ့ နဲ့တင်းတိပ် ခြားနားချက်

    အရေပြားပေါ်က အစက်တစ်ခုဟာ မှဲ့လား တင်းတိပ်လားဆိုတာ စဉ်းစားဖူးပါသလား။ သူတို့နှစ်ခု ဘာကွာလဲရော သိပါသလား။ လူအတော်များများက ဒါကို ဂရုမစိုက်ကြပါဘူး။ သူတို့ဘယ်လို ကွာခြားတယ်ဆိုတာကို ဒီဆောင်းပါးက ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

    Nevi လို့ အသိများတဲ့ မှဲ့တွေဟာ အညို (သို့) အမည်းရောင် အစက်တွေအနေနဲ့ အရေပြားပေါ်မှာ ရှိပါတယ်။ မှဲ့တွေဟာ melanocytes တွေ စုပြုံပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး သူတို့ဟာ အရေပြားကို အရောင်ဖြစ်စေတဲ့ အရာတွေ ဖြစ်ပါတယ်။ မှဲ့တွေဟာ နေရောင်နဲ့ ထိတွေ့ရင်၊ ဆယ်ကျော်သက်အရွယ်မှာနဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ အရောင်ရင့်လာတတ်ပါတယ်။ ကလေးအရွယ်မှာ စတင်ပေါ်လာပြီးတော့ အချို့ကတော့ အသက် ၃၀ ကျော်မှာမှ စတင်ဖြစ်ပေါ်တတ်ပါတယ်။ သူတို့ဟာ ကိုယ်ခန္ဓာ အနှံ့မှာ ဖြစ်ပွားနိုင်ပြီးတော့ အချိန်ကြာလာတာနဲ့ အမျှ ပုံစံပြောင်းလဲနိုင်ပါတယ်။ ပုံသဏ္ဍာန်နဲ့ အရောင် ပြောင်းလဲနိုင်ပြီးတော့ နောက်ဆုံးမှာ ပျောက်သွားနိုင်ပါတယ်။

    တင်းတိပ်တွေကတော့ မျက်နှာနဲ့ လက်မောင်းမှာ ဖြစ်တတ်တဲ့ အညိုရောင် အစက်အသေးတွေပဲဖြစ်ပါတယ်။ အသားဖြူတဲ့သူတွေဟာ အခြားသူတွေထက် တင်းတိပ် ပိုဖြစ်တတ်ပါတယ်။ တင်းတိပ်တွေဟာ အန္တရာယ် မရှိပါဘူး။ မွေးကတည်းက (သို့) နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် တင်းတိပ်ရနိုင်ပါတယ်။

    မှဲ့တွေနဲ့ တင်းတိပ် အများစုဟာ အန္တရာယ် မရှိပါဘူး။ အဓိက ကွာခြားချက်ကတော့ တင်းတိပ်တွေမှာ melanocytes တွေ မပါဝင်ပါဘူး။ တင်းတိပ်တွေမှာ melanocytes တွေ မပါဝင်တာကြောင့် ပိုမိုပြင်းထန်တဲ့ အရေပြား အခြေအနေတွေကို ပြောင်းလဲခြင်း မဖြစ်နိုင်ပါဘူး။ မှဲ့တွေကတော့ အရေပြား ကင်ဆာတစ်မျိုးဖြစ်တဲ့ melanoma ဖြစ်သွားနိုင်ပါတယ်။ Melanoma ဟာ သွေးထွက်ခြင်း၊ ယားခြင်းနဲ့ နီမြန်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Melanoma ဟာ မှဲ့ကနေ ဖြစ်ပေါ်နိုင်ပြီးတော့ တစ်ခါတရံမှာ မှဲ့မရှိတဲ့ နေရာကလည်း ဖြစ်ပေါ်နိုင်ပါတယ်။

    မှဲ့တွေကို ကင်ဆာမဖြစ်စေဖို့အတွက် သေချာစောင့်ကြည့်သင့်ပါတယ်။

    • ပုံသဏ္ဍာန် ပြောင်းလဲခြင်း – အထူးသဖြင့် သူ့မှာ ပုံစံမမှန်တဲ့ အနားသတ်တွေ ရှိရင်
    • အရွယ်အစား ပြောင်းလဲခြင်း – အထူးသဖြင့် ပိုကြီးလာရင်
    • အရောင်ပြောင်းလဲခြင်း – မညီတဲ့ အညိုရောင်၊ အမည်းရောင် အစရှိသည်တို့ကို ရှာဖွေသင့်ပါတယ်။

    တစ်ကိုယ်လုံးကို စစ်ဆေးကြည့်ရှုဖို့ အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီးတဲ့ အချိန်ပဲဖြစ်ပါတယ်။ တကယ်လို့ မှဲ့တစ်ခုဟာ အချိန်နဲ့လိုက်ပြီး မပြောင်းလဲဘူးဆိုရင် စိတ်ပူစရာမရှိပါဘူး။ ရှိနေတဲ့ မှဲ့တစ်ခုမှာ ပြောင်းလဲမှုတွေ ရှိပြီဆိုရင် (သို့) မှဲ့ အသစ်တစ်ခု ဖြစ်ပြီဆိုရင် (သို့) အလှအပဆိုင်ရာကြောင့် မှဲ့ကို ဖယ်ထားချင်ပြီဆိုရင် အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    သင့်အရေပြားဆရာဝန်က မှဲ့ဟာ ကင်ဆာဖြစ်စေလားဆိုတာကို အသားစ ယူကြည့်ပါလိမ့်မယ်။ ရိုးရှင်းတဲ့ လုပ်ဆောင်မှုနဲ့ပဲ မှဲ့တွေကို ဖယ်ရှားနိုင်ပါတယ်။

    တင်းတိပ်ရော မှဲ့ရောဟာ ကိုယ်ခန္ဓ္ဓာမှာ ရှိတဲ့ အစက်တွေဖြစ်ပေမယ့် အန္တရယ် မရှိကြပါဘူး။ ပြောင်းလဲမှုတွေ ရှိရင်တော့ သတိထားမိဖို့လိုပါတယ်။ ပြင်းထန်တဲ့ နောက်ဆက်တွေ ဖြစ်ပွားနိုင်တာကြောင့် ကင်ဆာဖြစ်ပွားမှုကို စောစီးစွာ သိရှိဖို့လိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement