home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သာမန် အဆုတ်ရောင် ရောဂါ (Walking pneumonia)

သာမန် အဆုတ်ရောင် ရောဂါ (Walking pneumonia)
အဆုတ်ရောင်ရောဂါလို့ ပြောလိုက်ရင် လူတိုင်းက ပြင်းထန်တဲ့ ရောဂါလို့ သိထားတာပါ။ ဒါပေမယ့် မပြင်းထန်တဲ့ အဆုတ်ရောင် ရောဂါလည်း ရှိပါတယ်။ Walking pneumonia လို့ ခေါ်ပါတယ်။ ရုတ်တရက် ကြည့်လာရင် လမ်းလျှောက်နေတဲ့ အဆုတ်ရောင် ရောဂါပေါ့။ တကယ်တော့ အဆုတ်ရောင် ရောဂါက လမ်းလျှောက်နေတာ မဟုတ်ပါဘူး။ လူနာက လမ်းလျှောက်နေတာပါ။ လမ်းလျှောက်နေနိုင်တယ်၊ ဆေးရုံသွားရလောက်တဲ့ အထိ မပြင်းထန်ဘူးလို့ ပြောချင်တာပါ။
တခြား အဆုတ်ရောင်ရောဂါတွေနဲ့ မတူလို့ Atypical pneumonia လို့လည်း ခေါ်ပါတယ်။ သိပ်ကြောက်စရာ မလိုတဲ့ အမျိုးအစားပါ။ တခြား အဆုတ်ရောင် ရောဂါတွေလောက်လည်း မပြင်းထန်ပါဘူး။ တစ်ခါတစ်လေ ရှိလို့ ရှိမှန်းတောင် မသိဘဲ ပျောက်သွားတာတောင် ရှိပါတယ်။ ဒီလို ထူးဆန်းတဲ့ အဆုတ်ရောင် ရောဂါအကြောင်း လေ့လာကြည့်ရအောင်။

ဒီ အဆုတ်ရောင် ရောဂါက ဘာကြောင့် ဖြစ်တာလဲ။

အဆုတ်ကို ပိုးဝင်ဖို့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဥပမာ ပြောရရင်

ဒီ Walking pneumonia ကို ဖြစ်စေတာတော့ Mycoplasma pneumoniae ဆိုတဲ့ ဘက်တီးရီးယားပါ။

ဘယ်သူတွေမှာ ဖြစ်နိုင်လဲ။

ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ကလေးတွေ၊ အသက်၄၀အောက် အရွယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ နောက်ပြီး အစုအဖွဲ့နဲ့ နေတဲ့သူတွေ ( ဥပမာ- ကျောင်း၊ စစ်တန်းလျား ) စတဲ့ နေရာမှာလည်း တွေ့ရတတ်ပါတယ်။ ဘယ်အချိန်မဆို ဖြစ်နိုင်ပေမယ့် ဆောင်းဦးပေါက်မှာ ပိုတွေ့ရတတ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် ကူးနိုင်လား။

ကူးနိုင်ပါတယ်။ အထူးသဖြင့် နှာချေ၊ ချောင်းဆိုးတဲ့ အချိန်မှာပေါ့။ ဒါပေမယ့် ကူးတာနှေးပါတယ်။ သင့်ဆီမှာ ရောဂါရှိနေရင် သူများကို ၁၀ရက်အထိ ရောဂါကူးနိုင်ပါတယ်။ ပညာရှင်တွေ အဆိုအရတော့ ရောဂါရှိသူတွေနဲ့ အနီးကပ် ထိတွေ့မှုရှိမှသာ ကူးနိုင်ချေ ပိုများတာပါတဲ့။ ဒါပေမယ့် ၄နှစ် ဒါမှမဟုတ် ၈နှစ်ခြား တစ်ခါလောက်တော့ outbreak (ရောဂါကြွတတ်) ဖြစ်တတ်ပါတယ်။

Walking pneumonia (သာမန် အဆုတ်ရောင် ရောဂါ) ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

ရောဂါပိုး ဝင်ပြီး ၁၅ရက်ကနေ ၂၅ရက်အတွင်း လက္ခဏာပြတတ်ပါတယ်။ ၂ရက်ကနေ ၄ရက်လေတော့ာက်ထိ လက္ခဏာ ခံစားရမှာပါ။ လက္ခဏာတွေကတော့
  • အသက်ပြင်းပြင်းရှူရင် တစ်ချက် တစ်ချက် ရင်ဘတ်အောင့်တာ
  • ချောင်းဆိုးတာ (တစ်ခါတစ်လေ ဆက်တိုက် ဆိုးပါတယ်)
  • တုပ်ကွေးမိသလို ချမ်းတုန်ဖျားတာ
  • လည်ပင်းနာတာ
  • ခေါင်းကိုက်တာ
  • နုံးတာ
  • ရောဂါပျောက်သွားရင်တောင် လူက အားပျက်ပြီး ကျန်ခဲ့တာ စတာတွေ ဖြစ်ပါတယ်။

တချို့ သူတွေမှာ နားပြည်ယိုတာ၊ သွေးအားနည်းတာ၊ အရေပြားမှာ အနီကွက်တွေ ထွက်တာ စတာတွေနဲ့ တွဲတွေ့နိုင်ပါတယ်။

လက္ခဏာတွေကို ကြည့်မယ်ဆိုရင် သာမန် တုပ်ကွေးနဲ့ ခပ်ဆင်ဆင်ပါ။ ဆေးရုံတက်ရလောက်အောင်၊ အလုပ်ပျက် အကိုင်ပျက်ရလောက်အောင် ပြင်းထန်တာမျိုး မဟုတ်တာကို တွေ့ရမှာပါ။

ကုသနည်း

သင် အရင်သုံးနေကြ အအေးမိ၊ တုပ်ကွေး ပျောက်ဆေးတွေက ရောဂါလက္ခဏာတွေ အားလုံးကို သက်သာစေချင်မှ သက်သာမှာပါ။ လိုအပ်ရင် ပိုးသတ်ဆေး သောက်ရပါမယ်။ ဒါကြောင့် လိုအပ်ရင် ဆရာဝန် ပြပါ။ စပ်ဆေးတွေ မသောက်ပါနဲ့။

နောက်တစ်ခါ ထပ်ဖြစ်နိုင်လား။

တစ်ခါဖြစ်ပြီးသွားရင် ခုခံအားတော့ ကျန်ခဲ့ပါတယ်။ ဒီခုခံအားက ဘယ်လောက်ခံမလဲ ဆိုတာ မသိပါဘူး။ ဒါပေမယ့် ထပ်ဖြစ်ရင်တောင် ရှေ့တစ်ခေါက်ကလောက် ဆိုးမှာ မဟုတ်ပါဘူး။

ဘယ်လို ကာကွယ်ရမလဲ။

ဒီရောဂါပိုးအတွက် ကာကွယ်ဆေး မရှိပါဘူး။ ဒါကြောင့် လုံးဝမဖြစ်အောင် ကာကွယ်လို့တော့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေကို အောက်က နည်းလမ်းတွေကို သုံးပြီး လျှော့ချလို့ရပါတယ်။

  • ကိုယ်ခံအား တက်အောင် လေ့ကျင့်ခန်းလုပ်ပါ၊ အာဟာရရှိအောင် စားပါ။ အိပ်ရေးဝအောင် အိပ်ပါ။
  • လက်မကြာခဏ ဆေးပါ။
  • ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်က အဆုတ်ကို ပျက်စီးစေပြီး ပိုးဝင်လွယ်စေပါတယ်။
  • နှာချေ ချောင်းဆိုးရင် အုပ်ဆိုးပါ။ သူများကိုလည်း ဒီလိုပဲ လုပ်ဖို့ ပြောပါ။ ဒါမှ ကူးစက်နှုန်း နည်းမှာပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။