အမျိုးသမီးတွေဟာ ပြုသမျှ နုရမယ့် လိင်ဆက်ဆံဖော်မဟုတ်ပါဘူး။ အိမ်ထောင်ရှင်ဖြစ်သွားပြီဆိုတာနဲ့ လိင်မှုကိစ္စအားလုံးကို ယောက်ျားလေးကပဲ အစပျိုးရမှာ မဟုတ်ပါဘူး။ ကိုယ်က လိင်မှု ကိစ္စကို စတင်ချင်တယ်ဆိုရင်လည်း ပွင့်လင်းစွာပြောပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံတွေကိုလည်း အဖော်ဖြစ်သူ အမျိုးသားနဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးပါ။ ယောက်ျားလေးဖြစ်သူ ပြုသမျှ နုနေစရာမလိုအပ်ပါဘူး။ သူက ကိုယ်ကြိုက်တာတွေ မလုပ်ပေးလို့ စိတ်ဆင်းရဲပြီး ထုတ်မပြောဘူးဆိုရင် သင့်အနေနဲ့ လိင်ပိုင်းဆိုင်ရာ သာယာမှုကို ရနိုင်မှာမဟုတ်ပါဘူး။ ထုတ်ပြောဖို့လိုပါတယ်။
၃။ ခန္ဓာကိုယ် အပြစ်အနာအဆာများကို အလွန်အကျွံ အာရုံစိုက်နေခြင်း။
ယောက်ျားလေးတွေရဲ့ ဦးနှောက်လုပ်ဆောင်ချက်က အလှအပကိုလည်း ကြိုက်နှစ်သက်တတ်ပေမဲ့ လက်ရှိ ပစ္စုပ္ပန် အချိန်တွေကိုလည်း ပျော်ရွှင်အောင်နေထိုင်တတ်ပါတယ်။ လိင်မှုကိစ္စဆိုင်ရာမှာဆိုရင်လည်း ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို ရုပ်မချောရင်တောင် ပျော်ရွှင်စွာနဲ့ အချိန်ကို ဖြတ်သန်းတတ်ကြပါတယ်။
မိန်းကလေးတွေကြတော့ လိင်မှု ကိစ္စလုပ်ဆောင်ချိန်မှာလည်း လွတ်လပ်ပျော်ရွှင်မှုကို သိပ်မခံစားကြဘဲ သူတို့ ခန္ဓာကိုယ်ရဲ့ အပြစ်အနာအဆာတွေကို စိုးရိမ်နေတတ်ပါတယ်။ အမျိုးသမီးတွေဟာ လိင်စိတ်ဆန္ဒပြင်းပြမှုကို မိမိကိုယ့်ကို အဆိုးမြင်ရင်း လျော့နည်းစေတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်ရဲ့ အပြစ်အနာဆာတွေကို တွေးမိလိုက်တိုင်း စိတ်အပြောင်းအလဲ ဖြစ်စေမယ့် အရာတစ်ခုခုအပေါ် အာရုံစိုက်လိုက်ပါ။ လိင်မှုကိစ္စလုပ်ဆောင်ချိန်မှာဆိုရင် အသက်ကို မှန်မှန်ရှူပြီး လိင်ဆက်ဆံခြင်း ပုံမှန်ဖြစ်အောင်ခံစားတတ်ဖို့လိုပါတယ်။
၄။ ငါလုပ်တာ မှန်မှ မှန်ပါ့မလားလို့ စိုးရိမ်နေတာမျိုး။
ကိုယ့်အလို ဆန္ဒနဲ့ တစ်ယောက်ယောက်ကို ထိတွေ့ပေးတဲ့အခါမှာ သူ့ကို ခံစားချက် ကောင်းမွန်စေပါတယ်။ လိင်မှုကိစ္စအကြံပေး တိုင်ပင်ဆွေးနွေးခြင်းတွေမှာလည်း အမျိုးသမီးတွေက ကုသပေးတဲ့ ဆရာဝန်တွေကို Oral Sex ဘယ်လိုပေးရမလဲ၊ လိင်စိတ်တက်ကြွလာအောင် ဘယ်လိုလှုံ့ဆော်ပေးရမလဲဆိုတဲ့ မေးခွန်းတွေကို မေးလေ့ရှိကြပါတယ်။ ဒီလိုမျိုးမေးခွန်းတွေကို မေးကတည်းက အမျိုးသမီးအများစုဟာ အဖော်ဖြစ်သူရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ရတာ သက်သောင့်သက်သာ မရှိဘူးဆိုတာကို ပြနေတာပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။