backup og meta

အရေးအကြောင်းတွေ ဘယ်လိုဖြစ်လာတာလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေးအကြောင်းတွေ ဘယ်လိုဖြစ်လာတာလဲ

    အရေးအကြောင်းတွေဟာ ဘာတွေလဲ။

    အရေးအကြောင်းတွေဟာ အသက်ကြီးလာလို့ သဘာဝအလျောက် ဖြစ်လာတာဖြစ်ပြီး နေနဲ့ ထိတွေ့မှုများတဲ့ အရေပြားမှာ အများဆုံးဖြစ်တတ်ပါတယ်။ မျက်နှာ၊ လည်ပင်း၊ လက်နဲ့ လက်မောင်းတွေမှာ ပိုအဖြစ်များပါတယ်။

    မျိုးရိုးဗီဇကလည်း အရေပြားရဲ့ တည်ဆောက်ပုံနဲ့ အသားကို လွှမ်းမိုးမှုရှိပေမယ့် နေရောင်ထိတွေ့ခြင်းဟာတော့ အရေးအကြောင်းတွေဖြစ်စေတဲ့ အဓိက အကြောင်းရင်းပဲဖြစ်ပါတယ် (အထူးသဖြင့် အသားဖြူတဲ့ သူတွေမှာ ပိုဆိုးပါတယ်။) အခြား အချက်တွေဖြစ်တဲ့ ညစ်ညမ်းစေတဲ့ ပစ္စည်းတွေနဲ့ ဆေးလိပ်သောက်ခြင်းတွေကလည်း အရေးအကြောင်းတွေကို ဖြစ်စေပါတယ်။

    တကယ်လို့ အရေးအကြောင်းတွေက သင့်ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် သူတို့ကို ချောမွေ့သွားစေဖို့ (သို့) သိပ်မမြင်သာစေဖို့အတွက် နည်းလမ်းတွေ ရှိပါတယ်။ ဆေး၊ အရေပြား ပြန်လည်တည်ဆောက်မှု နည်းလမ်းများ၊ fillers၊ ဆေးထိုးခြင်းနဲ့ ခွဲစိတ်ခြင်းတို့ဟာ အရေးအကြောင်းကို ထိရောက်စွာ ကုသပေးနိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။

    အကြောင်းရင်း

    အရေးအကြောင်းတွေဟာ ဘာကြောင့် ဖြစ်တာပါလဲ။

    အရေးအကြောင်းတွေဟာ အချက်အလက်တွေ ပေါင်းစုမှုကြောင့် ဖြစ်ပွားတတ်ပါတယ်။ အချို့ကို ထိန်းချုပ်နိုင်ပြီးတော့ အချို့ကတော့ ထိန်းချုပ်လို့ မရပါဘူး။

    • အသက် – အသက်ကြီးလာမယ်ဆိုရင် အသားအရည်ဟာ ပိုပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်း နည်းပါးလာပြီး အထိမခံပိုဖြစ်လာနိုင်ပါတယ်။ သဘာဝအဆီတွေ ထုတ်လုပ်မှုကျဆင်းလာခြင်းဟာ အရေပြားကိုခြောက်သွေ့စေပြီး အရေးအကြောင်းတွေ ပိုမိုဖြစ်စေပါတယ်။ အရေပြားအောက်နက်တဲ့ အလွှာမှာ ရှိတဲ့အဆီတွေဟာလည်း ပျောက်ကုန်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပျော့တွဲတဲ့ အရေပြားကိုဖြစ်လာစေပြီး အရေးအကြောင်းတွေဟာ ပိုမိုသိသာလာတာဖြစ်ပါတယ်။
    • UV rays တွေနဲ့ ထိတွေ့မှု ရှိခြင်း – UV rays တွေဟာ သဘာဝအတိုင်း အသက်ကြီးခြင်း ဖြစ်စဉ်ကို ပိုမိုအရှိန်မြှုင့်ပေးပြီး အရေးအကြောင်းဖြစ်ပေါ်စေပါတယ်။ UV rays တွေနဲ့ ထိတွေ့မှုရှိခြင်းဟာ အရေပြားရဲ့ connective tissue တွေဖြစ်တဲ့ collagen နဲ့ elastin တွေကို ပျက်စီးစေပါတယ်။ သူတို့မရှိရင် အရေပြားဟာ ပျော့ပျောင်းမှု မရှိပဲ အားအင်နည်းပါးလာပါတယ်။ ဒါကြောင့် အရေပြားရှုံ့တွလာပြီး အရေးအကြောင်းတွေ ပေါ်လာတာဖြစ်ပါတယ်။
    • ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်ခြင်းဟာ အရေပြား အိုမင်းခြင်းကို မြှင့်တက်ပေးပြီး အရေးအကြောင်းတွေဖြစ်စေပါတယ်။ ဒါဟာ အရေပြားကို သွားတဲ့ သွေးစီးဆင်းမှု ပြောင်းလဲတာကြောင့် ဖြစ်ပါတယ်။
    • ထပ်ခါထပ်ခါလုပ်တဲ့ မျက်နှာ အမူအရာများ – မျက်စိစွေကြည့်ခြင်း၊ ပြုံခြင်းအစရှိတဲ့ မျက်နှာ အမူအရာတွေဟာ အရေးအကြောင်းတွေကို ဖြစ်စေပါတယ်။ မျက်နှာ ကြွက်သားတစ်ခုကို အသုံးပြုစဉ်တိုင်းမှာ အရေပြားအောက်ခြေမှာ အပ်ကြောင်းတစ်ခုဖြစ်ပေါ်သွားပါတယ်။ အသက်ကြီးလာတဲ့အခါမှာ သူဟာ ပျော့ပြောင်းမှု မရှိတော့တာကြောင့် ပုံမှန်အနေအထားကို ပြန်မရောက်နိုင်တော့ပါဘူး။ ဒါဆို ဒီအကြောင်းတွေဟာ အသေဖြစ်သွားပြီး အရေးအကြောင်း ဖြစ်ကျန်ခဲ့ပါတယ်။

    လက္ခဏာများ

    အရေးအကြောင်းတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    အရေးအကြောင်းတွေဟာ အရေပြားပေါ်မှာ ပေါ်လာတဲ့ လိုင်းတွေပဲဖြစ်ပါတယ်။ အချို့ အရေးအကြောင်းတွေဟာ နက်နဲပြီးတော့ မျက်လုံး၊ ပါးစပ်နဲ့ လည်ပင်းတစ်ဝိုက်မှာ အတွေ့များပါတယ်။

    ဆရာဝန်ကို ဘယ်အချိန်မှာ ပြသသင့်လဲ။

    အရေပြားရဲ့ ပုံစံနဲ့ ပတ်သက်လို့ စိတ်ပူမှု ရှိလာပြီဆိုရင် အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သူဟာ အရေပြားကို စစ်ဆေးပြီးတော့ တစ်ယောက်ချင်းဆီအတွက် သင့်တော်တဲ့ အရေပြားထိန်းသိမ်းမှု အစီအစဉ်ကို ပြောပြနိုင်ပါတယ်။ ဆေးပညာဆိုင်ရာ အရေးအကြောင်း ကုသမှုတွေကိုလည်း အကြံပေးနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement