လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံရင် ဝိတ်ကျ သလား

စုံတွဲတွေကြားမှာ စနောက်လေ့ ရှိတဲ့စကားက ကယ်လိုရီ သွားburnကြမယ်၊ အိပ်ရာထဲမှာ လေ့ကျင့်ခန်း သွားလုပ်ကြမယ်ဆိုတာပါ။ ဆိုလိုတာက လိင်ဆက်ဆံရင် ဝိတ်ကျ မယ်လို့ ယုံကြည်ကြတာကြောင့်ပါ။ တကယ်လည်း လိင်ဆက်ဆံတဲ့အခါ ခွန်အားသုံးရတာကြောင့် ကယ်လိုရီလောင်ကျွမ်းတာက မှန်ပါတယ်။ ဒါပေမဲ့ ဝိတ်ကျရလောက်အောင် ကယ်လိုရီလောင်ရဲ့လား။ သုတေသနတွေက ဘာပြောလဲ လိင်ဆက်ဆံတာနဲ့ ကယ်လိုရီလောင်ကျွမ်းတာအကြား ဆက်စပ်မှု ရှိမရှိကို စိတ်ဝင်စားတာက ကိုယ်တွေတင်မကပါဘူး။ နိုင်ငံခြားက ပညာရှင်တွေလည်း ပါပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက Montrealမှာ ရှိတဲ့ University of Quebecက လေ့လာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေ့လာချက်မှာ သူတို့က အသက် ၂၀ကျော် ကျားမစုံတွဲ ၂၁တွဲကို လိင်ဆက်ဆံချိန်နဲ့ သာမန်လေ့ကျင့်ခန်းလုပ်ချိန်မှာ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏတွေကို လေ့လာခဲ့ကြပါတယ်။ ရလဒ်ကတော့ ၂၄မိနစ်ကြာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေက ၁၀၁ ကယ်လိုရီ (တစ်မိနစ်ကို […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပြောင်းဆွဲနည်း တွေက တကယ်ပဲ လိင်တံကြီးစေသလား။

ပြောင်းဆွဲနည်း ဆိုတာ အမျိုးသားတွေ လိင်တံကြီးအောင်၊ ထောင်မတ်အောင် သုံးကြတဲ့ နည်းလမ်းတစ်ခုပါ။ လိင်တံနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို စိတ်တိုင်းမကျတဲ့ အမျိုးသားတွေက ပြောင်းဆွဲတဲ့ နည်းကိုလည်း သုံးလေ့ရှိပါတယ်။ ဒါက တကယ်ပဲ လိင်တံကို ကြီးစေမှာလား။ ပြောင်းဆွဲနည်း ဆိုတာ ဘာလဲ။ ပြောင်းဆွဲနည်းဆိုတာ ပြွန်ပုံစံ အချောင်းကို လိင်တံမှာ စွပ်ပြီး လေစုပ်တာ ဖြစ်ပါတယ်။ လေစုပ်အားနဲ့ သွေးတွေကို လိင်တံထဲ စီးဆင်းစေတာပါ။ အရင်တုန်းကတော့ လက်ညှစ်ပြွန်လေးတွေ ရှိပြီး နောက်ပိုင်း တိုးတက်လာတော့ ဘက်ထရီနဲ့ စက်တွေ ပေါ်လာပါပြီ။ Penis pump လို့ ခေါ်ကြပါတယ်။ ပြောင်းဆွဲနည်း က လိင်တံကို ကြီးစေသလား။ ပြောင်းဆွဲတာကို လိင်တံမထောင်မတ်နိုင်တဲ့ အမျိုးသားတွေမှာ သုံးလေ့ရှိပါတယ်။ ဆေးပညာအရကို သုံးတာပါ။ သူ့ရဲ့ အလုပ်လုပ်ပုံက လေစုပ်အားနဲ့ သွေးတွေ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာ ဘာကြောင့်လဲ

အိပ်မက်ဆိုတာမျိုးက ကိုယ်ထိန်းချုပ်လို့ရတာ မဟုတ်တဲ့အတွက် သူမက်ချင်တာ မက်မှာပါ။ အိပ်မက်တွေက သိပ္ပံနယ်ပယ်မှာ ခုထက်ထိ ဖြေရှင်းရခက်တဲ့ ပုစ္ဆာတွေ ဖြစ်နေတုန်းပါပဲ။ အိပ်မက်ထဲမှာ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ကြောက်စရာတွေ အကုန်ကြုံရနိုင်ပါတယ်။ ဒီလိုပဲ လိင်ဆက်ဆံတဲ့ အိပ်မက်တွေလည်း မက်တတ်ပါသေးတယ်။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာ ဘာကြောင့်လဲ။ လူတစ်ယောက်က တစ်ညကို ၂နာရီလောက် အိပ်မက်တတ်ကြပါတယ်။ ဒါပေမယ့် အများစုက မမှတ်မိကြပါဘူး။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေကလည်း ဒီအိပ်မက်တွေထဲက တစ်ခုပါပဲ။ လူတိုင်း မမက်တတ်ကြပေမယ့် မက်ကြတဲ့သူကလည်း မနည်းလှပါဘူး။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေနဲ့ ပတ်သက်ပြီး လေ့လာချက်တွေ ရှိနေပေမယ့် ဒါတွေက ဘာလို့မက်တာလဲ။ ဘာအဓိပ္ပာယ်လဲဆိုတာကိုတော့ သေချာမသိကြသေးပါဘူး။ တချို့သီအိုရီတွေမှာ လူသားတွေ ဖြစ်ချင်တာကို မက်တယ်လို့ ပြောကြပါတယ်။ တချို့ကလည်း ဒါက ဦးနှောက်က သူသိမ်းထားတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို ဆက်ချင်သလို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လွှတ်မြန်တာ ကို ဆေးမလိုဘဲ ဒီလိုဖြေရှင်းနိုင်ပါတယ်။

သုက်လွှတ်မြန်တယ်ဆိုတာက အမျိုးသားတွေ အိပ်ရာပေါ်မှာ စိုးရိမ်ရတဲ့ ပြဿနာတစ်ခုပါ။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ပြစ်မျိုးမှဲ့မထင်ဖြစ်ချင်တဲ့ အမျိုးသားတွေအတွက် သုက်လွှတ်မြန်တာ က အားနည်းချက်တစ်ခုလို  ခံစားရမှာပါ။ ပိုဆိုးတာက အမျိုးသားတွေရဲ့ ထုံးစံအတိုင်း ဆေးခန်းပြရမှာ၊ ဒါကို တစ်ယောက်ယောက်ကို ဖွင့်ပြောရမှာ ရှက်ကြပါတယ်။ ဒီတော့ သုက်လွှတ်မြန်တာက မသက်သာဘဲ လိင်မှုကိစ္စမှာ ထိခိုက်လာတာ၊ မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ ကုသမိတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင်  သိပ္ပံနည်းကျ စမ်းသပ်ထားပြီး ကိုယ်တိုင်လိုက်လုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုပါတယ်။ သုက်လွှတ်မြန်တာ ဘယ်လိုမျိုးလဲ ဆေးပညာမှာတော့ သုက်လွှတ်မြန်တယ်ဆိုတာကို ထိုးသွင်းပြီး တစ်မိနစ်အတွင်းမှာ သုက်လွှတ်တာ ၆လအတွင်း လိင်ဆက်ဆံတဲ့ အကြိမ်တော်တော်များများမှာ သုက်ထိန်းလို့မရတာ သုက်လွှတ်မြန်တာကြောင့် စိတ်ဖိစီးတာ၊ မိမိကိုယ်ကို အားမလိုအားမရ ဖြစ်ပြီး လိင်ဆက်ဆံဖို့ စိတ်မပါတော့တာ စတဲ့ အချက်တွေနဲ့ သတ်မှတ်ပါတယ်။ သုက်လွှတ်မြန်တာ က […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံပါ များရင် မိန်းမကိုယ် ကျယ်လာနိုင်သလား

မိန်းမကိုယ် ကျဉ်းဆေးတွေကို အွန်လိုင်းမှာ အများအပြားတွေ့လာရတာက အမျိုးသမီးတွေက ကိုယ့်ရဲ့ မိန်းမကိုယ်နဲ့ ပတ်သတ်ပြီး အကျဉ်းအကျယ်တွေကို အာရုံစိုက်လာတယ်ဆိုတဲ့ လက္ခဏာပါပဲ။ အမျိုးသားတွေက မိမိအိမ်ထောင်ဖက်အပေါ်မှာ စိတ်ပျက်သွားမှာကို စိုးရိမ်တာလည်း ပါနိုင်ပါတယ်။ အထူးသဖြင့်တော့ လိင်ဆက်ဆံပါ များရင် မိန်းမကိုယ် ကျယ်လာနိုင်သလား ဆိုပြီး စိုးရိမ်ကြပါတယ်။ မိန်းမကိုယ်က ထင်ထားသလောက် ကျဉ်းလွယ်ကျယ်လွယ်တဲ့ အင်္ဂါရပ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။ မိန်းမကိုယ် ရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်း မိန်းမကိုယ် (တစ်နည်းအားဖြင့် မွေးလမ်းကြောင်း)ရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်းက အံ့သြစရာပါ။ မြင်သာအောင် ပြောရရင်  မျက်နှာသုတ်ပဝါတစ်ခုကို လုံးထွေးပြီး ခြေအိတ်ထဲကို ထည့်လိုက်ပါ။ ပြီးရင် ခြေအိတ်အဝကို လက်နှစ်ဖက်နဲ့ ညှစ်ပြီး ပိတ်ထားပါ။ ခြေအိတ်က မိန်းမကိုယ်ပါ။ မျက်နှာသုတ်ပဝါက မိန်းမကိုယ် ကြွက်သားတွေပါ။ ညှစ်ပိတ်ထားတဲ့ လက်နှစ်ဖက်က […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံပြီး ရင် ဒီလိုခံစားရတာ ပုံမှန်ပါ။

လိင်ဆက်ဆံပြီး ရင် တစ်ခါတလေမှာ ထူးခြားတဲ့ လက္ခဏာလေးတွေ ခံစားရတတ်ပါတယ်။ လိင်ကိစ္စ မို့လို့ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုဆွေးနွေးတာမျိုးတွေ မရှိတာကြောင့် ဒါတွေက ကိုယ်တစ်ယောက်တည်းမှာများ ဖြစ်နေတာလားဆိုပြီး စဉ်းစားနေမိရင် ဒီအချက်တွေကို စစ်ဆေးကြည့်လိုက်ပါ။ လိင်ဆက်ဆံပြီး ရင် ဒါတွေ ခံစားရတတ်ပါတယ်။  အဖော်ကို ပိုပြီး ခင်တွယ်လာတယ်။ ပြီးမြောက်သွားတဲ့အခါ မိမိအဖော်ကို ပိုပြီးခင်တွယ်လာတာ သဘာဝပါ။ ဒီလို ဖြစ်ရတာ Love hormoneလို့ ခေါ်တဲ့ အောက်စီတိုစင် ထွက်လာလို့ပါ။ ဒီဟော်မုန်းက အဖော်တွေကြားမှာ ခင်တွယ်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးအေးနေပြီဆိုရင် အတူမနေဖြစ်တာ ကြာလို့များလားဆိုတာ စဉ်းစားကြည့်ပါ။ မိန်းမကိုယ်ကနေ သုက်ရည်ဆင်းနိုင်ပါတယ်။ ကွန်ဒုံးမသုံးထားဘူးဆိုရင်တော့ လိင်ဆက်ဆံပြီးရင် မိန်းမကိုယ်ကနေ သုက်ရည်အနည်းငယ် ဆင်းနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ သုက်ရည်ကို မစုပ်ယူတဲ့အတွက် အပြင်ကို ဆင်းလာရုံအပြင် တခြားနည်းလမ်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လွှတ်ဖို့ကြာ နေတာ ဘာကြောင့်လဲ

သုက်လွှတ်တာနဲ့ ပတ်သက်ပြီး သုက်လွှတ်မြန်တာကိုတော့ တော်တော်များများ ကြားဖူးကြမှာပါ။ အတူနေတာမှ မကြာသေးဘူး သုက်ထိန်းမရဘဲ ထွက်သွားတယ်ပေါ့။ ခုပြောမှာကတော့ သူနဲ့ ပြောင်းပြန် သုက်လွှတ်ဖို့ကြာ နေတာပါ။ ကြာနေတာ မကောင်းဘူးလားလို့ မေးစရာရှိပါတယ်။ ကြာနေတာကလည်း မကောင်းပါဘူး။ နောက်ပိုင်းကျရင် အတူနေတဲ့သူနဲ့ ပြဿနာတက်နိုင်ပါတယ်။ သုက်လွှတ်ဖို့ကြာ နေတယ်လို့ ဘယ်အခါမှာ သတ်မှတ်မှာလဲ အမျိုးသားတစ်ယောက်က လိင်တံလည်း ထောင်မတ်တယ်။ လိင်စိတ်လည်း ရှိတယ်။ အတူလည်း နေနိုင်ပါလျက်နဲ့ သုက်လွှတ်ဖို့ ကြာနေရင် ဒါကို ဆေးပညာအရ delayed ejaculation လို့ ခေါ်ပါတယ်။ အချိန်သတ်မှတ်ချက်တော့ အတိအကျ မရှိပါဘူး။ အကြမ်းဖျင်းအားဖြင့် ထိုးသွင်းဆက်ဆံပြီး နာရီဝက်၊ ၄၅မိနစ်လောက်ကြာတဲ့အထိ မထွက်သေးဘူးဆိုရင်တော့ သုက်လွှတ်ဖို့ ကြာနေတယ်လို့ ပြောလို့ရပါတယ်။ ဒါက သုက်မလွှတ်အောင် စိတ်နဲ့ ထိန်းထားတာမျိုး မဟုတ်ပါဘူး။ သူ့အလိုလိုကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိမ်ထောင်ရှင်မတို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေမယ့်အရာ

ရာသီလာစဉ်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေက အတော်လေး သည်းခံရခက်သလို နေ့စဉ် လုပ်ငန်းတာဝန်တွေပေါ်မှာပါ ထိခိုက်လာတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီဝေဒနာကို သက်သာစေဖို့ အိမ်တွင်းကုထုံးတွေနဲ့ ကုသတာတွေ ရှိသလို အကိုက်အခဲ ပျောက်ဆေးတွေ သောက်တာမျိုးလည်း ရှိပါတယ်။ အခုတစ်ခေါက်တော့ အိမ်ထောင်ရှင်မတို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေမယ့်အရာ ကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ ......... အိမ်ထောင်ရှင်မတို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေမယ့်အရာ အိမ်ထောင်ရှင်မတို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေမယ့် နည်းလမ်းတစ်ခုက လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း (orgasm) ပါ။ ဒီခံစားမှုက သက်သောင့်သက်သာရှိတဲ့ ခံစားမှုကို ရရှိစေနိုင်ပါတယ်။ ရာသီလာနေချိန်မှာ အတူနေဖို့ကိစ္စကို အတော်များများက ရှောင်ကြပါတယ်။ ဒါပေမဲ့ အတူနေမှုကနေရရှိလာတဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကလည်း ရာသီလာချိန်မှာ ကိုက်ခဲမှုတွေကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ မတော်တဆ ကိုယ်ဝန်ရရှိနိုင်ခြေကို ကာကွယ်ဖို့အတွက် စိတ်ချရတဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ချစ်မှုရေးရာကိစ္စတွေမှာ စိတ်ကျေနပ်ပျော်ရွှင်မှုနဲ့ အဆုံးသတ်နိုင်ဖို့က သိပ်ကို အရေးကြီးပါတယ်။ ဘာလို့ အိပ်ရာပေါ်က ကိစ္စကို အလေးအနက်ထားတိုက်တွန်းနေကြတာလဲဆိုရင် လိင်မှုကိစ္စဟာ သင့်ကျန်းမာရေးနဲ့လည်း တိုက်ရိုက်ဆက်နွယ်နေတာကြောင့်ပါ။ ချစ်မဝတဲ့လိင်မှုဘဝ မျိုးကို မပိုင်ဆိုင်ဘူးဆိုရင် သင့်အတွက် ထိခိုက်နစ်နာစရာတွေ များလှတယ်ဆိုတာကို မမေ့ပါနဲ့နော်။ လိင်ဆက်ဆံတာပဲ ပြီးမြောက်မှုက အဓိကပဲပေါ့လို့ မတွေးလိုက်ပါနဲ့။ တကယ်တော့ လိင်မှုရေးရာ နှီးနှောမှုတွေဟာ ဒီထက်ပိုပါတယ်။ စိတ်ခံစားချက်ကောင်းမွန်စွာနဲ့ ပြီးမြောက်နိုင်မယ်ဆိုရင် Oxytocin လို့ခေါ်တဲ့ အချစ်ဟော်မုန်းတွေ အမြောက်အများထွက်ရှိလာမှာဖြစ်ပြီးတော့ ဒီဟော်မုန်းတွေက နှလုံးရောဂါကို ကာကွယ်ပေးတာ၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျော့ကျစေတာ၊ ကိုယ်ခံအားစနစ်ကို တိုးတက်စေတာနဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးတာလိုမျိုး အကျိုးကျေးဇူးတွေ ပေးပါတယ်။ ဒါကြောင့် ချစ်မဝတဲ့လိင်မှုဘဝ မျိုးကို ဖန်တီးထားနိုင်သူတွေဟာ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာတဲ့ အကျိုးကျေးဇူးတွေအပြင် လက်တွဲဖော်၊ ဆက်ဆံဖော်ရဲ့ မေတ္တာကိုလည်း ပြည့်ပြည့်ဝဝပိုင်ဆိုင်နိုင်မှာပေါ့။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ချစ်တင်းမနှောခင် စားစေချင်

လိင်ဆက်ဆံချိန်မှာ အင်အားပြည့်ဖြိုးပြီး စွမ်းဆောင်ရည်ကောင်းစေမယ့် အစားအစာတွေနဲ့ ဆေးဝါးတွေကို လူတွေရှာဖွေလာခဲ့တာ ထောင်စုနှစ်ပေါင်းမြောက်များစွာ ကြာမြင့်နေပါပြီ။ ဒါကြောင့်  ချစ်တင်းမနှောခင် မှာ သင့်လျော်တဲ့ အစားအစာတွေကို အစားအစာတွေ မှီဝဲပေးနိုင်ရင် အကောင်းဆုံးပေါ့။ ချစ်တင်းမနှောခင် အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းဖို့ စိတ်ကျေနပ်မှုကောင်းဖို့ လိုသလိုပြီးမြောက်နိုင်ဖို့အတွက် ဆေးမြီးတိုတွေ ဓာတ်စာတွေကို အမျိုးမျိုးအသုံးချခဲ့ကြပါတယ်။ အဆင်ပြေတာလည်းရှိသလို ချင်း(ဂျင်း)တွေလည်း ပါနေတယ်မဟုတ်လား။ တကယ်တော့ လူသားတွေရဲ့ လိင်ဆက်ဆံခြင်းအမှုမှာ အကောင်းဆုံး စွမ်းအားတွေကို ပေးအပ်နိုင်တဲ့အရာတွေက သဘာဝတရားက ဖန်တီးပေးထားတဲ့ အရာတွေပါပဲ။ ဘယ်ဆေးတွေ၊ ဘယ်လိုဓာတ်စာတွေ ကောင်းတယ်ဆိုဆို သဘာဝတရားက ဖန်တီးပေးထားတဲ့အရာတွေထက်တော့ ပိုသာပြီး မကောင်းနိုင်ပါဘူး။ တကယ်လို့သင်က ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ချင်နေတယ်၊ ပိုပြီးကျေနပ်ကောင်းမွန်တဲ့ စိတ်ခံစားချက်မျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ခုဖော်ပြပေးမယ့် အစားအစာတွေကို မှီဝဲကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ခုဖော်ပြပေးမယ့် အစားအစာတွေက သင့်ရဲ့ ချစ်တင်းနှောနိုင်စွမ်းကို သိသိသာသာပြောင်းလဲသွားစေပါလိမ့်မယ်။   ချစ်တင်းမနှောခင် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

အမျိုးသားတိုင်းမှာ စွမ်းဆောင်ရည်ပြည့်ဝပြီး အရွယ်အစားလည်း မသေးငယ်လှတဲ့ လိင်အင်္ဂါမျိုးကို ပိုင်ဆိုင်လိုကြတဲ့ ဆန္ဒအာသီသ ရှိတတ်ကြပါတယ်။ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းတာ စွဲမက်ဖွယ်လို့ သူတို့ဟာ သူတို့ ထင်မြင်ယူဆကြတဲ့ ကျားအင်္ဂါမျိုးကို ပိုင်ဆိုင်ထားတာမျိုးကို သိပ်ကို ဂုဏ်ယူတတ်ကြသူတွေဆိုပါတော့။ ဒီတော့ သူတို့ရဲ့ ဖွားဘက်တော်လေးကို ရှိနေတဲ့အခြေအနေထက် ပိုပြီးကြီးထွားအောင် အချိန်ကြာကြာစွမ်းဆောင်နိုင်စေအောင် ကူညီပေးနိုင်မယ့် နည်းလမ်းမျိုးတွေဆိုရင် အမြဲစိတ်ဝင်စားတတ်ကြပါတယ်။ ဒီလိုဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ ဆေးဝါးတွေ ဓာတ်စာတွေ ဆေးမြီးတိုတွေကလည်း ဒီခေတ်မှာ ပေါ်ပေါက်လာကြတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သမိုင်းဦးခေတ်တွေကတည်းက ဒီလို နည်းလမ်းတွေ ရှိခဲ့ကြတာပါ။ ဒီကနေ့ခေတ် ခေတ်မီဆေးဝါးတွေ ပေါ်ထွက်လာတဲ့ ခေတ်မှာလည်း အမျိုးသားအင်္ဂါကြီးဆေးတွေ၊ ကြာဆေးတွေက အမျိုးမျိုး ပေါ်ထွက်လာနေဆဲပါပဲ။ ရောင်းအားတွေလည်း ကောင်းနေဆဲပါပဲ။ နည်းလမ်းပေါင်းမြောက်များစွာထဲမှာ ဒီဘက်ပိုင်းနှစ်အနည်းငယ်အတွင်းမှာ လူသိများလာပြီး အသုံးလည်းများလာတာက P-Shot လို့ခေါ်တဲ့ ဆေးထိုးတဲ့ နည်းလမ်းဖြစ်ပါတယ်။ P-Shot […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)