လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံရင် ဝိတ်ကျ သလား

စုံတွဲတွေကြားမှာ စနောက်လေ့ ရှိတဲ့စကားက ကယ်လိုရီ သွားburnကြမယ်၊ အိပ်ရာထဲမှာ လေ့ကျင့်ခန်း သွားလုပ်ကြမယ်ဆိုတာပါ။ ဆိုလိုတာက လိင်ဆက်ဆံရင် ဝိတ်ကျ မယ်လို့ ယုံကြည်ကြတာကြောင့်ပါ။ တကယ်လည်း လိင်ဆက်ဆံတဲ့အခါ ခွန်အားသုံးရတာကြောင့် ကယ်လိုရီလောင်ကျွမ်းတာက မှန်ပါတယ်။ ဒါပေမဲ့ ဝိတ်ကျရလောက်အောင် ကယ်လိုရီလောင်ရဲ့လား။ သုတေသနတွေက ဘာပြောလဲ လိင်ဆက်ဆံတာနဲ့ ကယ်လိုရီလောင်ကျွမ်းတာအကြား ဆက်စပ်မှု ရှိမရှိကို စိတ်ဝင်စားတာက ကိုယ်တွေတင်မကပါဘူး။ နိုင်ငံခြားက ပညာရှင်တွေလည်း ပါပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက Montrealမှာ ရှိတဲ့ University of Quebecက လေ့လာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေ့လာချက်မှာ သူတို့က အသက် ၂၀ကျော် ကျားမစုံတွဲ ၂၁တွဲကို လိင်ဆက်ဆံချိန်နဲ့ သာမန်လေ့ကျင့်ခန်းလုပ်ချိန်မှာ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏတွေကို လေ့လာခဲ့ကြပါတယ်။ ရလဒ်ကတော့ ၂၄မိနစ်ကြာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေက ၁၀၁ ကယ်လိုရီ (တစ်မိနစ်ကို […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လို ကူညီပေးမလဲ!

သင့်ရဲ့ လက်တွဲဖော်က ချစ်တင်းနှောရာမှာ သက်လုံကောင်းစေဖို့ ကြိုးပမ်းနေရပြီလား! ဒါဆိုရင်တော့ လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လို ကူညီပေးမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။  လိင်မှုဘဝ သာယာဖို့ လိုအပ်ချက် တစ်ခု  လက်တွဲဖော် ၂ ဦးကြားမှာ သာယာတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေဖို့ဆိုရင်တော့ သက်လုံကောင်းစေဖို့ လိုပါမယ်။ လက်တွဲဖော် ၂ ဦးမှာ တစ်ဦးဦးက သက်လုံ မကောင်းဘူးဆိုရင်ဖြစ်ဖြစ် ၂ ဦးစလုံး သက်လုံမကောင်းရင်ဖြစ်ဖြစ် ကောင်းမွန်ပျော်ရွှင်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ဖို့ ခက်မှာပါ။ ဒါကြောင့် လိင်မှုဘဝမှာ သာယာစေဖို့ဆိုရင် သက်လုံကောင်းစေဖို့ လိုပါမယ်။ https://hellosayarwon.com/mens-health/penis-health/single-testis-and-sex-life-fertility/ ဘာတွေက သက်လုံမကောင်းတာကို ဖြစ်စေနိုင်တာလဲ! လိင်မှုဘဝမှာ သက်လုံမကောင်းတာကို ဖြစ်စေနိုင်တဲ့ အချက်တွေကတော့ အများကြီးပါ။  အဝလွန်နေတာ ရောဂါအခံ တစ်ခုခု ရှိနေတာ ကိုယ်ဝန်ဆောင်နေရတာ သွေးဆုံးခါနီးအချိန် ဖြစ်နေတာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီး သုက်ရည် ဆိုတာ တကယ်ရှိသလား

အမျိုးသမီးတွေ ပြီးမြောက်တဲ့အခါ အမျိုးသားတွေလိုပဲ သုက်ရည်ထွက်တတ်သလား။ အမျိုးသမီး သုက်ရည် ဆိုတာ ဘယ်လိုမျိုးလဲ။ ပန်းထွက်တဲ့အရည်တွေကရော ဘာတွေလဲ။ ဆီးတွေလား။ အမျိုးသမီး သုက်ရည် ဆိုတာ တကယ်ရှိသလား အမျိုးသမီးတွေ ပြီးမြောက်သွားတဲ့အခါ သာမန်အတိုင်းပဲ မိန်းမကိုယ်က အရည်တွေ ထွက်ကြတာ ရှိသလို ဆီးသွားသလို ပန်းထွက်တဲ့ အရည်တွေလည်း ရှိပါတယ်။ ဒီနှစ်ခုက ပြီးမြောက်ရင် ထွက်လာကြတယ်ဆိုပေမယ့် ထွက်တဲ့နေရာနဲ့ ပါဝင်ပစ္စည်းတွေ မတူပါဘူး။ သာမန်အတိုင်း ပြီးမြောက်သွားတာကို Female ejaculation (FE)လို့ ခေါ် ပြီး ဆီးသွားသလို ပြီးမြောက်သွားတာကိုတော့ Squirting (SQ)လို့ ‌ခေါ်ပါတယ်။ Female ejaculation (FE)ဆိုတာ FEက အမျိုးသား သုက်ရည်နဲ့ ဆင်တူပါတယ်။ ခပ်ပျစ်ပျစ် အဖြူရောင်အရည်နဲ့ တွေ့ရတာ များပါတယ်။ ဒီအရည်က ဆီးပြွန်နားက Skene’s glandsလို့ခေါ်တဲ့ အမျိုးသမီးဆီးကျိတ်ကနေ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လင်နဲ့မယား တစ်ခါတလေ အိပ်ရာခွဲအိပ် ကြည့်ပါလား!

လင်နဲ့မယား အတူတူ အိပ်ရာတစ်ခုထဲကို ဝေမျှအိပ်စက်တာက အတော်လေးတော့ ကြည်နူးစရာ ကောင်းတာပါ။ ဒါပေမယ့် လင်နဲ့မယား ဆိုတိုင်း အမြဲ အတူတူ အိပ်စက်ရမယ်လို့လည်း တထစ်ချ ယူဆထားလို့ မရပါဘူး။ တစ်ခါတလေမှာ လင်နဲ့မယား အခန်းခွဲအိပ်တာ၊ အိပ်ရာခွဲအိပ်တာက နည်းလမ်းကောင်းပါ။ ဒါကြောင့် လင်နဲ့မယား တစ်ခါတလေ အိပ်ရာခွဲအိပ် ကြည့်ပါလား! လို့ ပြောရတာပါ။  Sleep divorce ဆိုတာ ဘာများလဲ! Sleep Divorce ဆိုတာက နားလည်လွယ်အောင် ပြောပြရရင် လင်နဲ့ မယား တစ်ခန်းတည်း တစ်အိပ်ရာထဲ မဟုတ်ဘဲ အခန်းခွဲအိပ်တာ၊ အိပ်ရာခွဲအိပ်တာမျိုးပါ။ စိတ်ဆိုးတာ၊ ဒေါသဖြစ်တာကြောင့် မဟုတ်ဘဲ လင်နဲ့မယား အိပ်ရာခွဲအိပ်တာမျိုးပါ။  လင်နဲ့မယား တစ်ခါတလေ အိပ်ရာခွဲအိပ် ကြည့်ပါလား! လင်နဲ့မယား တစ်ခါတလေ အိပ်ရာခွဲအိပ် ကြည့်ပါလား! လို့ ပြောရတာက […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အပျိုစစ်ရဲ့သားနဲ့ အပျိုမြှေးပေါက်ရတဲ့ အကြောင်းရင်း

အပျိုစစ်မစစ်ကို လိင်ဆက်ဆံတာနဲ့ တိုင်းတာတယ်ဆိုရင် လိင်မဆက်ဆံဘဲနဲ့ အပျိုမြှေးပေါက်နိုင်တယ်ဆိုတာကို သိထားပြီးပြီလား။ တစ်နည်းအားဖြင့် အပျိုစစ်ရဲ့သားနဲ့ အပျိုမြှေးပေါက်ရတဲ့ အကြောင်းရင်းတွေပေါ့။ ဒါတွေကို သိမထားဘူးဆိုရင် ကိုယ်နဲ့ ကိုယ့်အဖာ်ရဲ့ ဆက်ဆံရေးကြားမှာ အဖုအထစ်လေးတွေ ဖြစ်တတ်တာကြောင့် ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ်။ အပျိုမြှေးဆိုတာ အပျိုမြှေးဆိုတာ မွေးလမ်းကြောင်းဝက တစ်ရှူးစလေး တစ်ခုပါ။ ပုံသဏ္ဍာန်အမျိုးမျိုး ရှိသလို အပျိုမြှေး လုံးဝပိတ်နေသူတွေ၊ မွေးကတည်းက ပါမလာသူတွေလည်း အများသားပါ။ ဘာကြောင့် အပျိုမြှေးလို့‌ခေါ်လဲဆိုတာ မသိပေမဲ့ သူ့နာမည်လိုတော့ အပျိုဟုတ်မဟုတ်ကို မခွဲခြားနိုင်ပါဘူး။ ဒီတိုင်း ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါတယ်။ အပျိုမြှေးနဲ့ အပျိုစစ်ခြင်း မစစ်ခြင်း သူ့နာမည်ကို အပျိုမြှေးလို့ ပေးလိုက်တဲ့အခါကျတော့ သူ့ကို ကြည့်ပြီး အပျိုစစ်မစစ် ခွဲလို့ရတယ်လို့ ထင်ကုန်ကြရော။ တကယ်က အပျိုမြှေးဆိုတာ နာမည်အရသာ အပျို ပါပေမဲ့ တကယ် အပျိုဟုတ်မဟုတ်ကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

မေးရမှာ ရှက်နေတဲ့ အိပ်ရာပေါ်က ကိစ္စတွေကို လုံလုံခြုံခြုံမေးနိုင်ပါပြီ။

အိပ်ရာပေါ်က ကိစ္စတွေကို စုံတွဲတိုင်းကြုံရနိုင်ပေမယ့် ပွင့်ပွင့်လင်းလင်းမေးတဲ့သူက ရှားပါတယ်။ ဖြစ်နိုင်တာကတော့ ဘယ်မှာမေးရမလဲ။ ဒီလိုမျိုး မေးတာ စိတ်ချရပါ့မလား။ ငါ့များ လှောင်နေမလားဆိုပြီး စိုးရိမ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အိပ်ရာပေါ်က ကိစ္စဆိုတာ မျိုသိပ်ထားရုံနဲ့ အလိုလိုဖြေရှင်းသွားတဲ့ ကိစ္စမဟုတ်ပါဘူး။ အမျိုးသားတွေ လိင်တံနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အလိုမကျဖြစ်တာ အမျိုးသမီးတွေရဲ့ ပြီးမြောက်ခြင်း ပြဿနာတွေ လိင်ကတဆင့် ကူးစက်ရောဂါနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ရသွားမှာတွေ ဒါတွေက စုံတွဲတိုင်း သိချင်နေကြတဲ့ အကြောင်းတွေပါ။ ပွင့်ပွင့်လင်းလင်း မပြောဖြစ်ကြလို့သာ လူသိပ်မသိတာပါ။ စုံတွဲတွေမှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သိချင်တာတွေ၊ မေးချင်တာတွေ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် အပေါ်က မေးခွန်းတွေကို ပြန်ဖြေရရင် ဘယ်မှာမေးရမလဲ။ အောက်က ‘မှတ်ချက်’ဆိုတဲ့နေရာမှာ အခမဲ့ မေးနိုင်ပါတယ်။ အသေးစိတ်ကို ပုံမှာကြည့်ပါ။ ဒီလိုမျိုး မေးတာ စိတ်ချရပါ့မလား။ ကိုယ်ရဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး

အရွယ်ရောက်ပြီးသူတွေက လိင်မှုရေးရာနဲ့ ကင်းကွာခဲကြပါတယ်။ ဒီလိုမျိုး လိင်မှုရေးရာကိစ္စတွေကို လုပ်ဆောင်တဲ့အခါ ပြီးမြောက်သွားချိန်မှာ ခံစားရတဲ့ လိင်စိတ် အထွတ်အထိပ်ရောက်မှုက တော်တော်လေး စိတ်ကျေနပ်စေတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ လေ့လာမှုတွေအရ သိရတာက လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းက စိတ်ကျန်းမာရေးကိုရော ကိုယ်ကျန်းမာရေးကိုပါ မြှင့်တင်ပေးနိုင်ပါသတဲ့။ ဒီတစ်ခေါက်တော့ အရွယ်ရောက်ပြီးသူတွေ ကင်းကွာလို့ မရတဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက လေ့လာလိုက်ရအောင်လား။ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ ပျော်ရွှင်စေတယ် အတူနေချိန်မှာ ဆန္ဒပြီးမြောက်တဲ့ စုံတွဲတွေက အခြားစုံတွဲတွေထက် ပိုပြီး ပျော်ရွှင်ကြပါတယ်။ ဒီလိုမျိုး လိင်စိတ်အထွတ်အထိပ် ရောက်ချိန်မှာ ခန္ဓာကိုယ်က ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း က စိတ်ခံစားမှု ကောင်းစေပြီး ပျော်ရွှင်မှုကို ခံစားရစေဖို့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

Sex Toys တွေကို အဆိပ်ဖြစ်စေတဲ့ တရားခံတွေ

အရင်ခေတ်တွေတုန်းက Sex Toys ဆိုတာတွေက သိပ် ခေတ်မစားလှပေမယ့် အခုနောက်ပိုင်းမှာတော့ Sex Toys တွေ ထုတ်လုပ်မှုတွေ များလာသလို အသုံးပြုသူတွေကလည်း များလာပါ။ ဒီလိုမျိုး Sex Toys တွေကို ထုတ်လုပ်တဲ့အခါ သုံးစွဲသူတွေ နှစ်သက်စေဖို့ အမျိုးမျိုးသော တီထွင်မှုတွေကို လုပ်ဆောင်ရင်း ထိတွေ့ခံစားမှုကောင်းစေဖို့အတွက် ဓာတုဗေဒပစ္စည်း အမျိုးမျိုးကို အသုံးပြုလာကြတာတွ ရှိပါတယ်။ ဒီလို အသုံးပြုတဲ့ ဓာတုပစ္စည်းအချို့က ဓာတ်ခွဲစမ်းသပ်လိုက်တဲ့အခါ အဆိပ်အတောက် ဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ အခုနောက်ပိုင်း ထုတ်လုပ်မှုတွေမှာ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်း ပါဝင်မှုတွေ လျော့ကျလာပြီဆိုပေမယ့် သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ Sex Toys တွေကို အဆိပ်ဖြစ်စေတဲ့ တရားခံတွေ က ဘာတွေဖြစ်မလဲ ဆိုတာ နဲ့ ဘယ်လိုတွေ ထိခိုက်စေနိုင်လဲဆိုတာကို အတူတူ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံခြင်းနည်းလမ်းများ နဲ့ ကျန်းမာရေးကောင်းကျိုးဆိုးကျိုးများ

လိင်ဆက်ဆံခြင်းဆိုတာ သဘာဝကိစ္စဆိုပေမယ့် အလွန်အကျွံ မဖြစ်အောင်၊ မိမိနဲ့ မိမိအဖော်မထိခိုက်အောင် ဆက်ဆံသင့်ပါတယ်။ ပြီးပြည့်စုံတဲ့ လိင်မှုဆက်ဆံရေးဆိုတာ နှစ်ဦးနှစ်ဖက်ကျေနပ်ပြီး သာယာဖွယ်ကိစ္စ ဖြစ်နေဖို့ လိုပါတယ်။ နာကျင်မှုတွေ၊ အလိုမပြည့်ဝမှုတွေနဲ့ဆိုရင် နောက်တစ်ခါ အတူနေဖို့ကို ကြောက်လန့်နေရမှာပါ။ လိင်ဆက်ဆံခြင်းနည်းလမ်းများ က အမျိုးမျိုးရှိပါတယ်။ ဘယ်ဟာက ကိုယ်နဲ့ ကိုယ့်အဖော်အတွက် အဆင်ပြေမလဲ။ ဘယ်လိုကျန်းမာရေးအခြေအနေတွေရှိရင် ဘယ်လိုပုံစံနဲ့ ဆက်ဆံသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ လိင်ဆက်ဆံခြင်းနည်းလမ်းများ နဲ့ ကျန်းမာရေးကောင်းကျိုးဆိုးကျိုးများ စုံတွဲတွေကြားမှာ သမားရိုးကျနည်းတွေ ရိုးလာတဲ့အခါ ဒါမှမဟုတ် ကိုယ့်စိတ်ထဲမှာ ဒီလိုပုံစံနဲ့ လိင်ဆက်ဆံတာက ပိုကောင်းတယ်လို့ ယူဆတဲ့အခါ နည်းလမ်းအသစ်တွေကို အသုံးပြုလာကြပါတယ်။ နည်းလမ်းတိုင်းက စုံတွဲတိုင်းအတွက် အဆင်ပြေချင်မှ ပြေမှာပါ။ တစ်ခါတလေ ကိုယ့်အတွက် အဆင်ပြေပေမယ့် သူ့အတွက် အဆင်မပြေတာလည်း ရှိနိုင်ပါတယ်။ မိမိတို့စုံတွဲက အောက်မှာ ဆက်ပြောမယ့် ဘယ်ပုံစံနဲ့ အတူနေကြသလဲ။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သင့်အိမ်ထောင်ရေးသာယာမှုကို ဖျက်ဆီးနိုင်သော အကျင့် ၈ ခု

သင့်အိမ်ထောင်ရေးသာယာမှုကို ဖျက်ဆီးနိုင်သော အကျင့် တွေ ရှိပါသည်။ သင့် အိမ်ထောင်ရေး သည် မကြာသေးမီကပဲ အခြေအနေ မကောင်းဖြစ်လာပါသလား။ လူတစ်ဦးနှင့်တစ်ဦး ပေါင်းဖက်ချိန်တွင် မတူညီသော ဖြစ်နေကျ အဆင့်များ ရှိပြီး ထိုသူနှစ်ဦးကြားတွင် ဘယ်လိုမှ ညှိမရတော့သည့် ပြဿနာအကြီးဆုံးလည်း ဖြစ်လာနိုင်ပါသည်။ သင့်အိမ်ထောင်ရေးကို ဖြည်းဖြည်းချင်းဖျက်ဆီးလာနိုင်သည့် အချက်များမှာ အောက်ပါအတိုင်းပင်ဖြစ်ပါသည်။ သင့်အိမ်ထောင်ရေးသာယာမှုကို ဖျက်ဆီးနိုင်သော အကျင့် ၈ ခု သင့်အိမ်ထောင်ရေးသာယာမှုကို ဖျက်ဆီးနိုင်သော အကျင့် ၈ ခု က လိင်မဆက်ဆံကြတော့ခြင်း အိမ်ထောင်ရေး ဘဝတွင် ရင်းနှီးမှုသည် ဖြစ်ပွားနေသော ပြဿနာ တော်တော်များများကို ဖယ်ရှားပေးနိုင်ပါသည်။ သင်သည် သင့်အိမ်ထောင်ဖက်နှင့် လိင်မဆက်ဆံတော့ပါက သင်တို့၏ အိမ်ထောင်ရေးဘဝကို အဆုံးသတ် အခြေအနေသို့ ပို့ပေးနေသည်နှင့် တူပါသည်။ သင်သည် မေ့မေ့ပျောက်ပျောက်နှင့် ထိုသို့ အချိန်ကာလကြာပါက […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ။ လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါ ရှိလားဆိုတာကို သိနိုင်ဖို့ စမ်းသပ်စစ်ဆေး ကြည့်ခြင်းကသာ အတိကျဆုံးပါ။ ၃. လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)