backup og meta

စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ

    လိင်မှုဘဝကို အမြဲ စိတ်လှုပ်ရှားစရာ ဖြစ်အောင် လုပ်ထားနိုင်ခြင်းက ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားဖို့အတွက် နည်းလမ်းကောင်း တစ်ခုပါပဲ။ ကိုယ်တွေရဲ့ ချစ်ခရီးကို သမားရိုးကျ ဘောင်တွေထဲကနေ ဆွဲထုတ်ပြီး ပျော်ရွှင်နိုင်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ခုပြောမယ့် လိင်ဆက်ဆံမှု ပုံစံတွေကတော့ ကိုယ့်ရဲ့ လိင်မှုဘဝကို ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားစေပါလိမ့်မယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ အကြောင်း ဗဟုသုတ အနေနဲ့ လေ့လာလိုက်နော်။

    စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ

    စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ ကတော့

    ၁။ မြန်ဆန်စွာဆက်ဆံခြင်း

    မြန်ဆန်တဲ့ လိင်ဆက်ဆံမှုဟာ သွေးထဲမှာAdrenalieဟော်မုန်းကိုရုတ်တရက် အများကြီးတက်စေပါတယ်။ အဲဒါက ကိုယ်ရော ကိုယ့်အဖော်ကိုပါ ငလျင်တစ်ခုလိုလှုပ်ခတ်သွားစေနိုင်ပြီး ဆက်ဆံမှုအပြီးမှာ ဒူးတွေ အားနည်းပြီး ဖြစ်ကျန်နေခဲ့တတ်ပါတယ်။ ခပ်သွက်သွက် ဆက်ဆံခြင်းက ကိုယ့်အဖော်ကို ကိုယ်ကဘယ်လောက်ထိ တပ်မက်တယ်ဆိုတာကို ပြသလိုက်တာ ဖြစ်လို့ နှစ်ဦးသား ဆက်ဆံရေးကိုလည်း အဆင်ပြေ ချောမွေ့စေတယ်။ တစ်နေကုန် စိတ်ဖိစီးမှု အပြည့်နဲ့ အလုပ်လုပ်ပြီးတဲ့နောက်မှာ အချိန်လည်း သိပ်မယူ၊ အဝတ်အစားတွေတောင် ချွတ်မနေတော့ဘဲ မြန်ဆန်တဲ့ ချစ်တင်းနှောမှု တစ်ခု လုပ်လိုက်ခြင်းကဆေးတစ်ခွက် သောက်ရသလိုကိုယ့်ကိုရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရ လန်းဆန်းစေပါလိမ့်မယ်။ ဒီလိုပုံစံမျိုး မြန်မြန်ဆန်ဆန် ဆက်ဆံမယ်ဆိုရင် ချောဆီ တစ်ခုခုဆောင်ထားဖို့တော့ မဖြစ်မနေ လိုမှာ ဖြစ်ပါတယ်။

    ၂။ သရုပ်ဆောင်ပြီး ဆက်ဆံခြင်း

    ကိုယ်မဟုတ်တဲ့ ခြားနားတဲ့ စရိုက်ပုံစံမျိုး သရုပ်ဆောင်ပြီး ဆက်ဆံခြင်းကလည်း ကိုယ့်ရဲ့ လိင်မှုဘဝ ပျော်ရွှင်မှုကို နောက်တစ်ဆင့် တက်စေနိုင်ပါတယ်။ ဒီပုံစံကကိုယ့်ကို ထူးခြားမှု တခုခု လုပ်ဖြစ်စေရုံတင်မကဘဲ ကိုယ့်နေ့စဉ်ဘဝမှာ ပြုလုပ်နေရတဲ့ ချုပ်တည်းမှုတွေကိုလည်း လျော့ပါးစေပါတယ်။

    ဥပမာအားဖြင့် တစ်ယောက်က ဘာအတွေ့အကြုံမှ မရှိသေးတဲ့ ပုံစံ သရုပ်ဆောင်ပြီး နောက်တစ်ယောက်က ဦးဆောင်သွားတာမျိုး၊ ဒါမှမဟုတ် သူဌေးနဲ့ သူ့ရဲ့ အတွင်းရေးမှူးတို့ ဆက်ဆံကြသလိုမျိုး သရုပ်ဆောင်နိုင်ပါတယ်။

    ၃။ ပြင်းပြင်းထန်ထန် ဆက်ဆံခြင်း

    ပြင်းထန်အားပါပြီး ကြမ်းတမ်းတဲ့ ဆက်ဆံမှုမျိုးက သူ့လိင်မှုဘဝကို ပျော်ရွှင်စေတဲ့ အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ အဲဒီလို ဆက်ဆံမှုမျိုး ဆိုတာက ဘေးပတ်ဝန်းကျင်ကတောင် အသံတွေ ကြားလောက်တဲ့အထိ၊ ကုတင်တိုင်တွေ လှုပ်ခါကုန်တဲ့အထိ၊ အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်တွေတောင် ကြောက်လန့်ကုန်တဲ့အထိ ဆက်ဆံတာမျိုးကို ဆိုလိုတာပါ။ ဒီပုံစံမှာ ကိုယ်ဟာဘာကိုမှ ဂရုစိုက်နေစရာ၊ စိတ်ထဲထားနေစရာ မလိုဘဲ အကုန်ဖွင့်ထုတ်ပစ်လိုက်တာမို့ ဒီပုံစံနဲ့ ဆက်ဆံအပြီးမှာကိုယ့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းမှာ ဖိစီးနေတာတွေ သက်သာသွားနိုင်ပါတယ်။ လုပ်ရမယ့် အရာကတော့ ကိုယ့်အဖော်ကို အချက်ပြပြီး သဘောတူညီမှု ယူလိုက်ရုံပါပဲ။

    ၄။ အမျိုးသမီးကဦးဆောင်ခြင်း

    လိင်ဆက်ဆံမှုကို အမျိုးသမီးက ဦးဆောင်ခြင်းက အမျိုးသားဖြစ်သူကို ကျေနပ်ပျော်ရွှင်စေပါတယ်။ အမျိုးသားတွေဟာ လိင်မှုကိစ္စကို သူတို့ချည်းဦးဆောင်နေရမယ်ဆိုရင် အလွယ်တကူ ရိုးသွားတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့လည်း ဒီတာဝန်ကို ယူဖို့လိုပါတယ်။ အဲဒီလိုသာ လိင်မှုဆိုင်ရာစွဲဆောင်မှုအပြည့်နဲ့ အမျိုးသားကို အံ့သြသွားအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် အဲဒီအမျိုးသားကတော့ တကယ့်ကို တမ်းတမ်းစွဲ ဖြစ်သွားမှာ အသေအချာပါပဲ။

    ၅။ ငြင်သာစွာဆက်ဆံခြင်း

    အားလုံးကတော့ ပြင်းထန်အားပါတဲ့ ဆက်ဆံမှုမျိုးကို လုပ်ချင်ကြမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ငြင်သာပြီး ဖြည်းညင်းတဲ့ ဆက်ဆံမှုမျိုးတွေကလည်း ကိုယ့်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ အဲဒီပုံစံမျိုးက နှစ်ယောက်စလုံးကို အချစ် ဆိုတဲ့ ခံစားမှုမျိုး ပေးပါတယ်။ အဲဒီခံစားမှုဟာ စုံတွဲတွေ လိင်ဆက်ဆံရခြင်းရဲ့ အဓိက အရေးကြီးဆုံး အကြောင်းရင်း ဖြစ်ပါတယ်။

    ကိုယ့်ရဲ့ အိပ်ခန်းထဲက အပြုအမူများဟာ ကိုယ့်ရဲ့ လိင်မှုဘဝနဲ့ ဆက်ဆံရေးကို အထောက်အပံ့ ပေးပါတယ်။ ခုပြောခဲ့တဲ့ ဆက်ဆံမှုပုံစံတွေကတော့ ပိုပြီးအဆင်ပြေစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement