အဓိပ္ပါယ်ဖွင့်ဆိုချက်။
အဓိပ္ပါယ်ဖွင့်ဆိုချက်။
Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဆိုတာဘာလဲ။
Stevens-Johnson syndrome ဟာ အရေပြားနဲ့ အမြှေးပါးတွေဖြစ်တဲ့ ရှားပါးပြီး ပြင်းထန်တဲ့ ဓါတ်မတည့်ရောဂါတစ်ခုဖြစ်ပါတယ်။ သူဟာ များသောအားဖြင့် ဆေးတစ်ခုခု (သို့) ရောဂါပိုးတစ်ခုခုကို တုန့်ပြန်ခြင်းကြောင့် ဖြစ်တာဖြစ်ပါတယ်။ တုတ်ကွေးလို လက္ခဏာတွေ စစချင်း ဖြစ်ပြီးတော့ နာကျင်တဲ့ အနီရောင် (သို့) ခရမ်းရောင်အကွက်တွေ ဖြစ်လာပြီး အရည်ကြည်ဖုတွေ ပေါက်လာတတ်ပါတယ်။ အရေပြားရဲ့ အပေါ်ဆုံးလွှာက ဆဲလ်တွေဟာ သေဆုံးသွားပြီး ကွာကျလာပါတယ်။ Stevens-Johnson syndrome ဟာ ဆေးရုံတက်ပြီး ကုသဖို့လိုအပ်တဲ့ ပြင်းထန်တဲ့ အရေးပေါ် အခြေအနေတစ်ခုဖြစ်ပါတယ်။
Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။
Stevens-Johnson syndrome ဟာ ကမ္ဘာအနှံ့မှာ လူမျိုးစု အစုံမှာဖြစ်ပွားနိုင်ပါတယ်။ အဖြူတွေမှာတော့ ပိုအဖြစ်များပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ဒီရောဂါဟာ လူတွေမှာတင်မကပဲ ခွေးတွေ၊ ကြောင်တွေနဲ့ မျောက်တွေမှာပါ တွေ့ရှိရပါတယ်။ ဒီအခြေအနေဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။
ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ရောဂါလက္ခဏာများ။
Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ)ရဲ့ လက္ခဏာတွေက ဘာတွေလဲ။
Stevens-Johnson syndrome ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
တကယ်လို့ Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဖြစ်မယ်ဆိုရင် အကွက်မထခင် ရက်ပေါင်းများစွာတည်းက အောက်ပါ လက္ခဏာတွေ ကြိုတင်ဖြစ်နိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။
စောစောစီးစီးရောဂါ ရှာဖွေတွေ့ရှိပြီး ကုသခြင်းဟာ အခြေအနေပိုမိုဆိုးရွားခြင်းကို ရပ်တန့်နိုင်ပြီး အရေးပေါ် အခြေအနေဖြစ်ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ပြင်းထန်ရောဂါဖြစ်ပွားခြင်းကို ကာကွယ်နိုင်ဖို့ တတ်နိုင်သမျှစောစော ဆရာဝန်ကို ပြသသင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဖြစ်ပွားမှုအကြောင်းရင်းများ။
ဘာတွေက Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဖြစ်ပွားစေသလဲ။
Stevens-Johnson syndrome ဖြစ်ပွားတဲ့ အခြေခံအကြောင်းရင်း နှစ်မျိုးရှိပါတယ်။
Stevens-Johnson syndrome ဖြစ်စေတဲ့ ဆေးတွေကတော့
Stevens-Johnson syndrome ဖြစ်စေတဲ့ ကူးစက်ရောဂါတွေကတော့
ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။
ဘယ်အရာတွေက Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
Stevens-Johnson syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ဗိုင်းရပ်စ်ရောဂါပိုးများ
ရေယုန်၊ အဆုတ်အအေးပတ်ခြင်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (သို့) အသည်းရောင်ခြင်းတွေဖြစ်မယ်ဆိုရင် Stevens-Johnson syndrome ဖြစ်နိုင်ခြေ မြင့်မားနိုင်ပါတယ်။
ကိုယ်ခံအားကျဆင်းခြင်း
ကိုယ်ခံအားစနစ် ကျဆင်းမယ်ဆိုရင်လည်း Stevens-Johnson syndrome ဖြစ်ပွားနှုန်းမြင့်နိုင်ပါတယ်။ ကိုယ်အင်္ဂါ အစားထိုး ကုသခြင်း၊ HIV/AIDS နဲ့ မိမိခန္ဓကိုယ်ဆဲလ်များကိုပြန်တိုက်ခိုက်သော ကိုယ်ခံအားစနစ်ချို့ယွင်းသော ရောဂါ (ဥပမာ -အရေပြားလေးဖက်နာ )တွေမှာ ကိုယ်ခံအားကျဆင်းနိုင်ပါတယ်။
Stevens-Johnson syndrome ဖြစ်ဖူးခြင်း
အရင်တုံးက ဆေးတစ်ခုခုကြောင့် ဒီရောဂါဖြစ်ဖူးတယ်ဆို ဒီဆေးထပ်သုံးရင် ရောဂါ ထပ်ဖြစ်နိုင်ပါတယ်။
Stevens-Johnson syndrome ဖြစ်ဖူးသူ မိသားစုအတွင်းရှိခြင်း
Stevens-Johnson syndrome (သို့) toxic epidermal necrolysis (ပြင်းထန်အရေပြားပျက်စီးသော ရောဂါ) ဖြစ်ဖူးသူ မိသားစုထဲမှာ ရှိရင် ဒီရောဂါ ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။
ဒီရောဂါရှိတယ်လို့ သံသယ ရှိပြီဆိုရင် ကိုယ်ခန္ဓါ စစ်ဆေးမှုနဲ့ သွေးစစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။ အရေပြားစစ်ဆေးမှုကိုလည်း ရောဂါအတည်ပြုဖို့ အသုံးပြုနိုင်ပြီး သင့်ဆရာဝန်ဟာ အရေပြားနမူနာကို ဓါတ်ခွဲခန်း စမ်းသပ်ဖို့ ယူနိုင်ပါတယ်။
Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ကို ဘယ်လိုကုသလဲ။
အောက်ပါကုသမှုတွေ ပါဝင်ပါတယ်။
အရေးအကြီးဆုံး ပထမအချက်ကတော့ ဒီရောဂါဖြစ်နိုင်ခြေရှိတဲ့ ဆေးတွေ ရပ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။
ဆေးရုံတက်စဉ်မှာ ရရှိနိုင်တဲ့ အထောက်အကူတွေကတော့
အရေပြားဆုံးရှုံးမှုဟာ ကိုယ်ခန္ဓါက အရည် အမြောက်အမြား ဆုံးရှုံးမှုကို ဖြစ်စေနိုင်တာကြောင့် အရည်သွင်းပေးခြင်းဟာ အရေးကြီးပါတယ်။ အရည်နဲပ အာဟာရတွေကို နှာခေါင်းပိုက်မှတစ်ဆင့် အစာအိမ်အတွင်းကို သွင်းပေးသင့်ပါတယ်။
အနာကို အေးမြတဲ့အရာတွေနဲ့ ဖိထားပေးခြင်းဟာ အရည်ကြည်ဖုတွေကို သက်သာစေပါလိမ့်မယ်။
မျက်လုံးအထူးကု ဆရာဝန်က ကြည့်ပေးပါလိမ့်မယ်။
Stevens-Johnson syndrome ကိုကုသဖို့ဆေးတွေကတော့
ရောင်ရမ်းမှုကျစေတဲ့ဆေးများ (ကော်တီကို စတီးရွိုက်) တို့ ပဲဖြစ်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
တကယ်လို့ ဆေးတစ်ခုကြောင့်ဖြစ်ပွားတာဆိုရင် ဒီဆေးအမည်နဲ့ သူနဲ့ တူတဲ့ဆေးတွေအကြောင်းကို သိထားသင့်ပါတယ်။
သင့်မှာ Stevens-Johnson syndrome ဖြစ်ဖူးတယ်ဆိုတာကို ဆရာဝန်ကိုပြောထားပါ။ ဆေးကြောင့်ဖြစ်တာဆိုရင် ဘယ်ဆေးလဲဆိုတာပါ ပြောထားပါ။
ရောဂါအခြေအနေနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာပါ ရေးထားပြီး ဒီ လက်ကောက် (သို့) ဆွဲကြိုးကို အမြဲဆွဲထားသင့်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။