backup og meta

ဆိုရီရေးစစ် (psoariasis), နှင်းခူ (eczema), အရေပြားရောင်ရမ်းခြင်း (dermatitis) တို့ဘယ်လိုကွာခြားသလဲ


Dr. Su Sandy မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆိုရီရေးစစ် (psoariasis), နှင်းခူ (eczema), အရေပြားရောင်ရမ်းခြင်း (dermatitis) တို့ဘယ်လိုကွာခြားသလဲ

    အရေပြားပေါ်အနီကွက်ပေါ်၍ ယားယံခြင်း၊ ရောင်ယမ်းခြင်း သည် လူအများစုအတွက် အဆင်မပြေဖြစ်နိုင်ပါသည်။ အဖြစ်များသော အကြောင်းရင်းများမှာ psoriasis, eczema, and dermatitis တို့ဖြစ်ကြပါသည်။ ထိုရောဂါများသည် ဘယ်ရောဂါဖြစ်နေသည်ကို ခွဲခြား ရောဂါအမည်တပ်ရန်ခက်ပါသည်။

    Dermatitis (အရေပြားရောင်ယမ်းခြင်း)

    အရေပြားရောင်ယမ်းခြင်းသည် အရေပြားပေါ်တွင် ကွက်၍ ရောင်ယမ်းနေသောအခြေအနေကိုပြသော ကျယ်ဝန်းသောအသုံးအနှုန်းဖြစ်သည်။ အကယ်၍ သင့်အရေပြားကို တစ်ခုခုနှင့်ထိတွေ့မိသောအခါဖြစ်သောအခါ ထိုသို့ဖြစ်ပါက သင့်တွင်ထိတွေ့ခြင်းကြောင့် ဖြစ်သောအရေပြားရောင်ရောဂါရှိသည်ဟုပြောနိုင်သည်။ ထိုအခြေအနေကို နှစ်မျိုးခွဲနိုင်ပါသည်၊ နီရဲနာကျင်စေသောပစ္စည်းနှင့်ထိတွေ့မိခြင်းနှင့် ဓါတ်မတည့်ခြင်းတို့ဖြစ်ပါသည်။ အများစုတွင် နီရဲခြင်း၊ ယားယံသောအကွက်များထွက်ခြင်း လက္ခဏာများဖြစ်ကြသည်။

    Irritant contact dermatitis (ICD) သည် အဖြစ်များသော အရေပြားရောင်ယမ်းမှုဖြစ်ပြီး ဓါတုပစ္စည်းများ၊ အက်ဆစ်များ၊ ဆပ်ပြာများ၊ နှင့် ဆပ်ပြာမှုန့်များကဲ့သို့သော မတည့်သောပစ္စည်းနှင့် ထိတွေ့သည့်အခါ အရေပြားတွင် ရောင်ယမ်းလာခြင်းဖြစ်သည်။ Irritant contact dermatitis သည် သင့်တွင် အရင်က ထိုပစ္စည်းများနှင့် ထိတွေ့ခဲ့ခြင်း ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဖြစ်ပေါ်နိုင်သည်။ ICD ရှိလျင် သင့်လက်များတွင် အနီကွက်များထွက်လာပြီး ပူခြင်း၊ ယားယံခြင်း၊ နှင့် နာကျင်ခြင်းများခံစားရနိုင်သည်။ ထို့ကြောင့် မတည့်သောပစ္စည်းကို ရှောင်နိုင်အောင်ကြိုးစားရမည်။

    Allergic contact dermatitis (ACD) သည် အရာဝတ္တုတစ်ခုခုနှင့် ထိတွေ့သည့်အခါ ဓါတ်တုန့်ပြန်ခြင်း သို့မဟုတ် ဓါတ်မတည့်ခြင်းများဖြစ်တတ်သည်။ ဥပမာအားဖြင့် နီကယ်၊ သို့မဟုတ်အခြား သတ္ထုပစ္စည်းများ၊ နှင့် အချို့အနံ့များ၊ အချို့ဆေးများ သည် ဓါတ်မတည့်ခြင်းကိုဖြစ်စေနိုင်သည်။ လက္ခဏာအားဖြင့် ယားယံခြင်း၊ အရေပြားတွင် အနီအကွက်ထွက်ခြင်း၊ ကို ၂၄ နာရီမှ ၄၈ နာရီအတွင်း တွေ့ရှိရသည်။ မကြာခဏဖြစ်တတ်သောသူများတွင် မတည့်သော အရာဝတ္ထုနှင့် မတည့်ကြောင်းစစ်ဆေးထားသင့်သည်။

    Eczema (နှင်းခူ)

    နှင်းခူ ဘာကြောင့်ဖြစ်သည်ကို အတိအကျ မသိရပါ။ အများစုသောလေ့လာမှုများတွင် မျိုးရီုးဗီဇ နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်များကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဖြစ်များသောအမျိုးအစားမှာ atopic dermatitis ဖြစ်ပြီး ကလေးငယ်များတွင် ဖြစ်တတ်သည်။ ကလေးအသက် ၂ နှစ်ထက်ကြီးလာသောအခါ သို့မဟုတ် အရွယ်ရောက်လာသောအခါ ပျောက်သွားတတ်သည်။ သင့်တွင် နှင်းခူရောဂါဖြစ်သောအခါ သင်၏ အရေပြားတွင် ယားတတ်သော အကွက်များပေါ်လာပြီး နီရဲရောင်ယမ်းကာ ကုတ်မိလျင် အရေပြားများအဖတ်လိုက်ကွာကျနိုင်သည်။ အနီကွက်များသည် မျက်နှာ၊ လက်မောင်းအတွင်းဘက်၊ ဒူးဆစ်အနောက်ဘက် နှင့် လက်ဖဝါး၊ ခြေဖဝါးများတွင် တွေ့တတ်သည်။

    နှင်းခူရောဂါကို ပိုဆိုးစေသော အချက်များကို သိပြီး ရှောင်နိုင်လျှင်ကောင်းသည်။ များသောအားဖြင့် ဖြစ်စေသောအချက်များမှာ အိမ်သန့်ရှင်းရေးလုပ်သော ပစ္စည်းများ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာ၊ ကလိုရင်း၊ သိုးမွှေး၊ နှင့် ဆေးဝါးအချို့၊ တို့ဖြစ်ကြသည်။ အချို့သော ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ဥပမာ အပူချိန်ပြောင်းလဲခြင်း၊ စိတ်ဖိစီးမှု များသည်လည်း နှင်းခူရောဂါကို ပိုဆိုးစေသည်။ နှင်းခူရှိမရှိ ပြောရခက်သောကြောင့် သိနိုင်ရန် ဆရာဝန်နှင့် ပြသပါ၊ ဆရာဝန်မှ သင့်တွင် မိသားစုရာဇဝင်ရှိမရှိ မေးမြန်းပြီး ဓါတ်မတည့်သည့် ပစ္စည်းကို စစ်ဆေးရန် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရနိုင်ပါသည်။

    Psoriasis

    Psoriasis သည် ရေတာရှည်ရောဂါတစ်ခုဖြစ်ပြီး ခုခံအားစနစ် အလိုလိုတုံ့ပြန်တိုက်ခိုက်သောကြောင့် ဖြစ်နိုင်သည်။ သင့်တွင် Psoriasis ရောဂါဖြစ်လျင် အရေပြားထူခြင်း၊ အနီကွက်များပေါ်ခြင်း၊နှင့် ငွေရောင်အဖတ်များကွာကျခြင်းတို့ဖြစ်နိုင်ပါသည်။ အနီကွက်များဖြစ်လျင် ယားယံခြင်း၊ နာကျင်ခြင်း နှင့် ပူခြင်းတို့ဖြစ်နိုင်သည်။ လက်မောင်းအပြင်ဘက်နှင့် ဒူးဆစ်တွင် တွေ့ရတတ်သည်။ သို့သော် ဦးခေါင်းအရေပြားနှင့် လက်သည်းတွင်လည်း ဖြစ်တတ်သည်။ ဖြစ်စေသော အကြောင်းရင်းကို မသိရပါ။ သို့သော် များစွားသော အကြောင်းရင်းများက Psoriasis ကို ပိုဆိုးစေပါသည်။ ဥပမာအားဖြင့် စိတ်ဖိစီးမှု၊ ရာသီဥတုအေးခြင်း၊ အရေပြားထိခိုက်ခြင်း၊ နှင့် အခြားသော ဆေးဝါးများကြာင့် ဖြစ်နိုင်ပါသည်။ atopic dermatitis နှင့် မတူပဲ Psoriasis သည် ကလေးငယ်များတွင် မတွေ့ရပဲ လူကြီးများတွင်သာ ဖြစ်တတ်သည်။ Psoriasis သည် အခြားသော အရေပြားရောဂါများနှင့် တူနိုင်သည့်အတွက် ရောဂါအမည်တပ်နိုင်ရန် ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။ အချိုသော လူနာများတွင် အကောင်းဆုံးကုသမှုရရန်အတွ့က် ဆရာဝန်မှ အရေပြားမှ အသားစယူခြင်းကို ဆောင်ရွက်နိုင်ပါသည်။

    ထိုအရေပြားရောဂါများကို ခွဲခြားရန် သီးသန့်စစ်ဆေးသည့် နည်းလမ်းမရှိပါ။ အလွန်ဆင်တူသောကြောင့် ခွဲခြားရန်ခက်ခဲပါသည်။ ထို့ကြောင့် သင့်အရေပြားတွင် ဘာဖြစ်နေသည်ကို သိရှိရန် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေနွေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement