backup og meta

ဆားဝက်ခြံတွေကို နှိမ်နင်းဖို့ နည်းလမ်းများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆားဝက်ခြံတွေကို နှိမ်နင်းဖို့ နည်းလမ်းများ

    ဆားဝက်ခြံဟာ ဆယ်ကျော်သက်တွေ အတွက်သာမက လူကြီးတွေအတွက်ပါ အရေပြား ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဆားဝက်ခြံ တွေကို ညှစ်ထုတ်လိုက်ခြင်းဟာ အရေပြားပေါ်မှာ အပေါက်တွေကို ချန်ထားခဲ့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းစေပါတယ်။ ဒါပေမယ့် ဒီ ဆားဝက်ခြံတွေကို လျော့ကျစေဖို့နဲ့ ကာကွယ်ဖို့ကို ကူညီပေးမယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။

    ဆားဝက်ခြံ ဆိုတာဘာလဲ။

    ဆားဝက်ခြံ တွေဟာ ဝက်ခြံတစ်မျိုးဖြစ်ပြီး မျက်နှာရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ နှာခေါင်း၊ နှဖူး၊ ပါး အစရှိတဲ့နေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ သူတို့ဟာ မွေးညင်းပေါက်တွေထဲမှာ ပိတ်နေတဲ့ အဆီဖြစ်ပြီး အောက်စီဂျင်နဲ့ ထိတွေ့မှုကြောင့် မည်းနေတာ ဖြစ်ပါတယ်။

    ၁။ သင့်အရေပြား အမျိုးအစားကို သိအောင်လုပ်ပါ။

    သင့်မှာ အဆီပြန်၊ ပုံမှန်၊ ခြောက်သွေ့ (သို့) ပေါင်းစပ် အသားအရေ ရှိတယ်ဆိုတာကို အလှကုန်ပစ္စည်းတွေ ရွေးချယ် ဝယ်ယူဖို့ သိထားသင့်ပါတယ်။ လူအချို့ရဲ့ အရေပြားဟာ သိပ်အထိမခံနိုင်တောကြောင့် သူတို့ဟာ ထိခိုက်လွယ်တဲ့အရေပြား အတွက် လုပ်ထားတဲ့ ထုတ်ကုန်တွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ မသင့်လျော်တဲ့ ထုတ်ကုန်တွေကို သုံးစွဲခြင်းဟာ ချွေးပေါက်ပိတ်စေပြီး ဝက်ခြံထွက်လာစေပါတယ်။

    ၂။ ရေငွေ့ခံခြင်း

    ဆားဝက်ခြံတွေကို မညှစ်ခင် ချွေးပေါက်တွေ ကျယ်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရေငွေ့ခံခြင်းဟာ ဆားဝက်ခြံတွေကို ဖယ်ရှားဖို့ အရေးကြီးတဲ့ အဆင့်ဖြစ်ပါတယ်။ ရေပူပူထဲမှာ သံပုရာသီးနဲ့ ဂျင်းကိုထည့်ပြီး ပန်းကန်လုံးထဲကို ထည့်သင့်ပါတယ်။ အဝတ်တစ်ခုနဲ့ ဦးခေါင်းကို ကာထားပြီး မျက်နှာကို ရေငွေ့ခံခြင်းကို ဆယ်မိနစ်ကနေ ဆယ့်ငါးမိနစ်လောက်အထိ ပြုလုပ်သင့်ပါတယ်။ ရေနွေးမျက်နှာပြင်နဲ့ မျက်နှာကို အလွန်နီးကပ်စွာ ထားခြင်းဟာ အသားလောင်ခြင်းကို ဖြစ်စေနိုင်ပါတဲ့အတွက် ဒီအချက်ကိုတော့ သတိပြုပါ။

    ၃။ မညှစ်ပါနဲ့။

    လူအချို့ဟာ ဆားဝက်ခြံတွေကို ညှစ်ထုတ်တတ်ကြပါတယ်။ ဒီလိုညှစ်ထုတ်ခြင်းဟာ ရောင်ရမ်းပြီး ရောဂါပိုးဝင်ခြင်းကို ဖြစ်စေတာမို့ မကောင်းတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေဟာ ဆားဝက်ခြံတွေကို မကာကွယ်နိုင်ရုံသာမက ပြန်ပေါက်လာစေနိုင်ပါတယ်။

    ၄။ ဆားဝက်ခြံတွေ ပိုများလာရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

    အချို့အခြေအနေမျိုးမှာ အရေပြားဆရာဝန်နဲ့ ပြသဖို့လိုအပ်နိုင်ပါတယ်။ ပြင်ပ အခြေအနေတွေဖြစ်တဲ့ လေထုညစ်ညမ်းမှု (သို့) ဆဲလ်အသေတွေဟာ ဆားဝက်ခြံတွေကို ဖြစ်ပွားစေရုံသာမက ကိုယ်ခန္ဓါအတွင်းပိုင်းက အခြေအနေတွေဖြစ်တဲ့ ဟော်မုန်းဓါတ်တွေဟာလည်း ဆားဝက်ခြံဖြစ်ပွားစေပါတယ်။ ဆရာဝန်ဟာ သင့်ဆားဝက်ခြံတွေရဲ့ ပြင်းထန်မှု အခြေအနေကို စမ်းသပ်ပြီး သင့်လျော်တဲ့ ကုသမှုကို ပေးမှာ ဖြစ်ပါတယ်။

    ၅။ အရေပြားကို သန့်စင်အောင်ထားပါ။

    လူတွေပြောလေ့ရှိတာက ဆားဝက်ခြံတွေကို ကုသတာထက် ကာကွယ်တာက ပိုသာလွန်တယ်ဆိုတာပဲဖြစ်ပါတယ်။ သင့်အရေပြားပေါ်မှာ ဆားဝက်ခြံဖြစ်ပေါ်ခြင်းကနေ ရှောင်ကျဉ်နိုင်ဖို့ အရေပြားကို သန့်စင်အောင် ထားဖို့ လိုအပ်ပါတယ်။ မနက်မိုးလင်းရင် (သို့) ညမအိပ်ခင် ဆားဝက်ခြံဖြစ်ပေါ်စေတဲ့ အဆီစုဝေးမှုကို ရှောင်ကျဉ်ဖို့ မျက်နှာသစ်သင့်ပါတယ်။ နေ့တိုင်း မိတ်ကပ်လိမ်းရင် အရေပြားကို ကြည်လင်စေဖို့ မိတ်ကပ်ဖျက်ဆေးတွေကို အသုံးပြုပြီး သေချာဖျက်သင့်ပါတယ်။

    အလှအပဟာ ဘဝရဲ့ အောင်မြင်မှုကို ရရှိဖို့ အရေးပါတဲ့ အချက်တစ်ခုဖြစ်တာကြောင့် သင့်အရေပြားကို ဝက်ခြံနဲ့ ဆားဝက်ခြံရန်ကနေ ကာကွယ်ပေးဖို့ သတိရသင့်ပါတယ်။ ဒါမှသာ သင့်ဘဝမှာ အရာရာကို ယုံကြည်မှုရှိရှိ နဲ့ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement