backup og meta

ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်မြန်အရေပြားရောဂါ (impetigo)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်မြန်အရေပြားရောဂါ (impetigo)

    Impetigo ဟာ လွန်စွာကူးစက်နိုင်ပြီး ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။

    Impetigo နှစ်မျိုးရှိပါတယ်။

    Impetigo Contagiosa

    သူ့ကို non-bullous impetigo လို့ ခေါ်ပါတယ်။ ဒီအမျိုးအစားဟာ အတွေ့အများဆုံးဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီ Impetigo ဟာ ပါးစပ်နဲ့ နှာခေါင်းတစ်ဝိုက်မှာ နီးမြန်းတဲ့အနာတွေ ဖြစ်ပွားစေပါတယ်။

    အရည်ကြည်ဖုတွေ ပေါက်သွားတဲ့အခါ အကွက်တွေ ဖြစ်လာတာဖြစ်ပါတယ်။ အကွက်တွေဟာ အနီရောင်ရှိပြီး အရည်စိမ့်ထွက်တတ်ပါတယ်။ သင့်မှာ ရောင်ရမ်းနေတဲ့ ပြန်ရည်ကျိတ်ရှိနိုင်ပြီး ထိုအကျိတ်ဟာ ပဲစေ့ပုံသဏ္ဍာန်ရှိပြီး ရောဂါပိုးကို တိုက်ထုတ်ပေးနိုင်တဲ့ ဂလင်းဖြစ်ပါတယ်။

    Bullous Impetigo

    အသက်နှစ်နှစ်အောက် ကလေးတွေမှာ ဒီအမျိုးအစားကို အတွေ့များပါတယ်။ လက္ခဏာတွေကတော့ ရင်ဘတ်ပိုင်း၊ လက်နဲ့ ခြေထောက်တွေမှာတွေ့ရတဲ့ အရည်ကြည်ဖုတွေဖြစ်ပါတယ်။ ဒီအရည်ကြည်ဖုတွေဟာ အစပိုင်းမှာ အကြည်ရောင် ရှိပြီး နောက်ပိုင်းမှာ နောက်လာပြီး ပတ်ပတ်လည်မှာ အနီရောင်သန်းလာပါလိမ့်မယ်။ သူတို့တွေဟာ ယားယံစေပြီး အခြား Impetigo အမျိုးအစားကြောင့် ဖြစ်တဲ့ အရည်ကြည်ဖုတွေထက် ပိုမို ကြာမြင့်တတ်ပါတယ်။

    Ecythma

    ဒါဟာ အပြင်းထန်ဆုံး Impetigo အမျိုးအစားဖြစ်ပါတယ်။ သူဟာ အရေပြားရဲ့ ပထမအလွှာအစား ဒုတိယအလွှာကို ထိခိုက်တာဖြစ်ပါတယ်။ သူက ဖြစ်စေတဲ့ အရည်ကြည်ဖုတွေဟာ နာကျင်စေပြီး အနာတွေ ဖြစ်တတ်ပါတယ်။ ရောင်ရမ်းနေတဲ့ ပြန်ရည်ကျိတ်တွေနဲ့ အမာရွတ်တွေလည်း ဖြစ်တတ်ပါတယ်။

    သင့်ကို Impetigo ရစေတဲ့ အချက်အလက်တွေ အများကြီး ရှိပါတယ်။

    အချို့လူတွေဟာ အခြားသူတွေထက် Impetigo ပိုမို ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားမှုနဲ့ ဆက်နွယ်နေတဲ့ အချက်တွေကတော့

  • ကလေးများ
  • အရေပြား ယားယံစေတဲ့ အခြားအခြေအနေများ
  • တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိခြင်း
  • ရာသီဥတု နွေးထွေးခြင်း
  • လူများသော နေရာများ
  • ရောင်ရမ်း၊ ယားယံသော အရေပြား
  • အရေပြား အချင်းချင်း ထိတွေ့မိခြင်း
  • ဆီးချို
  • အားနည်းသော ကိုယ်ခံအားစနစ် တို့ပဲဖြစ်ပါတယ်။
  • Impetigo ကုသမှုဟာ ပြင်းထန်မှုနဲ့ အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ မပြင်းထန်တဲ့ အမျိုးအစားမှာတော့ ဆရာဝန်က အရည်ကြည်ဖုတွေပျောက်ကင်းဖို့ နှစ်ပတ်သုံးပတ်စောင့်နေချိန်မှာ ရောဂါပိုးထပ်မံကူးစက်တာကို ကာကွယ်ဖို့ တစ်ကိုယ်ရည်သန့်ရှင်းခြင်းနဲ့ ပတ်သက်တဲ့ အချက်တွေကို အကြံပေးပါလိမ့်မယ်။ တကယ်လို့ ရောဂါဟာ ရှိနေပြီးသား အရေပြား အခြေအနေတစ်ခုခုကြောင့် (ဥပမာ နှင်းခူနာ) ဖြစ်တာဆိုရင် သူ့ကို ကုသဖို့လိုအပ်ပါတယ်။

    အရည်ကြည်ဖုတွေ အမြန်ပျောက်ကင်းဖို့နဲ့ ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက် ကုသမှုတွေ ရှိပါတယ်။ ပိုးသတ်ဆေးဟာ Impetico ကို ကုသဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပိုသတ်ဆေးတွေကို ခရင်မ်ပုံစံနဲ့ရော ဆေးပြားပုံစံနဲ့ပါ ရရှိနိုင်ပါတယ်။

    ပိုးသတ်ဆေး ခရင်မ်

    ပိုးသတ်ဆေး ခရင်မ်ကို ပျော့တဲ့ Impetigo အတွက် အသုံးပြုနိုင်ပါတယ်။ တကယ်လို့ Impetigo ဟာ သေးငယ်ရင် ပိုးသတ်ဆေးခရင်မ်ကို နေ့စဉ် သုံးကြိမ်ကနေ လေးကြိမ်အထိ တစ်ပတ်တိုင်တိုင် အသုံးပြုနိုင်ပါတယ်။

    အဆင့် ၁ – ရောဂါပိုးကို ကာကွယ်ဖို့အတွက် လက်ဆေးသင့်ပါတယ်။

    အဆင့် ၂ – ခရင်မ် မလိမ်းခင်မှာ အနာရှိတဲ့အရေပြားကို သန့်ရှင်းစေဖို့ ဆပ်ပြာအပျော့စားကို ရေနွေးအသုံးပြုပြီး ဆေးကြောသင့်ပါတယ်။ ဒါဟာ အရေပြားပေါ်မှာ ရှိတဲ့ မျက်နှာပြင်လွှာကို ကွာကျစေနိုင်ပါတယ်။

    အဆင့် ၃ – ခရင်မ်းကို အရေပြားပေါ်ကို လိမ်းပါ။ ဆေးမှာပါတဲ့ အညွှန်းအတိုင်း လိုက်နာဖို့ မမေ့သင့်ပါဘူး။

    အဆင့် ၄ – သင့်အရေပြားကနေ လက်တွေကို ကူးစက်ခြင်းကို ကာကွယ်ဖို့ ဆေးလိမ်းပြီါ်ရင် လက်ဆေးသင့်ပါတယ်။ အခြားအရာဝတ္ထုနဲ့ လူတွေဆီကိုလည်း ကူးစက်နိုင်ပါတယ်။

    ပိုးသတ်ဆေး ခရင်မ်တွေဟာ ယားယံခြင်း၊ နီရဲခြင်းတွေကို လိမ်းတဲ့နေရာမှာ ဖြစ်စေနိုင်ပါတယ်။

    ဆေးလိမ်းပြီး ၇ရက်နေတဲ့အထိ လက္ခဏာတွေ မသက်သာဘူးဆိုရင် ဆရာဝန်ကို ပြသပြီး အခြားဖြစ်နိုင်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။

    ပိုးသတ်ဆေးပြား

    တကယ်လို့ ရောဂါပိုးဟာ ပြင်းထန်ပြီး နေရာအနှံ့အပြားမှာ ဖြစ်နေပြီဆိုရင် ဆရာဝန်က ပိုးသတ်ဆေးခရင်မ်အစား ဆေးပြားကို ညွှန်းနိုင်ပါတယ်။ သူတို့ဟာ ခရင်မ်လိမ်းပြီး အကျိုးမရှိရင်လည်း သောက်ဆေး ပေးနိုင်ပါတယ်။ ဒီဆေးတွေကို တစ်နေ့မှာ ၂ကြိမ်ကနေ ၄ကြိမ်အထိ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါတယ်။

    ဆေးပတ်လည်အောင် သောက်သင့်ပါတယ်။ ရောဂါလက္ခဏာတွေ သက်သာလာလို့ ဆေးသောက်ရပ်လိုက်ခြင်းဟာ ဆေးယဉ်ပါးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆေးယဉ်ပါးခြင်းဆိုတာဟာ ဘက်တီးရီးယားတွေဟာ ဆေးမတိုးတော့ပဲ ဆေးအာနိသင်မရှိတော့ ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။

    ပိုးသတ်ဆေးသောက်ဆေးတွေရဲ့ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့ခြင်း၊ အန်ခြင်း၊ ဖျားခြင်းနဲ့ ဝမ်းလျှောခြင်းတို့ပဲဖြစ်ပါတယ်။

    ဆေးသောက်ပြီး ၇ ရက်ကြာတဲ့အထိ လက္ခဏာတွေ သက်သာခြင်းမရှိရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

    ထပ်မံစစ်ဆေးခြင်းနဲ့ ကုသခြင်း

    တကယ်လို့ သင့်ရောဂါဟာ ဆေးကုသမှုကို မတုန့်ပြန်ရင် (သို့) ထပ်မံဖြစ်ပွားဆဲဆိုရင် ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။ သူတို့က သင့်ကို အရေပြားဆရာဝန်ဆီ ညွှန်းပေးပြီး ထပ်မံစစ်ဆေးခြင်းနဲ့ ကုသခြင်းကို ပြုလုပ်စေပါလိမ့်မယ်။

    ဒီစစ်ဆေးမှုတွေဟာ တူညီတဲ့ ရောဂါလက္ခဏာဖြစ်စေတဲ့ အရေပြားအခြေအနေတွေကို ဖယ်ထုတ်လိုက်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ရှားပါးတဲ့ နှာခေါင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားကြောင့် Impetigo ဖြစ်တယ်ဆိုရင် ဆရာဝန်က နှာခေါင်းထဲထည့်လိမ်းရတဲ့ ပိုးသတ်ဆေးကို အသုံးပြုစေမှာ ဖြစ်ပါတယ်။

    ရောဂါပြန့်ပွားမှုကို ကာကွယ်ခြင်း

    ရောဂါကို ကာကွယ်ဖို့အတွက် သင်ရော သင့်ကလေးပါ လူများတဲ့နေရာတွေဖြစ်တဲ့ ကျောင်း၊ ကလေးထိန်ဌာနနဲ့ အလုပ်တွေကို ရှောင်ကျဉ်သင့်ပါတယ်။

    • ကုသမှုယူပြီး ၄၈ နာရီနောက်ပိုင်း
    • အနာတွေဟာ အရည်ကြည်ဖုတွေ အသားမာတွေ ဆက်မဖြစ်တော့တဲ့နောက်

    အပေါ်ယံ အသားမာ ကွာကျသွားပြီဆိုရင် သင့်အရေပြားပေါ်မှာ အနီရောင် အမှတ်ကျန်နိုင်ပါတယ်။ ဒီအခြေအနေမှာဆိုရင် Impetico ဟာ ကူးစက်မှု မရှိတော့ပဲ ရက်အနည်းငယ်အတွင်းမှာ ပြန်ကောင်းသွားပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement