backup og meta

သဘာဝအတိုင်းအသားဖြူစေမယ်


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 28/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သဘာဝအတိုင်းအသားဖြူစေမယ်

    ပြစ်မျိုးမှဲ့မထင်ဖြူစင်တဲ့အသားအရေဟာ အများစုလိုချင်ကြတဲ့ ဆန္ဒတစ်ခုပါပဲ။ အသားဖြူခရင်တွေ၊ လိုးရှင်းတွေဟာလည်း ဈေးကွက်တခွင်မှာ ပလူပျံနေပါတယ်။ ဒါပေမယ့် ထိုအရာတွေမှာ အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေပါနေနိုင်ပါတယ်။ ပြီးတော့ အကုန်အကျလည်းများသေးတယ်မို့လား။ ကျွမ်းကျင်သူတွေက အသားဖြူရန် အသုံးပြုသင့်သည့် သဘာဝအသားဖြူနည်းတစ်နည်း အကြံပေးထားပါတယ်။

    ထိုနည်းကိုကြည့်လိုက်ရအောင်-

    သဘာဝပစ္စည်းများကိုအသုံးပြုသော အသားအရေထိန်းသိမ်းစောင့်ရှောက်သည့်နည်းဖြစ်တယ်။ အသင့်တော်ဆုံး၊ အကောင်းဆုံး အသားအရေစောင့်ရှောက်သည့်ပစ္စည်းများသုံးရုံတင်မကပဲ သင့်ကျန်းမာရေးအတွက် စားသောက်ပုံစံ၊ အမူအကျင့်တွေပါ ထည့်သွင်းစဉ်းစားသောနည်းဖြစ်တယ်။

    သင့်နေစဉ်လှုပ်ရှားလုပ်ကိုင်ပုံတွေမှာ သင့်မျက်နှာမှာအမည်းစက်တွေဖြစ်စေသော အကြောင်းအရင်းတွေပါကောင်းပါနေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အသားအရေကျန်းမာရေးအတွက် ရန်သူအကြီးကြီးဖြစ်တယ်။ အရေပြားခြောက်သွေ့မည်းညစ်စေပါတယ်။ အရေးကြောင်းတွေလျင်မြန်စွာဖြစ်စေနိုင်ပြီး အစက်အပြောက်များလည်းဖြစ်ပေါ်စေတယ်။

    ဒါ့အပြင် နေလောင်ခြင်းကလည်း သင့်အသားအရေမည်းညစ်စေပါတယ်။ လိုအပ်သောအာဟာရများမပါဘဲ ကျန်းမာစွာမစားသောက်ခြင်းဟာလည်း အသားအရေပျက်စီးစေသော နောက်တစ်ချက်ဖြစ်တယ်။ တကယ်လို့ အသားဖြူလိုပါက အိမ်တွင်းအသားဖြူပစ္စည်းတွေ သုံးတာအပြင် နေထိုင်မှုပုံစံပါပြောင်းရပါလိမ့်မယ်။ လိုအပ်သောပြောင်းလဲမှုများလုပ်ပြီး လိုအပ်သောအရာများ ပုံမှန်အသုံးပြုပါက အသားရောင်ဝင်းဝါလာနိုင်ပါတယ်။

    ဘာတွေသုံးသင့်သလဲ

    ကျွန်ုပ်တို့သိထားတဲ့အတိုင်း အသားဖြူခရင်တွေမှာ ကင်ဆာဖြစ်နိုင်ချေရှိတယ်လို့ စောင့်ကြည့်နေကြတဲ့ ပစ္စည်းတွေပါနိုင်တာကြောင့် ကင်ဆာမဖြစ်ရင်တောင် ဘေးထွက်ဆိုးကျိုးအနေနဲ့ တခြားသောကျန်းမာရေးပြဿနာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ နေလောင်မခံနိုင်သူတွေအတွက် ထိုအသားအရေစောင့်ရှောက်သော ပစ္စည်းများသုံးခြင်းက အရေပြားလောင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

    အပင်တွေကရသော သဘာဝအသားဖြူပစ္စည်းတွေနဲ့ နေထိုင်မှုပုံစံပြောင်းလဲပြီး အသားဖြူစေတဲ့နည်းမှာတော့သင့်အရေပြားအတွက် ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူး။ မလိုအပ်သောဆိုးကျိုးများမပါဘဲ လိုချင်သောရလဒ်ရနိုင်မယ်လို့ ဆိုလိုတာပါ။

    ဘယ်လိုသဘာဝပစ္စည်းတွေကအသားဖြူစေမလဲ

    သာမန်ဈေးဆိုင်မှာအလွယ်တကူရနိုင်တဲ့ သဘာဝအသားဖြူပစ္စည်းတွေပါ။

    ဒိန်ချဉ်

    နို့ထွက်ပစ္စည်းဒိန်ချဉ်ဟာ အရေပြားအတွက်ကောင်းသော ပစ္စည်းအများအပြားပါပါတယ်။ အရောင်ချွတ်နိုင်သော lactic acid လည်းပါတယ်။

    လိမ္မော်သီး

    အသားအရေစောင့်ရှောက်ဖို့ အရေးကြီးဆုံးပစ္စည်းက ဗီတာမင်-စီဖြစ်တယ်။ လိမ္မော်သီးတွေမှာ ကြွယ်ဝစွာ ပါပါတယ်။ ဒါ့အပြင် လိမ္မော်သီးတွေမှာ သင့်အသားအရေဝင်းစေသော အရောင်ချွတ်သတ္တိလည်း ပါတယ်။ လတ်ဆတ်သောလိမ္မော်သီး ပုံမှန်စားပေးခြင်းဟာ အသားအရေကိုကောင်းစွာအထောက်အပံ့ပေးနိုင်ပြီး ချောမွေ့စေပါတယ်။

    ကုလားပဲမှုန့်

    ကုလားပဲမှုန့်ဟာ အသားဖြူလိုသူများအတွက် အကောင်းဆုံးပစ္စည်းတစ်မျိုးဖြစ်တယ်။ အသားအရေကျန်းမာစေသော ပါဝင်ပစ္စည်းအမျိုးမျိုးပါပါတယ်။

    ပျားရည်

    ပျားရည်ဟာ အသားအရေဝါဝင်းစေရုံသာမက စိုပြေစေပါတယ်။ အသားခြောက်ခြင်းဟာ အသားရောင်မညီညာခြင်းကိုဖြစ်စေနိုင်တယ်။ ပျားရည်မှာ အမည်းစက်များ၊ ဝက်ခြံအမာရွတ်များလျော့စေသော ဘတ်တီးရီးယားနိုင်သည့် အာနိသင်လည်းရှိပါတယ်။

    သံပုရာသီး၊ ရှောက်သီး

    သံပုရာသီး ၊ ရှောက်သီးတွေက အက်စစ်သတ္တိဟာ အသားရောင်ဝင်းစေသော ဂုဏ်သတ္တိရှိပါတယ်။ ဗီတာမင်-စီလည်းကြွယ်ဝတာကြောင့် ဆဲလ်အသစ်ဖြစ်ခြင်းကိုလည်း အားပေးတယ်။ antioxidants အာနိသင်လည်းရှိတာကြောင့် အသားအရေအတွက်အလွန်ကောင်းမွန်ပါတယ်။

    ဒါပေမယ့် အနာများ၊ ဒဏ်ရာများအပေါ်မသုံးမိအောင်တော့ သတိထားပါ။ အက်စစ်သတ္တိက အနာများကိုပိုနာစေနိုင်ပါတယ်။ ဒါ့အပြင် ထိုအသီးများနှင့် ဓါတ်မတည့်လျှင်တော့ ဖျော်ရည်တွေက သင့်တော်မှာမဟုတ်ပါဘူး။

    ရှားစောင်းလက်ပတ်ဂျယ်လ်

    ရှားစောင်းလက်ပတ်ဟာ အသားညစ်ခြင်းကို သက်သာစေနိုင်ပြီး အသားရောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပတ်ရဲ့ အေးသောဂုဏ်သတ္တိကလည်း ကျန်းမာသောအသားအရေအတွက် လိုအပ်တဲ့ ဆဲလ်အသစ်ပွားခြင်းကို အားပေးပြီး ပျက်စီးနေသောတစ်သျှူးများ ပြုပြင်ခြင်းကို အကူအညီဖြစ်စေပါတယ်။

    ဘာအကြောင်းကြောင့် အသားညိုခြင်း၊ မည်းခြင်းဖြစ်ပါစေ၊ သဘာဝနည်းများဖြင့် အသားဖြူအောင်လုပ်လို့ရပါတယ်။ အလေ့အကျင့်တချို့ စားသောက်ပုံစံပြောင်းလဲကာ အသားဖြူစေသောအိမ်သုံးပစည်းများပြောင်းထည့် အသုံးပြုလိုက်ပါက အံ့သြစရာရလဒ်ကိုကြုံရပါလိမ့်မယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 28/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement