ခရမ်းလွန်ရောင်ခြည် ဘီကာကွယ်ဖို့အတွက် SPF 15 နှင့်အထက်
SPF ဆိုတာဟာ ခရမ်းလွန်ရောင်ခြည် ဘီ တွေကြောင့် ဖြစ်တဲ့နေလောင်ခြင်းကို ကာကွယ်တဲ့နေရာမှာ ဘယ်လောက်အစွမ်းထက်သလဲဆိုတာ ဖော်ပြတဲ့ အရာဖြစ်ပါတယ်။ SPF 15 ဟာ နေပူမလောင်ခင် မိနစ် ၁၅၀ နေနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ လူအများစုအတွက်တော့ SPF 15 ဟာ အဆင်ပြေပါတယ်။ ဒါပေမယ့် အသားအရမ်းဖြူတဲ့သူတွေ၊ အရေပြားကင်ဆာ မိသားစုထဲမှာ ရှိဖူးတဲ့သူတွေနဲ့ အရေပြားလေးဖက်နာ လိုမျိုး အခြေအနေရှိတဲ့သူတွေဟာ SPF 30 နဲ့ အထက်ကို စဉ်းစားသင့်ပါတယ်။ SPF တက်လာလေလေ အကျိုးရှိမှုကွာဟချက်ဟာ နည်းလာလေလေဆိုတာ သိထားသင့်ပါတယ်။ ထင်ရသလိုမျိုး SPF 30 ဟာ SPF 15 ထက် နှစ်ဆပိုအစွမ်းမထက်ပါဘူး။ SPF 15 ဟာ ခရမ်းလွန်ရောင်ခြည် ဘီrays တွေကို ၉၃ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပေမယ့် SPF 30 ကတော့ ၉၇ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး အနည်းငယ်သာ ကွာခြားချက် ရှိပါတယ်။
ခရမ်းလွန်ရောင်ခြည်အေ ကာကွယ်မှု – Leffell က နေလောင်ခံလိမ်းဆေးက ခရမ်းလွန်ရောင်ခြည် အေ တွေကို ကာကွယ်ဖို့ ဘယ်လောက်ကောင်းတယ်ဆိုတာ တိုင်းတာတဲ့စနစ် မရှိပါဘူးလို့ဆိုပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်အေ တွေနဲ့ ပတ်သက်လာရင် ပါဝင်ပစ္စည်းတွေကိုသာ ကြည့်သင့်ပါတယ်။
အောက်ဖေါ်ပြပါ ပစ္စည်းတွေထဲက တစ်မျိုးမျိုးပါဝင်တာကို ရွေးချယ်သင့်ပါတယ်လို့ Leffell က ဆိုပါတယ်။ ecamsule၊ avobenzone၊ oxybenzone၊ titanium dioxide၊ sulisobenzone နဲ့ zinc oxide တို့ပဲဖြစ်ပါတယ်။
ရေနဲ့ ချွေးဒဏ် ကာကွယ်မှု
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။