backup og meta

သန္ဓေအောင်စေနိုင်တဲ့ လိင်ဆက်ဆံပုံ အနေအထားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 21/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သန္ဓေအောင်စေနိုင်တဲ့ လိင်ဆက်ဆံပုံ အနေအထားများ

    အချို့သော လိင်ဆက်ဆံမှု ပုံစံတွေက အခြားပုံစံတွေထက် ကလေးရနိုင်ခြေ ပိုများတယ်လို့ သင်ကြားဖူးထားပါလိမ့်မယ်။ အများစုကတော့ ယုံတမ်းစကားတွေသာ ဖြစ်ပြီး သိပ္ပံနည်းကျ သက်သေအထောက်အထားလည်း မရှိသေးပါဘူး။ သို့သော် သုတေသန အတော်များများအရ အချို့လိင်မှု ပုံစံတွေနဲ့ ဆက်ဆံတဲ့အခါ သင့်ခန္ဓာကိုယ်ထဲမှာ အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာတော့ ရှင်းပြနိုင်ပါတယ်။

    ဒီလို သုတေသနတွေအရဆိုရင်တော့ အချို့ပုံစံတွေက ကလေးရစေနိုင်ဖို့ အခွင့်အလမ်း ပိုများစေပါတယ်။ ဘာလို့ဆိုတော့ သူတို့က မိန်းမကိုယ်ထဲကို နက်ရှိုင်းစွာ ထိုးဖောက်နိုင်မှုကို ပိုဖြစ်စေနိုင်လို့ပါ။ ဒီတော့ သန္ဓေအောင်စေနိုင်တဲ့ လိင်ဆက်ဆံပုံ အနေအထားများ က ဘာတွေ ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်တော့နော်။

    သန္ဓေအောင်စေနိုင်တဲ့ လိင်ဆက်ဆံပုံ အနေအထားများ

    ရိုးရိုး အနေအထား (missionary position ) နဲ့ လေးဘက်ကုန်းပုံစံ ( doggy style )တွေက သင့်ကို ကလေးရဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။ Scan တွေအရ ဒီလို ပုံစံ၂ခုက လိင်တံကို သားအိမ်ခေါင်းနဲ့ နီးနီးကပ်ကပ် ရောက်ရှိစေနိုင်ပါတယ်။ ဒါဟာ သုက်ပိုးကို သားအိမ်အတွင်း အများကြီးရောက်စေနိုင်တဲ့ အတွက် ကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အလမ်း ပိုမို ဖန်တီးပေးနိုင်ပါတယ်။

    အခြား မတ်တပ်ရပ် အနေအထား ဆက်ဆံပုံတွေနဲ့ မိန်းကလေးက အပေါ်မှာ ထိုင်လျက် အနေအထားတွေက တူညီတဲ့ အကျိုးသက်ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်သုတေသန လုပ်ငန်းမှ ဒီပုံစံတွေကို မဆန်းစစ်သေးတဲ့အတွက် သေချာ မသိနိုင်သေးပါဘူး။

    ကိုယ်ဝန်ဆောင်ဖို့ အထွတ်အထိပ်ရောက်ခြင်း/ စိတ်ကျေနပ်ခြင်း လိုအပ်ပါသလား?

    ကိုယ်ဝန်ဆောင်နိုင်ဖို့ ယောက်ျား တစ်ဦးရဲ့  ပြီးမြောက်ခြင်း (သုက်လွှတ်ခြင်း) လိုတယ် ဆိုတာ ပြောစရာ မလိုတော့ပါဘူး။ အလွန် အရေးကြီး ပါတယ်။

    ဒါပေမယ့် သန္ဓေတည်ဖို့အတွက် အမျိုးသမီး အနေနဲ့ ပြီးမြောက်ခြင်း လိုအပ်သလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ အမျိုးသမီးတွေရဲ့ အော်ဂဇင်ဟာ သုက်ပိုးကို မျိုးဥဆီ ရောက်ရှိဖို့ မကူညီပေးနိုင်ပါဘူး။ တချို့သော ယောနိလမ်းကြောင်း ကျုံ့ညှစ်တာတွေက သုတ်ပိုးကို ပိုမို မြန်ဆန်အောင် ရွေ့ပေးနိုင်တယ်ဆိုပေမယ့် မဖြစ်မနေလိုအပ်တာတော့ မဟုတ်ပါဘူး။

    ဒါကြောင့် အဖြေကတော့ သင်ကယောက်ျားလေး တစ်ယောက်ဆိုရင် ပြီးမြောက်ခြင်းလိုမှာ ဖြစ်ပြီး မိန်းကလေးသာ ဆိုရင်တော့ မလိုအပ်ပါဘူး။

    သားလား သမီးလား သတ်သတ်မှတ်မှတ် ရစေနိုင်တဲ့ လိင်ဆက်ဆံမှု ပုံစံတွေ ရှိပါသလား ?

    ယုံတမ်းစကားတွေ ထဲမှာသာ ရှိပါတယ်။ ယေဘုယျအားဖြင့် မိန်းကလေးက အပေါ်မှာ နေတဲ့ အနေအထားနဲ့ ဆက်ဆံရင် သမီးမိန်းကလေးမွေးတယ်လို့ ယူဆကြပြီး ဆန့်ကျင်ဘက် အနေအထားကတော့ သားလေး မွေးလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါဟုတ်မဟုတ် လေ့လာထားတာ မရှိသေးပါဘူး။

    လိင်ဆက်ဆံပြီးနောက် အမျိုးသမီးအနေနဲ့ ဆက်ပြီး လှဲလျောင်းနေသင့်သလား ?

    ဆက်ဆံပြီးနောက် ချက်ချင်း ထထွက်သွားတာ ထက်စာရင် လှဲနေတာက သုက်ပိုးတွေကို ယောနိနဲ့ သားအိမ်ထဲမှာ နေဖို့ ပိုအခွင့်ပေးတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ယောက်ျားလေး တစ်ယောက်ဟာ သုက်လွှတ်ခြင်းနဲ့အတူ သုက်ပိုးသန်းပေါင်းများစွာ ထုတ်ပေးနိုင်တဲ့အတွက် မိန်းကလေးအနေနဲ့ ထရပ်လိုက်ရင်တောင် မျိုးလမ်းကြောင်းထဲမှာ သုက်ပိုးတွေ အများကြီး ရှိနေဦးမှာပါ။

    ဒါကြောင့် လှဲလှဲ မလှဲလှဲ ဘာမှမထူးခြားပါဘူး။

    ယေဘုယျအားဖြင့် စုံတွဲတစ်တွဲက တစ်နှစ်လုံး အကာအကွယ်မဲ့ လိင်ဆက်ဆံမှု လုပ်နေရင် ကိုယ်ဝန်ရစေပါလိမ့်မယ်။ ဒါကြောင့် ၂−၃ရက်တခြား အတူနေတာက သန္ဓေတည်ဖို့ ကူညီပေးမှာပါ။ သင်တို့ တစ်နှစ်ကြာပြီးတဲ့ အထိတောင် မအောင်မြင်ဘူးဆိုရင် သင့်ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေတဲ့ ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးဖို့အတွက် ကျွမ်းကျင်သူဆီ သွားပြီး ပြဿနာကို ရှာဖွေပါ။

    ရေးသားသူ− Phyo Wai Yan

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 21/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement