မပျို့မအန်ဘဲ Blow Job ဘယ်လိုပေးနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 mins read
Share now

ချစ်သူစုံတွဲတွေ ချစ်တင်းနှောကြရင်း မိမိချစ်သူရဲ့ ဆန္ဒကို ဖြည့်စည်းဖို့ ပါးစပ်နဲ့ လိင်ဆက်ဆံ ကြတဲ့အခါမျိုးတွေရှိကြမှာပါ။ ဒီအခါ လိင်အင်္ဂါဟာ ပါးစပ်ထဲရောက်တဲ့အခါ ပျို့အန်ချင်စိတ်တွေ ပေါ်ပေါက်လာပြီး အဆင်မပြေတော့ပါဘူး။

အဖြစ်အများဆုံးက ချစ်သူရဲ့ စိတ်ဆန္ဒကို အပြည့်အဝဖြည့်ဆည်းပေးချင်ဇောနဲ့ လိင်အင်္ဂါကို လည်ချောင်းထဲထိရောက်အောင် ပါးစပ်တဆုံးသွင်းမိခြင်းပါပဲ(Deep throating)။ ဒါဟာ ရုပ်ရှင်ကား ထဲကအတိုင်း လိုက်လုပ်တာပါ။ လည်ချောင်းထဲကို လက်ညှိုးထိုးထည့်တဲ့အခါမျိုးမှာတောင် ပျို့အန်ချင်စိတ်ဖြစ်နိုင်တာမို့ Blow Job လုပ်တဲ့အခါ ပျို့အန်ချင်တာ မဆန်းပါဘူး။ Deep throating လုပ်မှ ဆန္ဒပြည့်ဝတာမဟုတ်ပါဘူး။ ကောင်းမွန်ပြီး ပညာသားပါလှတဲ့ ပါးစပ်နဲ့လိင်ဆက်ဆံခြင်း (Excellent Blow Job)ဆိုတာ လည်ချောင်းတဆုံးထိ ရောက်စရာမလိုပါဘူး။ နည်းစနစ်မှန်ကန်ဖို့သာ အရေးကြီးတာပါ။ ဘယ်လိုနည်းတွေလဲ။

(၁)    အသက်မှန်မှန်ရှူပါ။ (Breathe)

ပါးစပ်ထဲမှာ လိင်အင်္ဂါနဲ့ ပြည့်သွားတဲ့အခါ အသက်ရှူဖို့ ခက်ခဲလာမှာပါ။ နှာခေါင်း တစ်ခုထဲ ကို အသုံးပြုကာ အသက်ရှူရမှာပါ။ ဒါပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံနေတဲ့ အာရုံတစ်ခုတည်းသာရှိ နေပြီး အသက်ရှူဖို့ မေ့လျော့နေတတ်ပါတယ်။ ကြာလာတဲ့အခါ အသက်ရှူကြပ်လာပြီး ပျို့အန်ချင် တော့တာပါပဲ။ ဒီတော့ Blow Job ပြုလုပ်နေရင်းနဲ့ နှာခေါင်းမှ အသက်ဝဝရှူဖို့ကို မမေ့လျော့ပါနဲ့။ ပုံမှန်ရှူပါ။ လေကို ပုံမှန်ရှူရှိုက်နေခြင်းဟာ စိတ်တည်ငြိမ်စေပြီး၊ လည်ချောင်းကို ဖြေလျော့စေကာ ပျို့အန်ချင်စိတ်ကို နည်းပါးစေမှာပါ။

(၂)    အရာဝတ္ထုတစ်ခုအပေါ်မှာလေ့ကျင့်ပါ။

တစ်စုံတစ်ယောက် … သင့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ ဆက်ဆံတဲ့အခါ စိတ်လှုပ်ရှားမှုဟာ ရှိနေ တတ်ပြီး ဖိအားဖြစ်နေတတ်ပါတယ်။ ဒါဆိုရင် စိတ်လှုပ်ရှားမှုမရှိနိုင်တဲ့ အခြေအနေတွေမှာ ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ ဘာကြောင့် မပြုလုပ်ထားရမှာလဲ။ ပြုလုပ်လို့ရပါတယ်။  လိင်ဆက်ဆံခြင်း မဟုတ် ပါဘူး။ ဘယ်အရာမဆို ကြိုတင်လေ့ကျင့်ခြင်းရှိမှသာ အဆင်ပြေချောမွေ့နိုင်တာပါ။ မိမိရဲ့ လက်ကိုအသုံးပြု လေ့ကျင့်နိုင်သလို လိင်အင်္ဂါနဲ့ပုံသဏ္ဍန်တူတဲ့ အသီးတွေနဲ့လည်း ပြင်ဆင်နိုင်ပါတယ်။ ဒါဟာ ရှက်စရာကောင်းတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ လူသားတွေဟာ ကာမလိင်ဆက်ဆံခြင်းနဲ့ မကင်းနိုင်ကြပါဘူး။ ဒါကြောင့် ကျန်းမာရေးရှုထောင့်အရ ကြည့်ကာ ကြိုတင် လေ့ကျင့်ထားတာ ကောင်းပါလိမ့်မယ်။

(၃)    လက်ကို အသုံးပြုပါ။

တချို့စုံတွဲတွေဟာ Blow Job ပြုလုပ်တဲ့အခါ ပါးစပ်ချည်းသက်သက် အသုံးပြုကာ လက်တွေကို အလွတ်ထားတတ်ပြီး  ခေါင်းကလိုက်လံ ရွေ့လျားတတ်ကြပါတယ်။ လက်တွေကို အသုံးပြုခြင်းအား ဖြင့် လိင်အင်္ဂါဟာ ပါးစပ်ရဲ့ ဘယ်အပိုင်းထိရောက်နေပြီးလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ပါတနာကိုလည်း လက်ချောင်းလေးတွေရဲ့ အထိအတွေ့က ထပ်မံသာယာစေနိုင်ပါတယ်။ ပါးစပ်ဟာ လိင်အင်္ဂါရဲ့ ထိပ်ဖျားကိုပဲ အာရုံစိုက်ထားပါ။ လိင်အင်္ဂါထိပ်ပိုင်းမှာ အာရုံကြောတွေများတာမို့ ခံစားမှုပိုကောင်းလို့ ပါ။ ကျန်အပိုင်းကိုတော့ လက်ရဲ့တာဝန်ထားပါ။ Blow Job လုပ်ရင်း မောပန်းလာပါက လက်ဖြင့် အာသာဖြေခြင်း(Hand Job)ကို ခေတ္တအစားထိုးပေးပါ။ ပါတနာကိုလည်း အပြောင်းအလဲခံစားမှုလေး ပေးစွမ်းနိုင်မှာပါတယ်။ အချိန်တစ်ခုထိ အနားယူပြီးမှ ပြန်လည်စတင်ပါ။

(၄)    သင့်တော်တဲ့အနေအထား (Sex Position)ကို ရွေးချယ်ပါ။

Blow Job ပြုလုပ်တဲ့ အများဆုံးအနေအထားဟာ အမျိုးသားက အောက်မှာရှိနေပြီး အမျိုးသမီးဟာ အပေါ်ကနေ၍ ပြုလုပ်ခြင်းဖြစ်ပါတယ် (69 Position) ။ ဒီအနေအထားဟာ ပိုမို တည်ငြိမ်ပြီး လိင်အင်္ဂါရောက်ရှိမှုအနေအထားကိုလည်း ခန့်မှန်းနိုင်ပါတယ်။

ဒါပေမယ့် အလွယ်တကူပျို့အန်တတ်သူတွေအတွက်တော့ မပြုလုပ်သင့်တဲ့ အနေအထားပါ။ လိင်အင်္ဂါဟာ လည်‌ချောင်းကို မကြာခဏဆိုသလို ပိုမိုထိနိုင်ပြီး ပျို့အန်ခြင်းကို ပိုမိုဖြစ်နိုင်လို့ပါ။

Blow Job ပြုလုပ်ဖို့ အသင့်တော်ဆုံးအနေအထားဟာ အမျိုးသမီးကို အောက်မှာထားတဲ့ Position ပါ။ ဥပမာ Reverse 69 နဲ့ အမျိုးသားကမတ်မတ်ရပ်ကာ အမျိုးသမီးဟာ အိပ်ရာပေါ် အိပ်လျက် ခေါင်းကို အိပ်ရာပေါ်မှ တွဲလျားချထားတဲ့ အနေအထားပါ။ ဒီအနေအထားတွေဟာ ပျို့အန် ဖို့ဖြစ်နိုင်ခြေ နည်းတဲ့ Position တွေပါ။ ကြာလာရင်တော့ ခေါင်းထဲ သွေးရောက်ပြီး မူးဝေလာနိုင်တာကို တော့ သတိချပ်စေချင်ပါတယ်။

နောက်ပြီး ဒီလို ပါးစပ်နဲ့ လိင်ဆက်ဆံတာက တချို့သော လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဝင်လာနိုင်တာကို သတိပြုပါ။ ဒါကြောင့် ကွန်ဒုံးသုံးသင့်ပါတယ်။ ကိုယ်မလုပ်ချင်ရင် အဖော်ကို ပွင့်ပွင့်လင်းလင်း ပြောပြီး ငြင်းပယ်နိုင်ပါတယ်။

သင့်အိမ်ထောင်ဖက်သို့မဟုတ် ချစ်သူနဲ့ သာယာဖြောင့်ဖြူးတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်ဖို့ အထက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။ ရှက်နေစရာမလိုပါဘူး။ သဘာဝတရားကြီးကို အကောင်းဆုံး အလေ့အကျင့် အနေအထားတွေနဲ့ ရင်ဆိုင်လိုက်သင့်ပါတယ်။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မျက်ရည်ယိုဗုံး တွေကို chloroacetophenone (CN) နဲ့chlorobenzylidene malononitrile (CS) တို့ အပါအဝင် အမျိုးမျိုးသော ဒြပ်ပေါင်းတွေနဲ့ ပြုလုပ်ထားတာပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ

လည်ချောင်း မှာဖြစ်တဲ့ ရောဂါတွေက သာမန်ရောဂါတွေကနေ ပြင်းထန်တဲ့ရောဂါတွေအထိ  မျိုးစုံဖြစ်နိုင်ပါတယ်။ ရောဂါအမျိုးအစားကလည်း စုံပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

P-Shot ဆိုတာက သွေးတွင်း platelet-rich plasma (PRP) ကိုရယူပြီး လိင်အင်္ဂါဆီ ထိုးသွင်းတာပါ။ ဒီနည်းဟာ လိင်အင်္ဂါ ပိုဖွံ့ထွားစေပြီး စွမ်းဆောင်ရည်း မြင့်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေသုံးတဲ့ မှန်ပြောင်းလေးများ

သာမန်မျက်စိနဲ့ မမြင်ရတဲ့ နေရာမှာ ဒီကိရိယာလေးတွေနဲ့ စမ်းသပ်လိုက်မယ်ဆိုရင် ရောဂါရှာဖွေတဲ့နေရာမှာရော၊ ကုသတဲ့နေရာမှာပါ အများကြီး အထောက်အကူ ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ကိုယ်အမူအရာ ကပြောပြနေတဲ့ စိတ်ဆန္ဒများ

ကိုယ်အမူအရာ ကပြောပြနေတဲ့ စိတ်ဆန္ဒများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
shouting out loud

အော်ရင်းဟစ်ရင်း အသံဝင် သွားခဲ့သည်ရှိသော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read