backup og meta

နှင်းခူပေါက်နေစဉ် ရှောင်ကြဉ်သင့်သော အစားအစာများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှင်းခူပေါက်နေစဉ် ရှောင်ကြဉ်သင့်သော အစားအစာများ

    နှင်းခူနာဆိုတာဘာလဲ။

    နှင်းခူနာဟာ အရေပြားကို နီရဲပြီး ယားယံစေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ သူဟာ နာတာရှည်ဖြစ်ပြီး အချိန်ပိုင်းအလိုက်ပြန်ဖြစ်လိုက် သက်သာသွားလိုက် ဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ ပန်းနာရင်ကျပ် (သို့) ဓါတ်မတည့်ရောဂါ တို့နဲ့ တွဲဖြစ်တတ်ပါတယ်။

    နှင်းခူနာကို ကုသရင် ဘယ်အစားအစာတွေကို ရှောင်ကြဉ်သင့်သလဲ။

    နှင်းခူနာဟာ တစ်ခါတရံမှာ အစားအသောက်နဲ့ မတည့်တာကြောင့် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက်တစ်နှစ်မပြည့်မီမှာ အဖြစ်များပါတယ်။ နှင်းခူနာဖြစ်တဲ့ ကလေးတွေမှာ လုပ်ထားတဲ့ လေ့လာမှုအချို့က ဒီကလေးတွေရဲ့ သုံးပုံပုံ တစ်ပုံကနေ နှစ်ပုံအထိဟာ အစားအသောက်နဲ့ မတည့်တာ ဖြစ်ပါတယ်။

    ဒါဟာ အစားအသောက်ဓါတ်မတည့်ခြင်းက နှင်းခူနာ ဖြစ်စေတယ်လို့ မဆိုလိုပါဘူး။ ဒါကြောင့် အစားအသောက် ရပ်လိုက်ခြင်းဟာ နှင်းခူနာကို မကုသပေးနိုင်ပါဘူး။ ဒါပေမယ့် ကလေးတွေမှာ ဖြစ်နေတဲ့ လက္ခဏာတွေကိုတော့ သက်သာစေနိုင်ပါတယ်။ (ဥပမာ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အသက်ရှူကျပ်ခြင်း)

    ပြင်းထန်တဲ့ နှင်းခူနာရှိတဲ့ ကလေးတွေမှာ မတည့်တဲ့ အစားအစာတွေကို ရပ်လိုက်ခြင်းဟာ ရောဂါထိန်းချုပ်မှုကို ကူညီပေးပါတယ်။ ဒါကို ကျွမ်းကျင်တဲ့ဆရာဝန်၊ အာဟာရပညာရှင် တွေနဲ့ တိုင်ပင်ပြီး လုပ်ရမှာ ဖြစ်ပါတယ်။

    အရေပြား သက်သာလာရင် အစားအသောက်စိန်ခေါ်မှု လို့ ခေါ်တဲ့ အစားအစာ တစ်ခုဟာ ဒီရောဂါဖြစ်စေသလားဆိုတာ သိစေဖို့ တစ်ခေါက် ကျွေးကြည့်ရမှာ ဖြစ်ပါတယ်။ အစားအစာကိုရပ်ပြီး နှစ်ပတ်နေတဲ့အထိ အကျိုးမရှိဘူးဆိုရင်တော့ ဒါဟာ အစားအသောက်ကြောင့် မဖြစ်နိုင်ပါဘူး။ နှင်းခူနာ ဖြစ်စေနိုင်တဲ့ အစားအသောက်တွေကတော့

    • နို့ထွက်ပစ္စည်းများ
    • နွားနို့
    • အစေ့များ
    • ပဲထွက် ပစ္စည်းများ
    • ဂျုံ
    • ငါး တို့ပဲဖြစ်ပါတယ်။

    အစားအစာတစ်မျိုးက နှင်းခူနာကို ပိုဆိုးစေလားဆိုတာ ဘယ်လိုသိနိုင်မလဲ။

    တချို့အခြေအနေတွေမှာ ရုတ်တရက် ဓါတ်မတည့်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဓါတ်မတည့်ခြင်းဖြစ်စေတဲ့ အစားအစာကို စားပြီးပြီးချင်း နှစ်နာရီအတွင်း ဖြစ်တတ်ပါတယ်။ စားပြီးချိန်မှာ ယားယံပြီး ကုတ်ခြင်းတွေ ပိုဆိုးလာပါလိမ့်မယ်။

    အဖြစ်များတဲ့ လက္ခဏာကတော့ နီရဲခြင်း၊ ရောင်ရမ်းခြင်းနဲ့ ပါးစပ်ပတ်လည်မှာ ယားယံခြင်းပဲဖြစ်ပါတယ်။ နောက် လက္ခဏာတစ်ခုကတော့ အင်ပြင်တွေပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ယားယံပြီး အရည်တွေနဲ့ ပြည့်နေတဲ့ အဖုတွေဟာ အရေပြားပေါ်မှာပေါ်လာမှာ ဖြစ်ပါတယ်။

    အခြား လက္ခဏာတွေကတော့ ဗိုက်နာခြင်း၊ အန်ခြင်း၊ အသက်ရှူစဉ် အသံထွက်ခြင်း၊ မျက်လုံးယားခြင်းနဲ့ နှာချေခြင်း တို့ပဲ ဖြစ်ပါတယ်။

    အချို့အခြေအနေတွေမှာတော့ ကြာမြင့်မှ ဓါတ်မတည့်မှု ဖြစ်တတ်ပါတယ်။ မတည့်တဲ့အစားအသောက် စားပြီး ၆ နာရီကနေ ၂၄ နာရီကြာမှ လက္ခဏာပေါ်တတ်ပါတယ်။ လက္ခဏာတွေကတော့ ယားယံခြင်းနဲ့ နှင်းခူနာတို့ပဲဖြစ်ပါတယ်။ တခါတလေ ဗိုက်နာခြင်းနဲ့ ဝမ်းလျှောခြင်းလဲ ဖြစ်နိုင်ပါတယ်။

    တကယ်လို့ အစားအသောက်တစ်ခုခုက နှင်းခူနာကို ပိုဆိုးစေပြီဆိုရင် ဆရာဝန်နဲ့ ပြသနိုင်ပါတယ်။ ၄ ပတ်ကနေ ၆ ပတ်အထိ ဆရာဝန်က ဒိုင်ယာရီ ရေးခိုင်းနိုင်ပါတယ်။

    ရည်ရွယ်ချက်ကတော့ ဖြစ်လာတဲ့ လက္ခဏာတွေတဲ့ စားမိတဲ့ အစားအသောက်နဲ့ အရည်တွေကို ရေးမှတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုရေးမှတ်ခြင်းဟာ သံသယ ရှိစရာ အစာတွေကို တွေ့ရှိလာနိုင်ပါတယ်။

    အစားအသောက်မတည့်ခြင်းအတွက် ဆရာဝန်တွေ ရောဂါအမည်တပ်ဖို့ အသုံးပြုတဲ့ စစ်ဆေးမှုများစွာ ရှိပါတယ်။ လက်ထိပ်ဖေါက်ခြင်းနဲ့ သွေးစစ်ခြင်းတွေလဲ ပါဝင်ပါတယ်။ ဒါပေမယ့် အစားအသောက်စိန်ခေါ်မှု လုပ်ခြင်းကသာ အစားအသောက်နဲ့ မတည့်ခြင်းက နှင်းခူနာ ဖြစ်စေလားဆိုတာကို သိစေတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

    အစားအသောက်ဓါတ်မတည့်မှုတွေကို ရောဂါအမည်တပ်ဖို့ ဓါတ်မတည့်ရောဂါပညာရှင် ကို ပြသဖို့လိုအပ်ပါတယ်။ ဓါတ်မတည့်မှု မဖြစ်စေတာသေချာတဲ့ အစားအစာတွေကိုပဲ စားသောက်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement