backup og meta

နေရောင်ခြည် ကြောင့် ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်လဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေရောင်ခြည် ကြောင့် ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်လဲ။

    နေရောင်ခြည် ဟာ အဘက်ဘက်က လူသားတွေကို အများကြီးအကျိုးပြုနေတဲ့ သဘာဝက ဖန်တီးထားတဲ့ အရာလေးပါ။ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဒီ ထုတ်လုပ်ဖို့နဲ့ serotonin လို့ခေါ်တဲ့ စိတ်ခံစားချက်နဲ့ အာရုံစူးစိုက်မှုအတွက် ကောင်းမွန်တဲ့ ဟော်မုန်းလေးတွေကိုထုတ်ပေးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် အခြား အဘက်ဘက်ကလည်း နေရောင်ခြည်တွေဟာ မရှိမဖြစ် အရေးပါပါတယ်။ ဒါပေမယ့် နေရောင်ခြည်မှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည်၊ အပူရောင်ခြည်တွေကြောင့် မကြာခဏထိတွေ့ရသူတွေ၊ အချိန်အကြာကြီးထိတွေ့ရတဲ့ သူတွေအတွက် ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်လာစေပါတယ်။

    ကျန်းမာရေးဆိုးကျိုးတွေ အနေနဲ့ short term effect (ခဏတာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုး) နဲ့ long term effect (နေရောင်နဲ့ ထိတွေ့တာ များလာ၊ ကြာလာတဲ့အခါ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေ) ဆိုပြီး နှစ်ပိုင်းခွဲပြီး ပြောပြပေးသွားပါမယ်။

    နေရောင်ခြည် ကြောင့် ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်လဲ။

    Short Term Effect (ခဏတာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုး)

    ၁။ နေလောင်ခြင်း။

    နေရောင်နဲ့ နာရီပိုင်းလောက်ထိတွေ့ပြီးတဲ့အခါမှာ သင့်အသားအရေတွေ နီရဲလာတတ်ပါတယ်။ များသောအားဖြင့် ရက်အနည်းငယ်အကြာမှာ ပြန်ပျောက်သွားနိုင်ပါတယ်။

    ၂။ အသားအရောင် ပြောင်းလဲသွားခြင်း။

    ခရမ်းလွန်ရောင်ခြည်တွေ အရေပြားပေါ်ကျရောက်တဲ့ အခါမှာ ခန္ဓာကိုယ်က melanin လို့ခေါ်တဲ့ ပစ္စည်းလေးတွေကို ထုတ်ပေးနိုင်ပါတယ်။ အဲဒီ ပစ္စည်းလေးတွေက အသားအရေကို ညစ်ညမ်းစေ၊ ညိုမည်းစေ နိုင်ပါတယ်။

    ၃။ Photosentivity နေရောင်နဲ့ ဓာတ်မတည့်ခြင်း။

    နောက်တစ်ချက်တော့ photosensitivity လို့ခေါ်တဲ့ နေရောင်နဲ့ ထိတွေ့တဲ့အခါ ဓာတ်မတည့်ခြင်းကြောင့် နီရဲလာတာ၊ အနီကွက်တွေ ဖြစ်လာတာမျိုးပါ။ နေရောင်မှာပါတဲ့ ရောင်ခြည်တွေနဲ့ ဓာတ်မတည့်တဲ့ အရေပြားကို ပိုင်ဆိုင်ထားကြတဲ့ သူတွေ (သို့) နေရောင်နဲ့ထိတွေ့တဲ့အခါမှာ ဓာတ်ပြုမှုတွေ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေပါဝင်တဲ့ ဆေးနဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုတဲ့ သူတွေမှာ ဖြစ်နိုင်ပါတယ်။

    Long Term Effects (ရေရှည်ဆိုးကျိုး)

    နေရောင်ခြည်နဲ့ ထိတွေ့တာများလာတဲ့အခါ

    ၁။ အရေပြား ထိခိုက်ပျက်စီးခြင်း။

    • အရေပြား အရေးကြောင်းတွေဟာ နေရောင်ထိတွေ့တာများတဲ့ သူတွေမှာ စောစီးစွာဖြစ်လာနိုင်တဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
    • အမည်းစက်၊ မှဲ့ခြောက်နဲ့ တင်းတိပ်တွေ ဖြစ်လာနိုင်ခြင်း။
    • အရေပြားကင်ဆာဖြစ်နိုင်ခြင်း။

    အရေပြားကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာရှိပေမယ့် နေရောင်ကို မကြာခဏထိတွေ့ခြင်းက အရေပြားကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ နေရောင်တဲ့ အများဆုံးထိတွေ့ရတဲ့နေရာတွေမှာ အဖြစ်များပြီး မှဲ့တွေကနေတစ်ဆင့် ကင်ဆာအဖြစ်ပြောင်းလဲလာနိုင်တဲ့ melanoma လည်းဖြစ်နိုင်တဲ့အတွက် ခန္ဓာကိုယ်မှာရှိနေတဲ့ မှဲ့တွေ အရွယ်အစားကြီးလာတာ၊ အရာင်ပြောင်းလာတာ၊ ရောင်လာတာ၊ သွေးထွက်လာတာတွေကို သတိထားပြီး စောင့်ကြည့်ပေးသင့်ပါတယ်။

    ၂။ မျက်လုံးထိခိုက်ခြင်း။

    • မျက်ကြည်လွှာရောင်ခြင်း (photokeratitis)
    • မျက်လုံးအတွင်း တိမ်ဖြစ်ခြင်း − အကာအကွယ်မပါဘဲ နေပူနဲ့တိုက်ရိုက် ထိတွေ့တာများတဲ့ သူမျိုးတွေမှာ ပိုဖြစ်နိုင်ပါတယ်။
    • မျက်သားတက်ခြင်း (Pterygim) − မျက်သားတက်ခြင်းဟာ နာကျင်တဲ့ပြသနာတော့မရှိပေမယ့် သေသေချာချာ မကုသဘဲ ထားမယ်ဆိုရင် အမြင်ဝါးလာတာမျိုးတွေဖြစ်လာစေနိုင်ပါတယ်။
    • Pingueculae လို့ခေါ်တဲ့ မျက်သားအဖြူအပေါ်  အညိုရောင်အစက်အပျောက်လေးတွေဖြစ်တဲ့ ရောဂါလည်းဖြစ်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့်ရော၊ အခြား လေထုထဲမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
    • မျက်လုံးကင်ဆာကိုလည်းဖြစ်စေနိုင်ပါတယ်။

    ၃။ အပူလျှပ်ခြင်း၊ အပူကြောင့် သတိလစ်မေ့မျောခြင်း။

    အပူဒဏ်ကြောင့် ရေနဲ့ ဆားဓာတ်တွေဆုံးရှုံးပြီး ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတဲ့ အပူလျှပ်တဲ့ လက္ခဏာတွေအပြင် ပိုဆိုးလာတဲ့အခါမှာ အပူကြောင့် သတိလစ်တာတွေ၊ တက်တာတွေ စတဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အခြေအနေထိဖြစ်စေနိုင်ပါတယ်။

    ၄။ ကိုယ်ခံအား စနစ်အားနည်းလာခြင်း။

    ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများခြင်းက ကိုယ်ခံအားကိုလည်း ကျဆင်းစေနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

    ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ နေရောင်ခြည်ကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို သေချာသိရှိပြီး ကာကွယ်နိုင်ကြပါစေ။

    ရေးသားသူ- Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement