backup og meta

ဆောင်းရာသီမှာ လေဒီလှလှလေးဖြစ်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီမှာ လေဒီလှလှလေးဖြစ်စေဖို့

    အေးမြတဲ့ ဆောင်းရာသီ က ကိုယ်လက်လေ့ကျင့်ခန်းလုပ်လို့ကောင်းတယ်။ ဓါတ်ပုံရိုက်လို့လှတယ်။ အိပ်ရတာလည်းကောင်းတယ်။ ခရီးသွားရတာလည်းကောင်းတယ်နော်။ပျော်စရာတွေပြည့်နေတဲ့ ကာလအပိုင်းအခြားလေးပေါ့။ အားလုံးတော့ကောင်းပေမယ့်ဆောင်းအအေးဒဏ်က အသားအရေအတွက်တော့ မကောင်းပါဘူး။

    ဆောင်းအအေးဒဏ်ကြောင့် အသားအရေခြောက်သွေ့တာ၊ ကွဲအက်တာ၊သွေးထွက်တာတွေဖြစ်နိုင်ပါတယ်။ အပေါ်ယံအရေပြားအဖတ်လန်တာမျိုးတွေဖြစ်နိုင်သလို အရေပြားပြဿနာတော်တော်လေးကြုံတွေ့ရနိုင်တယ်နော်။ ဒီလိုမျိုးလူတိုင်းအရေပြားပြဿနာနဲ့ ရင်ဆိုင်နေရချိန်မှာ ကိုယ်ကအသားအရေစိုစိုပြေပြေလှေလှပပလေးနဲ့မြင်သူတိုင်း အားကျရတဲ့လေဒီလေးဖြစ်ဖို့ ဒီဆောင်းပါးလေးကနေတဆင့် ကူညီပေးပါရစေ။

    ဆောင်းရာသီမှာလိုက်နာရမယ့် အလှအပရေးရာအချက်များ

    ဆောင်းရာသီမှာ အရေပြားပြဿနာကင်းစင်ပြီး စိုပြေလှပတဲ့အသားအရေလေးနဲ့ကြော့ကြော့မော့မော့လေးလျစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။

    ရေနွေးနွေးလေးနဲ့ သန့်စင်ပါ

    မျက်နှာပဲသစ်သစ်၊ရေပဲချိုးချိုး၊ခြေလက်ပဲသန့်သန့်ရေအေးထက်ရေနွေးနွေးလေးကို အသုံးပြုဆေးကြောတာကချွေးပေါက်တွေကို အဆီပိတ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။ရေနွေးနွေးလေးနဲ့ရေချိုးပေးတာက စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေမှာပါ။

    ကိုယ်လက်သန့်စင်ပြီးတာနဲ့ အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ

    ဆောင်းရာသီမှာ ပုံမှန်ထက်ပိုပြီး အသားအရေကို အစိုဓါတ်ထိန်းဖို့လိုအပ်မှာပါ။နောက်တစ်ခုက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကရေချိုးပြီးစ မျက်နှာသစ်ပြီးစမှာ လူးပေးတာက အာနိသင်အကောင်းဆုံးပါ။ ဒါကြောင့်ရေချိုးပြီးတိုင်း မျက်နှာသစ်ပြီးတိုင်း အသားအရေကို ခြောက်သွေ့အက်ကွဲမှုတွေကင်းစင်စေဖို့ အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ။

    အသားအရေကို ကာကွယ်ပါ

    အသားအရေကိုဆောင်းအအေးဒဏ်ကနေရော၊နေရောင်ကနေပါကာကွယ်ရပါမယ်။ ဒါကြောင့်ဆောင်းရာသီဆိုပေမယ့်လည်းနေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။ အပြင်ထွက်တဲ့အခါ အင်္ကျီလက်ရှည်လေးဖြစ်ဖြစ် ဝတ်သွားပေးပါ။လေနဲ့နေရောင်ကြောင့် အသားအရေထိခိုက်မှုနည်းစေဖို့အတွက်ပါ။

    အစိုဓါတ်ထိန်းစက်ေလးဖွင့်ထားပေးပါ

    ဆေင်းရာသီမှာ အပူပေးစက်ဖွင့်ထားမယ့်အစားနွေးနွေးထွေးထွေးလေးဝတ်ထားပြီး အိမ်ခန်းထဲမှာ အစိုဓါတ်ထိန်းစက်လေးဖွင့်ထားပေးလိုက်ပါ။ အသးအရေကိုခြောက်သွေ့ခြင်းကင်းစေမှာပါ။

    ဆဲလ်သေတွေဖယ်ရှားပေးပါ

    ဒါကတော့ ရာသီဥတု ၃ ခုစလုံးမှာလိုအပ်မှာပါ။ဆောင်းရာသီမှာ အသားအရေခြောက်သွေ့မှာစိုးပြီး မလုပ်မိတာမျိုးဖြစ်နိုင်တာကြောင့် သတိပေးတာပါလေဒီလေးတို့ရေ။ဆောင်းရာသီမှာလည်း တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါနော်။

    Body Lotion လိမ်းပေးပါ

    မျက်နှာတင်မဟုတ်ပါဘူး။ ခန္ဓါကိုယ်အရေပြားတွေကိုလည်း စိုပြေလှပစေဖို့အတွက်နေ့စဉ် Body Lotion လိမ်းပေးပါ။ ဒါမှ အသားအရေခြောက်သွေ့ကွဲအက်တာ၊ အသားအရာင်မွဲခြောက်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ လက်သည်းလေးတွေကိုပါ Lotion လိမ်းပေးပါနော်။

    ရေများများသောက်ပါ

    ဆေင်းအေးလို့ရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ရေဓါတ်ပြည့်ဝနေမှ အသားအရေစိုပြေမယ်ဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့်ရေကိုပြည့်ပြည့်ဝဝလေးသောက်ပေးပါ။ရေအေးမသောက်ချင်ဘူးဆိုရင်လည်းရေခပ်နွေးနွေးလေးထဲကို သံပုရာရည်လေး တစ်စက်၊နှစ်စက်လောက်ညှစ်ထည့်ပြီးသောက်ပေးပါ။

    ကဖင်းနဲ့အယ်လ်ကိုဟောလျှော့သောက်ပါ

    ဆောင်းအေးအေးလေးမှာကော်ဖီပူပူလေးသောက်ရတာက အရသာရှိပေမယ့် အများကြီးမသောက်ပါနဲ့။ ကဖင်းက ခန္ဓါကိုယ်ကိုရေဓါတ်ဆုံးရှုံးစေပြီး အသားအရေခြောက်သွေ့စေနိုင်တာကြောင့်ပါ။နောက်တစ်ခုက အယ်လ်ကိုဟောပါ။ အယ်လ်ကိုဟောကလည်း ကိုယ်တွင်းရေဓါတ်ကို ဆုံးရှုံးစေနိုင်တာကြောင့် အသားအရေကိုခြောက်သွေ့စေနိုင်ပါတယ်။ ဒီတော့ အသားအရေထိခိုက်မှု မဖြစ်စေချင်ဘူးဆိုရင် ကဖင်းပါတဲ့သောက်စရာတွေအစား သစ်သီးဖျော်ရည်ေသာက်ပေးတာမျိုးလုပ်ပေးပါ။

    ကဲဒီအချက်လေးတွေလိုက်လုပ်ကြည့်ပြီးဆောင်းရာသီမှာ အသားအရေစိုစိုပြေပြေလေးနဲ့လှပတဲ့လေဒီလေးဖြစ်လိုက်ပါနော်……..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement