backup og meta

ချစ်တင်းနှောရာတွင် အသုံးမကျသူဖြစ်ကြောင်း သိနိုင်မယ့် အချက် ၆ချက်


Khine Phoo Ngon မှ ရေးသားသည်။ · 11/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်တင်းနှောရာတွင် အသုံးမကျသူဖြစ်ကြောင်း သိနိုင်မယ့် အချက် ၆ချက်

    အများစုသောလူတွေဟာ “အိပ်ယာပေါ်မှာ အသုံးမကျဖြစ်နေလား” ဆိုတဲ့မေးခွန်းကို အနည်းဆုံး တစ်ကြိမ် တစ်ခါလောက်တော့ သိချင်ကြပါတယ်။ အဲဒါက ခက်ခဲတဲ့မေးခွန်းတစ်ခုပါ။ တစ်ကယ်တော့ သင်က သင့်ချစ်သူကို အဲဒီအကြာင်းကို အားမွေးပြီး ပြောခဲ့၊မေးခဲ့ရင်တောင် သူက မှန်ကန်တဲ့ တုံ့ပြန်မှုကို ပေးချင်မှ ပေးမှာပါ။ ဒါတွေက ရှက်ကြောက်စရာကိစ္စတွေ မဟုတ်ပါဘူး။ သင့် လိင်ဆက်ဆံဖော်က စိတ်ကျေနပ်မှုရှိတယ်လို့ မခံစားရဘူးဆိုရင် သင့်အတွက် စိတ်မနှစ်မြို့စရာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို မခံစားသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ချစ်တင်းနှောရာမှာ သင်ဘယ်လို စွမ်းဆောင်နိုင်သလဲ ဆိုတာ ကိစ္စ အများကြီးအပေါ်မူတည်နေလို့ပါ။ လူအများစုမှာလည်း ဒီလို ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ အချက် ကတော့ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာနိုင်ပါတယ် ဆိုတဲ့အချက်ပါ။

    ဒါဆို တိုးတက်လာမှု တချို့ရှိ/ မရှိဆိုတာ ဘယ်လိုသိနိုင်မလဲ။ လွယ်ကူပြီး ပြင်လို့ရတဲ့ အချက်တစ်ချို့ ကိုဆက်လက်ဖော်ပြပါမယ်။

    ၁။ သင့်ပထဆုံးဦးစားပေးမှုက သင့်စိတ်ကျေနပ်မှုဖြစ်နေခြင်း။

    သင့် လိင်ဆက်ဆံဖော် စိတ်ကျေနပ်မှု ထက် သင့်ရဲ့ နှစ်သက်မှု ကျေနပ်မှုကိုပဲ အာရုံစိုက်နေမယ်ဆိုရင်တော့ အနည်းငယ်ပြန်စဉ်းစားသင့်ပြီး လိင်ဆက်ဆံတာ တစ်ခုလုံးကို ပြန်လည် သုံးသပ်သင့်ပါတယ်။ သင့် လိင်ဆက်ဆံဖော် အတွက် စိတ်ကြွလာအောင် စိတ်ကျေနပ်လာအောင် လုပ်ခြင်းက ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲတာက နှစ်ယောက်လုံးကို အချင်းချင်းစိတ်ကျေနပ်အောင် လုပ်ဖို့ အားပေးစေနိုင်ပြီး အပြန်အလှန် ပျော်ရွှင်မှုရနိုင်ပါတယ်။

    ၂။ သင်ဟာ ကိစ္စမြန်မြန်ပြီး အောင် လောနေခြင်း။

    ဘယ်သူမှ မာရသွန်ပြိုင်ပွဲလို မြန်မြန်လိင်ဆက်ဆံတာကို မလိုချင်ပါဘူး။ အမှန်တကယ်တော့ အမျိုးသမီး အများစုဟာ ဖြည်းဖြည်းမှန်မှန် ကိုလိုချင်ကြပါတယ်။ တကယ်လို့ သင်ဟာ ပွေ့ဖက်တာ ကစပြီး အစပျိုးတာ ၊ ချစ်တင်းနှောတာထိကိုမြန်မြန်လုပ်နေမယ်ဆိုရင် ဖြည်းဖြည်းလုပ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ အထူးသဖြင့် ယောက်ျားနဲ့ မိန်းမနှီးနှောရာမှာ ထိုးသွင်းခြင်းမပြုလုပ်မီ စိတ်ပါလာဖို့ အချိန်အနည်းငယ်လိုအပ်ပါတယ်။ ဒါ့ကြောင့် စိတ်ပါလာအောင်ဆွဲဆောင်မှု၊ အစပျိုးမှုတွေကို မကျော်သင့်ပါ။ အဲဒါက သင်ထင်တာထက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။

    ၃။ သင်က ခံစားမှု အထွတ်အထိပ်ရောက်ဖို့ကိုပဲ အာရုံစိုက်နေခြင်း။

    နှစ်ယောက်လုံးခံစားချက် အထွတ်အထိပ် ကိုတစ်ပြိုင်နက် အတူတူရတာ ကတော့ အလွန်သာယာဖို့ ကောင်းပြီး လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်စုံ တစ်ယောက်က မပြီးနိုင်တဲ့ အခြေအနေ တွေရှိပါတယ်။ ရောဂါကြောင့်၊ စိတ်ကျဆေးတွေသောက်သုံးတာကြောင့်၊ အရက်မူးနေတာကြောင့်၊(သို့) စိတ်ဖိစီးမှုများနေခြင်း၊ပင်ပန်းခြင်း စတာတွေကြောင့်လည်း မပြီးနိုင်တာရှိတတ်ပါတယ်။ သင့် လိင်ဆက်ဆံဖော်ကို မြန်မြန်ပြီးဖို့ ဖိအားပေးခြင်းကလည်း သူ့ကိုပို သတိထားမိစေပြီး မနှစ်မြို့ခြင်းဖြစ်စေနိုင်ပါတယ်။

    ၄။ သင်လိုချင်တာကို ထုတ်မပြောခြင်း

    အိပ်ယာပေါ်မှာ အသုံးမကျဖြစ်ရခြင်းဟာ သင့် လိင်ဆက်ဆံဖော်ကို စိတ်ကျေနပ်မှုမပေးနိုင်တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ လိင်ဆက်ဆံတာကို ဒီအတိုင်း အလိုက်အထိုက် စိတ်ကျေနပ်ချင်ယောင်ဆောင် နေခဲ့ရင်၊ တကယ်တမ်းမှာတော့ သင်လည်းလိုချင်တာကိုမရဘဲ သင့် လိင်ဆက်ဆံဖော်ကိုလည်း စိတ်ပျက်စေပါတယ်။ သင့်အဖော်ကလည်း သင်လျှို့ဝှက်တာကိုသိရင် စိတ်ပျက်ပြီး၊ စိတ်ဆင်းရဲ တာမျိုးဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ အဖော်တစ်ယောက်ဖြစ်ဖို့က သင့်ကိုယ်သင်ရော၊ သင့် အဖော်အပေါ်ကိုပါ ရိုးသားဖို့ လိုအပ်ပါတယ်။

    ၅။ ကိစ္စပြီးတဲ့ အခါမှာ သင့်ဆက်ဆံဖော်က မနှစ်မြို့ခြင်း။

    ချစ်တင်းနှောပြီးနောက် သင်တို့ နှစ်ယောက်ကြားမှာ တစ်မျိုးကြီးဖြစ်နေတယ်ဆိုရင် ချစ်တင်းနှောနေတုန်းမှာ တစ်ခုခု မနှစ်မြို့ စရာဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။ ချစ်တင်းနှော တဲ့ အချိန်ဟာ အလွန် ချစ်စရာ ကောင်းပြီး ဘာမှစဉ်းစားစရာမလိုဘဲ နှစ်ယောက်လုံးအတွက် တောက်ပတဲ့ အချိန်လေးတွေ ဖြစ်သင့်ပါတယ်။ ဒါကြောင့် တကယ်လို့ သင့်လိင်ဆက်ဆံဖော်ဟာ အဆင်မပြေဘူးလို့ ထင်ရင် အဆင်ပြေ၊မပြေ မေးသင့်ပါတယ်။ ပြီးတော့ နောက်တစ်ခေါက်ကျရင် သက်တောင့် သက်သာဖြစ်အောင် ဘယ်လို လုပ်ပေးသင့်တယ်ဆိုတာ ဆွေးနွေးသင့်ပါတယ်။

    ၆။ သင်ဟာအဲဒီ အကြောင်းကို ထုတ်ဖော် မပြောရင်

    အိပ်ယာထဲမှာ အသုံးမကျဘူးဆိုတာဟာ ချစ်တင်းနှောနေစဉ်ချိန်မှာပဲ ဖြစ်တဲ့ကိစ္စ တစ်ခုတည်း မဟုတ်ပါဘူး။ အပေါ်မှာ ဖော်ပြထားတဲ့ကိစ္စတွေက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆွေးနွေးခြင်းဖြင့် ပြုပြင်နိုင်ပါတယ်။ အဲဒီ အကြောင်းကိုသာ ထုတ်ဖော်မပြောဘူးဆိုရင် တိုးတက်လာအောင် လုပ်ဖို့က ခက်ခဲပါလိမ့်မယ်။ ဒါ့အပြင် သင်ဘာကြိုက်လဲဆိုတာကို သင်ဘာမကြိုက်ဘူးလဲ ဆိုတာနဲ့ အတူတူ ထုတ်ဖော်ပြောပြ ဖို့လည်းလိုအပ်ပါတယ်။ တကယ်လို့ သင်တို့ ချစ်တင်းနှောတာသာ ကောင်းနေမယ်ဆိုရင် စကားပြောဆိုဖို့ ခက်ခဲနေတဲ့ အခြေအနေမျိုး မဖြစ်နေသင့်ပါဘူး။ ကောင်းတာတွေ အတွက် အာရုံစိုက်ရင်း သိပ်မကောင်းတာတွေကို ပြောဆိုဖို့ ပိုလွယ်ကူစေပါလိမ့်မယ်။ သင်တို့ကြားမှာ ပုံမှန် ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံမှုရှိတယ် ဆိုတာကို သာ သေချာအောင်လုပ်ဖို့ လိုအပ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Khine Phoo Ngon မှ ရေးသားသည်။ · 11/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement