backup og meta

လိင်ဆက်ဆံဖို့ သူမကို ဆွဲဆောင်နိုင်မယ့် နည်းလမ်း ၄ သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Hello Sayarwon Panel မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံဖို့ သူမကို ဆွဲဆောင်နိုင်မယ့် နည်းလမ်း ၄ သွယ်

    လိင်ဆက်ဆံဖို့ ဆိုတာဟာ အတင်းအကျပ် မဖြစ်သင့်သလို လုပ်ကိုလုပ်ရမယ့် အရာတစ်ခုလို့လည်း မသတ်မှတ်သင့်ဘဲ သာယာပျော်ရွှင်ဖွယ် ကောင်းသင့်ပါတယ်။

    ဒါ့ကြောင့် သင်ချစ်တဲ့သူတစ်ယောက်ကို သင့်ကို ဘယ်လိုစိတ်ပါလက်ပါ အဖြေပေးအောင်လုပ်မလဲ။ ဒီဆောင်းပါးမှာအလွယ်ကူဆုံးပြုလုပ်နည်းလေးမျိုးကိုဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

    ၁။ စိတ်ကူးယဉ်ဆန်တဲ့ အပြုအမူတွေ ပြုလုပ်ပါ။

    အမျိုးသားတွေနဲ့ မတူတဲ့အချက်ကတော့ အမျိုးသားတွေဟာသူတို့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ အစာအိမ်ကိုအခြေခံစဉ်းစားပေမယ့် အမျိုးသမီးတွေကတော့ အချစ်နဲ့ ပတ်သက်သည်ဖြစ်စေ၊ လိင်ဆက်ဆံဖို့စဉ်းစားရာမှာဖြစ်စေ သူတို့ရဲ့ နှလုံးသားရော ဦးနှောက်ပါ အခြေခံပြီးစဉ်းစားကြပါတယ်။

    အမျိုးသမီးတွေဟာ ဝိုင်၊ ပန်းစည်းနဲ့ သူတို့ကို စိတ်လှုပ်ရှားစေတဲ့ အရာတွေနဲ့ စိတ်ကူးယဉ်ဆန်အောင် ပြုလုပ်ခြင်းကို နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် အထူးတလည်လုပ်ဖို့ မလိုတဲ့ အခြေအနေမျိုးမှာတောင် သူမကြိုက်နှစ်သက်တဲ့အရာတွေနဲ့ အံ့သြသွားအောင် ပြုလုပ်ပါ။

    ပြီးတော့ သူမဘယ်လောက်လှကြောင်းပြောပြပေးပါ။ သူမကို မကြာခဏနမ်းရှုပ်ပြီး သူမရဲ့ ဆံပင်ပုံစံအသစ် (သို့) အဝတ်အစားအသစ်ကိုချီးကျူးပြောဆိုပါ။ ဒီလိုလုပ်ခြင်းဟာ သင်တို့နှစ်ယောက်လုံးအတွက် လိင်ဆက်ဆံခြင်းမှာ သာယာမှု ရရှိစေနိုင်ပါတယ်။

    ၂။ သူမနဲ့ စကားပြောဆိုပါ။

    အမျိုးသမီးတွေဟာ သူတို့ရဲ့ ဦးနှောက်နဲ့ နှလုံးသားကို အသုံးပြုပြီး တွေးတောကြတဲ့အတွက် သူတို့ဟာ တွေးရတာ၊ စကားပြောရတာနဲ့ ဆွေးနွေးပြောဆိုရတာကို အင်မတန်နှစ်သက်ပါတယ်။ ဒါကြောင့် သူမပြောနေတာကို သေချာနားထောင်ခြင်းနဲ့ သူမကို စိတ်လှုပ်ရှားစေတဲ့ စကားပြောဆိုမှုတစ်ခုမှာ ဝင်ရောက်ပြောဆိုခြင်းဖြင့် သင့်လေးစားမှုကို ပြသခြင်းဟာ ကောင်းမွန်ပါတယ်။

    တခါတလေမှာအမျိုးသမီးတွေဟာ သင့်ကို သူတို့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ မမျှော်လင့်ဘဲ သူမစကားပြောတာကို သေချာနားထောင်ပြီး သူမကို နားလည်ပေးပြီး လိုအပ်ရင် မေးခွန်းမေးတာကိုသာ လိုချင်တာဖြစ်ပါတယ်။ သူမဆောက်တည်ရာမရဖြစ်နေရင် ညင်သာစွာ ပွေ့ဖက်ပေးပြီး ဝမ်းနည်းနေရင် အနမ်းပေးခြင်းအားဖြင့် သူမကိုစိတ်လှုပ်ရှားစေမှာပါ။

    သူမအလွန်ကို နှစ်သက်မှာဖြစ်ပြီး သင့်ရဲ့ ဆက်လက်ပြုမူမှုတွေကို လက်ခံလာစေပြီး လိင်ဆက်ဆံဖို့ အခြေအနေကောင်းတစ်ခုဖြစ်လာစေနိုင်မှာပါ။

    ၃။ သူမကို အိမ်အလုပ်တွေ ကူလုပ်ပါ။

    ဒါဟာ ထူးဆန်းသယောင် ထင်ရပြီး လိင်ဆက်ဆံမှုနဲ့ ဘာမှ သက်ဆိုင်ပုံမပေါ်ပေမယ့် သူမနဲ့ အိမ်အလုပ်တွေကူလုပ်ခြင်းဟာ သင့်ကို ချစ်ခင်စေပြီးတော့ သင်ဟာ သင်တို့ရဲ့ဘဝကို အလေးထားပြီးကျန်းမာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်တဲ့သူလို့ ပြသရာရောက်ပါတယ်။

    လိင်ဆက်ဆံဖို့ အချိန်အကြာကြီးစောင့်ဆိုင်းနေမယ့်အစား ဘာလို့သူမကို အိမ်အလုပ်ကူလုပ်ခြင်းကဲ့သို့သော သေးငယ်တဲ့အပြုအမူတွေကနေ စတင်ဖို့ မစီစဉ်တာလဲ။ ဒါဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာချစ်ခင်မှုကိုပါ ပြသရာရောက်ပါတယ်။ သင်ဟာသင်ပေးလိုက်သလောက် ပြန်အချစ်ခံရမယ်ဆိုတာအာမခံပါတယ်။

    ၄။ သူမရဲ့ တုံ့ပြန်ပုံတွေနဲ့ ပတ်သက်ပြီးအလိုက်သိပါ။

    ဒါဟာ သူမပြောဆိုပြုမူတဲ့ အရာတွေအကုန်လုံးကို အသေးစိတ်လိုက်ခံစားစေတာ  မဟုတ်ပါဘူး။ သူမပြုမူနေတဲ့ အရာတွေမှာ သေချာဂရုစိုက်စေခြင်းသာ ဖြစ်ပါတယ်။

    သူမဟာနေကောင်းရဲ့လား၊ လိင်ဆက်ဆံဖို့ သူမမှာ အခက်အခဲတစ်ခုခုများ ဖြစ်နေလား စတာတွေကို ဂရုစိုက်သင့်ပါတယ်။ သင်သတိမပြုမိလိုက်တဲ့ အချက်လေးတွေဟာ သင်ခက်ခဲတည်ဆောက်နေရတဲ့ အရာအားလုံးကို ပျက်စီးစေနိုင်ပါတယ်။

    အတူတူနေခြင်းရဲ့ အခြေခံအကြောင်းတရားဟာ ချစ်ခြင်းမေတ္တာကို အခြေခံတဲ့အခါ ပိုမိုသာယာပျော်ရွှင်မှုကို ခံစားရစေမှာပါ။

    ဒီတော့ သူမရဲ့ ချစ်ခြင်းမေတ္တာကို ပျိုးထောင်ပေးနိုင်မယ့် သင့်ရဲ့ အပြုအမူတွေ အားလုံးဟာ အချည်းနှီးဖြစ်စေမှာ မဟုတ်ဘူး ဆိုတာကို ယုံကြည်ပါ။

    နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုကတော့ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူတွေ၊ ဇွတ်တရွတ်နိုင်တဲ့ အပြုအမူတွေကို လုံးဝမလုပ်မိစေဖို့အတွက် သတိထားဖို့ပါပဲ။

    ချစ်ခြင်းမေတ္တာက ပျိုးထောင်ရတာခက်သလောက် အမုန်းတရားတွေ အမြင်မကြည်လင်မှုတွေက တည်ဆောက်ဖို့ အလွန်လွယ်ကူတာကိုလည်း မမေ့ပါနဲ့။

    သူမအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ နေမကောင်းနေတာ ဖြစ်နိုင်သလို စိတ်ဖိစီးမှုတွေ၊ မပျော်ရွှင်မှုတွေ၊ စိတ်ပူပင်သောကတွေလည်း မြင်သာထင်သာမရှိဘဲ ရှိနေနိုင်တာကို အထူးသတိထားပါ။

    သင့်ရဲ့ ဖေးမတဲ့ အပြုအမူနဲ့ စကားလေးတွေက သူ့အတွက် မဟာခွန်အားတစ်ခု ဖြစ်စေနိုင်သလိုပဲ သင့်ရဲ့ စိတ်မရှည်တဲ့ အမူအရာတစ်ခု၊ မာကြောတဲ့ စကားသံတစ်ခုက သူမကို သင်ထင်မထားတဲ့ ပမာဏတစ်ခုအထိ စိတ်ထိခိုက်သွားစေနိုင်တယ်ဆိုတာလည်း သတိထားပါ။

    ဒီအရာရဲ့ နောက်ဆက်တွဲမှာ ပျက်စီးသွားမယ့် ပျော်စရာ အတွေ့အကြုံတွေကို ကြိုမြင်ပါ။

    လိင်ဆက်ဆံဖို့ လက်ခံအောင် ပြုလုပ်ခြင်းဟာ အရေးကြီးပေမယ့် သေချာစဉ်းစားဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် သူမကိုလက်ခံလာအောင် လုပ်ဖို့ သင့်အချိန်တွေနဲ့ အင်အားတွေကို မြှုပ်နှံသင့်တယ်ဆိုရင် မအံ့သြပါနဲ့။

    ရေးသားသူ− Dr Phyu Mon Latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Hello Sayarwon Panel မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement