backup og meta

လိင်ဆက်ဆံမှုနှင့် ပတ်သက်ပြီးသင်သိထားသင့်သော အချက်များ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံမှုနှင့် ပတ်သက်ပြီးသင်သိထားသင့်သော အချက်များ

    လိင်ဆက်ဆံမှုနှင့် ပတ်သက်ပြီးသင်သိထားသင့်သော အချက်များ က ဘာတွေဖြစ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    လိင်ဆက်ဆံမှုနှင့် ပတ်သက်ပြီးသင်သိထားသင့်သော အချက်များ

    လိင်ဆက်ဆံမှုနှင့် ပတ်သက်ပြီးသင်သိထားသင့်သော အချက်များ ကတော့ –

    ၁။ လိင်ဆက်ဆံတဲ့ ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရသွားနိုင်တယ်။

    မိန်းကလေးတစ်ယောက်ဟာ ပထမဆုံးအကြိမ် လိင်ဆက်ဆံလိုက်ရုံနဲ့ ကိုယ်ဝန်မရနိုင်ဘူးလို့ ကြားကောင်းကြားမိပါလိမ့်မယ်။ တကယ်တမ်းကတော့ ယောကျာ်းလေးနဲ့ မိန်းကလေး အကာအကွယ်မပါဘဲ ဆက်ဆံလိုက်မယ်ဆိုရင် ဒါဟာ ပထမဆုံးအကြိမ် ဖြစ်စေ၊ အရင်က ဆက်ဆံခဲ့ဖူးတာဖြစ်စေ၊ ကိုယ်ဝန်ရသွားနိုင်ပါတယ်။

    ယောကျာ်းလေးတစ်ယောက်ဟာလည်း သူ့ရဲ့ ပထမဆုံးအကြိမ်မှာတင် မိန်းကလေးကို ကိုယ်ဝန်ရစေနိုင်တယ်။ တကယ်လို့ ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်မယ်၊ လိင်ဆက်ဆံလိုက်မယ်ဆိုရင် မမျိုးဥကြွေတဲ့အရွယ် ရောက်တာနဲ့ ကိုယ်ဝန်ရနိုင်မှာ ဖြစ်ပါတယ်။ အပျိုဖြစ်ပြီဆိုရင် ခန္ဓါကိုယ်ထဲမှာ မမျိုးဥအရင်ကြွေပါတယ်။ ကြွေပြီးလို့ သန္ဓေမအောင်လိုက်ဘူးဆိုမှ အဲဒီမမျိုးဥလေးက သေသွားပြီး အပြင်ကို ရာသီသွေးအဖြစ် ဆင်းလာတာပါ။ ဒါကြောင့် ပထမဆုံး ရာသီမပေါ်သေးခင်မှာကိုပဲ လိင်ဆက်ဆံမှုရှိခဲ့ရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ အထဲမှာ မမျိုးဥလေးသာ ကြွေနေပြီဆိုရင်ပေါ့။

    ကိုယ်ဝန်တားဆေးတခုခု သုံးခြင်းက ကိုယ်ဝန်မရအောင် ကာကွယ်ပေးပါတယ်။ ကွန်ဒုံးသုံးမယ်ဆိုရင်တော့ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် လိင်မဆက်ဆံခင်မှာ ကိုယ့အဖော်နဲ့အရင်ဆုံးတိုင်ပင်ပါ။ ကိုယ်ဝန်တားနည်းတခုခုကို သုံးပါ။

    ၂။ ယောကျာ်းလေးက သုက်ရည်မထုတ်ခင် လိင်တံကို အပြင်ဆွဲထုတ်လိုက်နိုင်တယ် ဆိုရင်တောင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

    ယောကျာ်းလေးက သုက်ရည်မထွက်မီ သူ့လိင်တံကို အချိန်မီဆွဲထုတ်လိုက်နိုင်တယ်ဆိုရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတာ ယုံတမ်းစကား ဖြစ်ပါတယ်။ တကယ်တမ်းကတော့ လိင်ဆက်ဆံနေစဉ်အတွင်း သူ့လိင်တံကထွက်တဲ့ အရည်ကြည်တွေထဲမှာလည်း သုက်ကောင်တွေ ပါပါတယ်။ မိန်းကလေးတစ်ယောက်ကို ကိုယ်ဝန်ရနိုင်စေဖို့ သုက်ကောင်တစ်ကောင်ပဲ လိုအပ်တာပါ။ နောက်ပြီး အဲဒီအရည်ကနေ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေ ရသွားနိုင်ပါတယ်။ ဒါကြောင့် သုက်ရည်အပြင်ထွက်တဲ့နည်းက ရောဂါမကူးစက်အောင် ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ ယောကျာ်းလေးက သုက်ရည်မထွက်ခင် သေချာဂရုစိုက်ပြီး အပြင်ထုတ်မယ်ဆိုရင် လက်မခံပါနဲ့၊ အမြဲတမ်း ကွန်ဒုံးသုံးပါ။ နောက်ပြီး မလိုချင်ဘဲ ကိုယ်ဝန်မရအောင် ကိုယ်ဝန်တားနည်းတခုခု သုံးပါ။

    ၃။ ရာသီလာနေစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ပါတယ်။

    ရာသီလာနေတုန်း လိင်ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတာကလည်း ယုံတမ်းစကား ဖြစ်ပါတယ်။ လတစ်လရဲ့ ဘယ်လိုရက်မျိုးမှာမဆို ဘာကိုယ်ဝန်တားနည်းမှ မသုံးဘဲ အတူနေမယ်ဆိုရင် ကိုယ်ဝန်ရနိုင်တာချည်းပါပဲ။ သုက်ကောင်တွေဟာ လိင်ဆက်ဆံပြီး ရက်အတော်ကြာအောင် ခန္ဓါကိုယ်ထဲမှာ ဆက်ရှိနေနိုင်ပါတယ်။ ဒါကြောင့် ရာသီပေါ်နေတုန်း အတူနေလိုက်တယ်ဆိုဦးတော့၊ အဲဒီသုက်ကောင်တွေက ခန္ဓါကိုယ်ထဲ ရက်အတော်ကြာဆက်ရှိနေပြီး မမျိုးဥကြွေလာတဲ့အခါ ပေါင်းစပ်သွားရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

    ၄။ မတ်တပ်ရပ်အနေအထား၊ ထိုင်လျက်အနေအထား၊ ဘယ်လိုအနေအထားမျိုးနဲ့ ဆက်ဆံသည်ဖြစ်စေ ကိုယ်ဝန်ရနိုင်ပါတယ်။

    မိန်းကလေးတစ်ယောက်ဟာ မတ်တပ်ရပ်ပြီး ဆက်ဆံမယ်၊ ထိုင်လျက်ဆက်ဆံမယ်၊ အပေါ်ကနေပြီး ဆက်ဆံမယ်ဆိုရင် ကိုယ်ဝန်မရနိုင်ဘူးလို့ ကြားမိပါလိမ့်မယ်။ အမှန်ကတော့ ဘယ်လိုအနေအထားမျိုးဖြစ်ပါစေ၊ ကွန်ဒုံးမသုံးဘူး၊ ကိုယ်ဝန်တားဆေး မသုံးဘူးဆိုရင် ကိုယ်ဝန်ရနိုင်တာချည်းပါပဲ။ နေရာနဲ့လည်း မဆိုင်သလို၊ ရေချိုးရင်း ဆက်ဆံရင်လည်း ရသွားနိုင်ပါတယ်။ ကိုယ်ဝန်ရဖို့က သုက်ပိုးနဲ့ မမျိုးဥနဲ့ တွေ့ဖို့ပဲ လိုအပ်တာမို့ ဘယ်လိုပုံစံနဲ့ ဘယ်လိုနေရာမှာ ဆက်ဆံဆက်ဆံ ကိုယ်ဝန်ရသွားနိုင်ပါတယ်။

    ၅။ ပါးစပ်နဲ့ ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ပါ။

    ပါးစပ်နဲ့ ဆက်ဆံရင် ကိုယ်ဝန်ရတတ်တယ်လို့ ကြားဖူးထားပါလိမ့်မယ်။ အမှန်က ယောကျာ်းလေးရဲ့ သုက်ရည်ကို မျိုချလိုက်ဦးတော့ ကိုယ်ဝန်မရနိုင်ပါဘူး။ ဒါပေမယ့် လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေတော့ ရသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ပါးစပ်နဲ့ ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးသုံးတာ၊ မိန်းကလေးတွေမှာလည်း Dam လို့ ခေါ်တဲ့ အကာအကွယ်ပစ္စည်းသုံးတာမျိုး လုပ်ဖို့တော့ လိုအပ်ပါတယ်။

    ၆။ အရက်သောက်ခြင်းက လိင်ဆက်ဆံမှုကို ဘာမှ အထောက်အကူမပေးပါ။

    အရက်သောက်ထားရင် လိင်ဆက်ဆံမှုမှာ ပိုပြီးစွမ်းဆောင်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ အရက်သောက်ထားရင် ဆုံးဖြတ်ချက်တွေ မှားသွားနိုင်တယ်၊ အဆင်သင့်မဖြစ်သေးချိန်မှာ ဆက်ဆံမိတာ၊ ကိုယ်မနှစ်သက်သူနဲ့ ဆက်ဆံမိတာ၊ ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ အရက်က စိတ်ခံစားမှုကိုလည်း ပိုကောင်းစေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အရက်သောက်ပြီး လိင်ဆက်ဆံမယ်ဆိုရင် နောင်တရနေမိပါလိမ့်မယ်။

    ၇။ ကွန်ဒုံးအစား တခြားပလပ်စတစ်အိတ်တွေ၊ ကြွပ်ကြွပ်အိတ်တွေ သုံးလို့ မရပါဘူး။ အလုပ်မဖြစ်ပါဘူး။

    ကွန်ဒုံးအစား အဲဒါတွေ သုံးလို့ရတယ်လို့ ထင်နေကြတာ မှားပါတယ်။ မရပါဘူး။ ကွန်ဒုံးကသာ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကွန်ဒုံးတွေက နီးစပ်ရာဆေးခန်းတွေ၊ ဆေးဆိုင်တွေ၊ ဈေးဝယ်စင်တာတွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ စိတ်ချယုံကြည်ရတဲ့ အမှတ်တံဆိပ်တွေ ဟုတ်မဟုတ်ကိုတော့ သေချာစစ်ဆေးဖို့ လိုပါမယ်။

    ၈။ လိင်ဆက်ဆံမှု မရှိလို့ ယောကျာ်းလေးရဲ့ ဝှေးစေ့တွေ ပေါက်ကွဲမထွက်နိုင်ပါဘူး။

    လိင်ဆက်ဆံမှုမရှိရင် ဝှေးစေ့တွေ မပေါက်ကွဲသွားတတ်ပါဘူး။ ယောကျာ်းတစ်ယောက်ဟာ သုက်ကောင်တွေ အမြဲတွေ ထုတ်လုပ်နေပါတယ်။ အပြင်ကို စွန့်မထုတ်ဘူးဆိုရင် သုက်ကောင်တွေက ခန္ဓါကိုယ်ထဲမှာ ရှိနေပါတယ်။ သူတို့ လိင်စိတ်ဖြေလိုက်လို့၊ ဒါမှမဟုတ် အိပ်နေရင်း သုက်ထွက်လို့ရှိရင်တော့ အပြင်ကို ထွက်လာပါလိမ့်မယ်။ လိင်ဆက်ဆံမှုရှိနေဖို့ မလိုပါဘူး။

    ၉။ ကွန်ဒုံးကို လျှော်ပြီး ပြန်သုံးလို့မရပါဘူး။

    တစ်ယောက်ယောက်က ကွန်ဒုံးကို လျှော်ပြီး ပြန်သုံးလို့ရတယ်ပြောရင် မယုံပါနဲ့။ တစ်ကြိမ်တစ်ခါပဲ သုံးလို့ရပါတယ်။ တစ်ခါသုံးပြီးသွားလို့ နောက်တစ်ခါ ထပ်ဆက်ဆံမယ်ရင် နောက်တစ်ခု အသစ်သုံးဖို့ လိုပါမယ်။ ဒါက အမျိုးသားသုံးဖြစ်ဖြစ်၊ အမျိုးသမီးသုံးကွန်ဒုံးဖြစ်ဖြစ် အတူတူပါပဲ။ လိင်ဆက်ဆံချိန် မိနစ် ၃၀ ကြာပြီးရင်လည်း ကွန်ဒုံးအသစ်လဲဖို့ လိုပါတယ်။ အချိန်ကြာမြင့်တဲ့ ပွတ်တိုက်မှုတွေက ကွန်ဒုံးကို ပေါက်ပြဲသွားစေနိုင်လို့ပါ။

    ၁၀။ တစ်ကြိမ်တည်း ဆက်ဆံလိုက်ရုံနဲ့ ကိုယ်ဝန်ရသွားနိုင်ပါတယ်။

    ကိုယ်ဝန်ရဖို့ အကြိမ်ပေါင်းများစွာ လိင်ဆက်ဆံဖို့လိုတယ် ဆိုတာ မှားပါတယ်။ တစ်ကြိမ်တည်းနဲ့လည်း ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတိုင်း ကိုယ်ဝန်တားနည်းတခုခု သုံးပါ။ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရမသွားအောင် ကွန်ဒုံးသုံးပါ။

    ၁၁။ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေရှိနေတိုင်း ရောဂါလက္ခဏာ ပြမှာ မဟုတ်ပါ။

    လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါရသွားရင် ဆီးသွားတဲ့အခါ နာကျင်မယ်၊ အဖြူရည်တွေ ထွက်မယ်၊ ဒါကြောင့် သတိထားကို ထားမိလိမ့်မယ်ဆိုတာ မှားပါတယ်။

    လူများစုဟာ အဲဒီလက္ခဏာတွေ သတိမထားမိတတ်ကြတာမို့ ရောဂါရှိနေတာကိုလည်း မသိကြပါဘူး။ လူတစ်ယောက်မှာ ကာလသားရောဂါရှိမရှိကို ကြည့်ရုံနဲ့လည်း ပြောနိုင်မှာ မဟုတ်တာကြောင့် တကယ်လို့ သံသယရှိတယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်း ပြကြည့်ဖို့ လိုအပ်ပါတယ်။

    ၁၂။ အမျိုးသမီးချင်း လိင်ဆက်ဆံရင်လည်း လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရနိုင်ပါတယ်။

    အမျိုးသမီးတစ်ယောက်မှာ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးရှိနေမယ်ဆိုရင် သူ့လိင်အင်္ဂါကထွက်တဲ့ အရည်တွေ၊ သွေးနဲ့ အထိအတွေ့တွေကတစ်ဆင့် သူနဲ့ဆက်ဆံတဲ့သူဆီကို ကူးစက်သွားနိုင်ပါတယ်။ လိင်တံအတုကို မျှပြီးသုံးမယ်ဆိုရင် ကွန်ဒုံးစွပ်ပါ၊ ပါးစပ်နဲ့ ဆက်ဆံမယ်ဆိုလည်း လိင်အင်္ဂါအစွပ်ကို သုံးပါ။

    ၁၃။ အမျိုးသားချင်း လိင်ဆက်ဆံသူတိုင်းဟာ စအိုနဲ့ဆက်ဆံမှု မပြုကြပါ။

    အမျိုးသားချင်း လိင်ဆက်ဆံသူအားလုံးဟာ စအိုကတစ်ဆင့် လိင်ဆက်ဆံကြမယ်လို့ ထင်နေတာ မှားပါတယ်။ စအိုကဆက်ဆံတယ်ဆိုတာ တခြားသော လိင်မှုဆိုင်ရာ အပြုအမူတွေလိုပဲ ကြိုက်နှစ်သက်မှုတစ်ခုသာ ဖြစ်ပါတယ်။ တချို့က ဒါကို သူတို့ရဲ့ လိင်အပြုအမူတစ်ခု အဖြစ် ရွေးချယ်တတ်ကြတယ်။ တချို့ကတော့ မရွေးကြဘူး။ ဒါဟာ ပုံမှန်လိင်ကွဲကြိုက်သူဖြစ်ဖြစ်၊ အမျိုသားချင်းစုံမက်သူ၊ အမျိုးသမီးချင်း စုံမက်သူ၊ လိင်တူလိင်ကွဲ ဆက်ဆံသူဖြစ်ဖြစ် အတူတူပါပဲ။ ၂၀၀၀ ပြည့်နှစ်က ကောက်ခဲ့တဲ့ National Survey of Sexual Attitudes and Lifestyles စစ်တမ်းအရ အမျိုးသားတွေရဲ့ ၁၂.၃ ရာခိုင်နှုန်း၊ အမျိုးသမီးတွေရဲ့ ၁၁.၃ ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့တစ်နှစ်အတွင်း စအိုနဲ့ လိင်ဆက်ဆံမှု လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဘယ်လိုပုံစံနဲ့ပဲ ဆက်ဆံဆက်ဆံ၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရမသွားဖို့အတွက်တော့ ကွန်ဒုံးအသုံးပြုဖို့ လိုပါတယ်။ လိင်ဆက်ဆံခြင်းဟာ တစ်ယောက်ယောက်အပေါ် ထားတဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို သက်သေပြနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းမဟုတ်ဘူး ဆိုတာကိုလည်း သိထားစေချင်ပါတယ်။

    ၁၄။ ရာသီပေါ်ပြီဆိုရုံနဲ့ ဒီမိန်းကလေးဟာ လိင်ဆက်ဆံဖို့ အသင့်ဖြစ်နေပြီ ပြောလို့မရပါဘူး။

    ရာသီပေါ်ပြီ ဆိုတာဟာ ဒီမိန်းကလေး အရွယ်ရောက်လာပြီ၊ လိင်ဆက်ဆံမှုပြုလိုက်ရင် ကိုယ်ဝန်ရသွားနိုင်ပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ လိင်ဆက်ဆံဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ်မျိုး မဟုတ်ပါဘူး။

    လူတွေဟာ လိင်ဆက်ဆံဖို့ အသင့်ဖြစ်တဲ့အချိန် တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒါက တစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံက လူငယ်အများစုကတော့ အသက် ၁၆နှစ်အရွယ်ကျမှ လိင်ဆက်ဆံမှုကို စတင်တတ်ကြပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement