home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

လိင်ဆက်ဆံတဲ့အချိန် ဘာ့ကြောင့် ဗိုက်အောင့်ရတာလဲ ။ ။

လိင်ဆက်ဆံတဲ့အချိန် ဘာ့ကြောင့် ဗိုက်အောင့်ရတာလဲ ။ ။

အမျိုးသားနဲ့ အတူနေတဲ့အခါ မိန်းမကိုယ် နာကျင်တာမျိုးတွေက ဖြစ်လေ့ရှိတဲ့ အရာတစ်ခုဆိုပေမယ့် လိင်ဆက်ဆံတဲ့အချိန် ဗိုက်အောင့်တာမျိုးတွေကတော့ ပုံမှန်ဖြစ်လေ့ဖြစ်ထ မရှိတဲ့အရာတစ်ခုပါ။ ဒါပေမယ့် တချို့ဒီလို အတူနေချိန် ဗိုက်အောင့်တတ်တဲ့သူတွေရှိကြပါတယ်။

ဘာ့ကြောင့် လိင်ဆက်ဆံတဲ့အချိန် ဗိုက်အောက်ပိုင်း အောင့်တာတွေဖြစ်ရတာလဲ ။ ။

အနေအထားမမှန်တာကြောင့်ပါ။

လိင်ဆက်ဆံတဲ့အချိန် တချို့ ဆက်ဆံတဲ့အနေအထားတွေက မိန်းမကိုယ်ထဲ လိင်တံပိုဝင်သွားစေတဲ့အတွက်ကြောင့် ဗိုက်အောင့်တာမျိုးတွေပိုဖြစ်စေတတ်ပါတယ်။ ဒီလို အခါမျိုးတွေမှာဆိုရင်တော့ နောက်တစ်မျိုး ဆက်ဆံတဲ့ ပုံစံကို ပြောင်းလိုက်သင့်ပါတယ်။ အထူးသဖြင့် အပေါ်ကနေပြီး ဆက်ဆံတဲ့အခါမျိုးမှာ အောင့်တာတွေပေါ့ ။

သားအိမ်စောင်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သားအိမ်ခေါင်းနဲ့ယှဉ်လိုက်ရင် သားအိမ်က ရှေ့ကို အနည်းငယ်ရောက်နေရမှာပါ။ ဒါပေမယ့် နောက်ဘက်ကို သားအိမ်က ရောက်နေပြီဆိုရင်တော့ သားအိမ်စောင်းနေတာဖြစ်နိုင်ပါတယ်။ သားအိမ်စောင်းနေတဲ့ပြဿနာဟာ မိန်းကလေး ၄ ယောက်မှာ ၁ ယောက်လောက်ဖြစ်တတ်တဲ့ပြဿနာတစ်ခုပါ။ သူ့ဘာသာရှိနေရင် ဘာပြဿနာကိုမှ မဖြစ်စေပေမယ့် လိင်ဆက်ဆံတဲ့အချိန် ဆက်ဆံတဲ့တချို့ အနေအထားတွေမှာတော့ ဗိုက်အောင့်တာမျိုးကို ဖြစ်စေတတ်ပါတယ်။

Endometriosis ( သားအိမ်အတွင်းနံရံထူခြင်း)

သားအိမ်အတွင်းနံရံကို ထူစေတဲ့ တစ်ရှူးတွေက တစ်ခါတစ်ရံ သားအိမ်အတွင်းပိုင်းတင်မဟုတ် အခြားနေရာတွေကိုပါရောက်နေတတ်တာကြောင့် လိင်ဆက်ဆံတဲ့အချိန် ဗိုက်အောင့်ဗိုက်နာခြင်းကို ဖြစ်စေတတ်ပါတယ်။ အခြားကြုံတွေ့ရနိုင်တဲ့ လက္ခဏာတွေကတော့

  • ရာသီလာချိန် ကိုက်ခဲတာ မခံမရပ်နိုင်အောင်ဆိုးတာ
  • ရာသီသွေးဆင်းတာများတာ
  • တစ်လထဲ နှစ်ခါရာသီပြန်လာတာ
  • ဝမ်းသွားချိန် ဗိုက်တအားရစ်နာတာတွေလည်း ရှိတတ်ပါတယ်။

မမျိုးဥအိမ်ရေအိတ်တည်ခြင်း။( Ovarian Cyst)

မမျိုးဥမှာ ရေအိတ်တည်တဲ့ပြဿနာဟာ မိန်းကလေးတိုင်းနီးပါး ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ ဒီလို ရေအိတ်တည်တာဟာ သိသာတဲ့ လက္ခဏာ မရှိသလို နာကျင်မှုလည်း မရှိတာကြောင့် ရှိနေမှန်းမသိဖြစ်ကြပါတယ်။ ဒါပေမယ့် ရေအိတ် အရမ်းကြီးတဲ့ အခါမျိုးမှာတော့ ဗိုက်အောက်ပိုင်းအောင့်တာမျိုးတွေ ရှိတတ်ပြီး လိင်ဆက်ဆံတဲ့အချိန်မှာ အောင့်တာပိုဆိုးတတ်ပါတယ်။

အခြားဖြစ်နိုင်တဲ့ ပြဿနာတွေကတော့

ဘယ်အချိန်မှာ ဆရာဝန် သွားပြသင့်လဲ။

အတူနေတဲ့အခါ ဗိုက်အောင့်တာမျိုးရှိတတ်တယ်ဆိုပေမယ့် ပုံစံပြောင်းလိုက်ရင် သက်သာသွားတတ်တာကြောင့် ဆရာဝန်ဆီ သွားပြဖို့ကတော့ အရမ်းကြီး အလျင်မလိုပါဘူး။ ဒါပေမယ့် လိင်ဆက်ဆံတဲ့အချိန် နာတာအရမ်းဆိုးလာတယ်၊ ဖြစ်တဲ့အကြိမ်ကလည်း စိပ်လာတယ်၊ အခြား လက္ခဏာတွေပါရှိတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြဖို့ အကြံပေးချင်ပါတယ် ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 6 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။