backup og meta

ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 25/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ
    ကိုယ်ခံအား ကောင်းရင် ကို ရောဂါပိုးတွေကို ကာကွယ်နိုင်တယ်ဆိုတာတွေလည်း ကြားဖူးတယ်မလား။ ဒါဆိုရင် အလွယ်ဆုံးနည်းလမ်းတစ်ခုရှိတယ်။ အိမ်မှာနေနေရတဲ့ အိမ်ထောင်သည်တွေတော့ အရမ်းသဘောကျကြမှာပဲ။ ဒါကတော့ ခေါင်းစဉ်လေးထဲကအတိုင်း ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ။

    ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ။

    ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ။ ဒီလိုပြောရတာက

    ၁။ လိင်ဆက်ဆံခြင်းက ကိုယ်ခံအား စနစ်ကို ကောင်းစေတယ်

    ဒါက နောက်တာမဟုတ်ပါဘူး။ တမင်ဖတ်ကောင်းအောင်ရေးတာလည်းမဟုတ်ဘူး။
    “လိင်ပိုင်းဆိုင်ရာ တက်ကြွသူတွေက ဖျားနာခွင့်ယူတာ နည်းတယ်” လို့ လိင်ကျန်းမာရေးဆိုင်ရာ လေ့လာချက်တွေမှာဆိုထားပါတယ်။ လိင်ဆက်ဆံမှု များတဲ့သူတွေမှာ ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ် ဘက်တီးရီးယားနဲ့ တခြားပိုးမွှားတွေရန်ကနေ ကာကွယ်နိုင်တဲ့ ကိုယ်ခံအားပိုကောင်းတယ်လို့ဆိုပါတယ်။
    အနည်းဆုံး တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လိင်ဆက်ဆံတဲ့သူတွေဟာ အဲဒီထက် အကြိမ်ရေနည်းနည်း ဆက်ဆံသူတွေထက် ရောဂါကာကွယ်တဲ့ ပဋိပစ္စည်း (antibody) တွေပိုရှိနေတယ်လို့ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်ပေါ့နော် ဒါချည်းပဲလုပ်နေရမယ်တော့ မဟုတ်ဘူးပေါ့။ အစားအသောက်မှန်မှန်စားမယ်။ လှုပ်လှုပ်ရှားရှားနေမယ်။ အိပ်ရေးဝအောင်အိပ်မယ် အစရှိတာတွေကိုလည်း ပြုလုပ်ရဦးမှာပါ။

    ၂။ သွေးဖိအားကို ကျစေတယ်

    လိင်ဆက်ဆံခြင်း (FA တွေအတွက် သတင်းဆိုးကတော့ တစ်ကိုယ်ရေ အာသာဖြေခြင်းမပါပါတဲ့) ဟာ သွေးဖိအား အထူးသဖြင့် အပေါ်သွေးဖိအားကို ကျစေနိုင်တယ်လို့ သွေးဖိအားနဲ့ လိင်ဆက်ဆံမှု လေ့လာချက်တွေမှာ ဆိုထားပါတယ်။

    ၃။ လိင်ဆက်ဆံခြင်းက လေ့ကျင့်ခန်းလုပ်တာလို့ သတ်မှတ်လို့ရတယ်

    လိင်ဆက်ဆံခြင်းက ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ပြေးစက်ပေါ်မှာတက်ပြေးနေတာနဲ့ မတူပေမယ့် လေ့ကျင့်ခန်းလုပ်တယ်လို့တော့ သတ်မှတ်လို့ရပါတယ်။ လိင်ဆက်ဆံခြင်းက တစ်မိနစ်တိုင်းမှာ ၅ ကယ်လိုရီလောက် လောက်ကျွမ်းစေပါတယ်။
    နှလုံးခုန်နှုန်းကို မြန်စေပြီး ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအမျိုးမျိုးကို လှုပ်ရှားစေတယ်။ ကဲ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရောက်ပြီလေ။

    ၄။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်

    ကောင်းမွန်တဲ့ လိင်ဆက်ဆံမှု အလေ့အထက နှလုံးအတွက် ကောင်းပါတယ် (သတိပြုရန်မှာ အပေါ်နှလုံးကို ဆိုလိုချင်းဖြစ်ပါတယ်)။ လိင်ဆက်ဆံခြင်းက နှလုံးခုန်နှုန်းကို မြန်စေပြီး အရေးပါတဲ့ ဟော်မုန်းတွေဖြစ်တဲ့ အီစတိုရိုဂျင် (estrogen) နဲ့ တက်စတိုစတီရုန်း (testosterone) တို့ကို မျှခြေမှာရှိနေစေတယ်။ အဲဒီဟော်မုန်းတွေ နည်းနေများနေခြင်းက အရိုးပွတာနဲ့ နှလုံးရောဂါလိုမျိုးရောဂါတွေကို ခံစားစေရပါတယ်။
    တစ်ပတ်ကို နှစ်ကြိမ်နဲ့ အထက် လိင်ဆက်ဆံသူတွေရဲ့ နှလုံးရောဂါဖြစ်မှုနှုန်းက အဲဒီထက် နည်းနည်းပဲ ဒါမှမဟုတ် လုံးဝမဆက်ဆံရသူတွေ (big sad face) ရဲ့ တစ်ဝက်ပဲရှိတယ်လို့ လေ့လာချက်တွေမှာဆိုပါတယ်။ သဘောကတော့ လိင်ဆက်ဆံမှုမပြုရဘူးဆိုရင် နှလုံးရောဂါနဲ့ သေဖို့ နှစ်ဆ အခွင့်အလမ်းပိုများပါတယ်တဲ့။

    ၅။ နာကျင်မှုတွေကို သက်သာစေတယ်

    ခေါင်းကိုက်နေတယ် ခန္ဓာကိုယ်တွေ နာကျင်နေတယ်ဆိုရင် အကိုက်အခဲပျောက်ဆေး မသောက်ခင် လိင်ဆက်ဆံကြည့်ပါတဲ့။ လိင်ဆက်ဆံခြင်းက နာကျင်မှုတွေကိုသက်သာစေတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။
    အထွဋ်အထိပ်ရောက် ပြီးမြောက်ခြင်းက ပိုကောင်းပေမယ့် မပြီးဘူးဆိုလည်း နာကျင်မှုတွေကိုတော့ အတိုင်းအတာတစ်ခုအထိ သက်သာစေနိုင်ပါတယ်တဲ့။ အိမ်ထောင်ရှင်တွေအတွက် သတင်းကောင်းကတော့ ခေါင်းကိုက်နေတယ်ဆိုပြီး ရှောင်နေလို့ မရတော့ပါဘူး။ Cheers!!!

    ၆။ အိပ်စက်ခြင်းကို အထောက်အကူပြုစေတယ်

    လိင်ဆက်ဆံမှု အဆုံးထိ ပြီးမြောက်တဲ့အခါ ပရိုလက်တင် (prolactin) ဆိုတဲ့ဟော်မုန်းထွက်ရှိပါတယ်။ အဲဒီဟော်မုန်းက အိပ်ပျော်တာနဲ့ ခန္ဓာကိုယ်ပြေလျော့သွားစေဖို့အတွက် အကျိုးပြုပါတယ်။ အိပ်မပျော်ဘူးလား။ စမ်းကြည့်လိုက်တော့။

    ၇။ စိတ်ဖိစီးမှုတွေ လျော့ပါးစေတယ်

    ကိုယ့်အဖော်နဲ့ ပူးကပ်နွေးထွေးခြင်းက စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးမှုတွေကို လျော့ကျစေပါတယ်။ ကိုယ့်အဖော်နဲ့ ထိတွေ့ရခြင်းက ခန္ဓာကိုယ်ကနေ နေလို့ကောင်းတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေတယ်။
    လိင်စိတ်ဖြစ်လာခြင်းက ဦးနှောက်ကိုလည်း ဆုချခံရသလို ခံစားရစေတယ်တဲ့။ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေက ကျန်းမာပြီး ပျော်ရွှင်တဲ့ ဘဝလူနေမှုဖြစ်ဖို့အတွက် တကယ့်ဆေးဝါးကောင်းပါပဲ။
    ကဲကဲ အိမ်မှာနေရင်း အကျိုးရှိတာတွေ လုပ်လိုက်ကြစို့ 🙂

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 25/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement