backup og meta

အချစ်နဲ့မေတ္တာ ဆက်လက်ရှင်သန်ဖို့ ဘယ်လိုထိန်းသိမ်းရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Yun Sandi Nan Mon မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချစ်နဲ့မေတ္တာ ဆက်လက်ရှင်သန်ဖို့ ဘယ်လိုထိန်းသိမ်းရမလဲ

    အချစ်နဲ့မေတ္တာ ဆက်လက်ရှင်သန်ဖို့ ဘယ်လိုထိန်းသိမ်းရမလဲ …. ပထမဆုံး စချစ်တတ်ချိန်မှာတော့ အချစ်က သွေးသားဆန္ဒ တပ်မက်ခြင်းကို ဦးတည်ပါလိမ့်မယ်။ ဒါပေမယ့် လက်ထပ်ပြီးလို့ သားသမီးတွေ မွေးဖွားပြီး အချိန် ကြာလာတဲ့အခါ သွေးသားဆန္ဒဆိုတာ ဘဝမှာ တခြားအရာ တချို့လောက် အရေးမပါတော့ သလို ဖြစ်လာနိုင် ပါတယ်။

    သို့သော်လည်း ကလေးတွေ ရှိလာတာ၊ တခြား ရည်မှန်းချက်တွေ ရှိနေသေးတာနဲ့ပဲ အိမ်ထောင်တစ်ခုရဲ့ လင်မယား ဆက်ဆံရေးကို ချောင်ထိုးထားဖို့ မဟုတ်ပါဘူး။

    ကိုယ့်အိမ်ထောင်ဘက်နဲ့ ပြောဆိုကြည့်ပြီး အချစ် မလျော့အောင် ဆက်လက် ထိန်းသိမ်းနိုင် ပါတယ်။ တိတ်ဆိတ်ခြင်းဟာ ဆက်ဆံရေးအတွက် အဆိပ်အတောက် တစ်ခုပါပဲ။ ကိုယ်ခံစားနေရတာတွေကို အိမ်ထောင်ဘက်ဆီ ပြောပြပြီး သူ့ခံစားချက်တွေကိုလည်း နားထောင်ပေးဖို့ အရေးကြီး ပါတယ်။

    ဒါပေမယ့် သင့်အိမ်ထောင်ဘက်က စိတ်မပါဘဲ အခုချိန်မှာ မပြောချင်သေးဘူး ဆိုရင်လည်း အချိန်ပေး လိုက်ပါ။ အတင်းအကျပ် မတိုက်တွန်းပါနဲ့။ အဲဒါက သင်တို့ ကြားက ဆက်ဆံရေးကို ပိုအလှမ်းဝေး သွားစေတာပဲ ရှိပါလိမ့်မယ်။ သင့်အိမ်ထောင်ဘက်က ဒီကိစ္စကို သေချာစဉ်းစားဖို့ အချိန်ပေးနိုင် တဲ့အခါမှ ဒီခေါင်းစဉ်ကို နောက်မှ ပြောလို့ ရပါတယ်။

    အချစ်နဲ့မေတ္တာ ဆက်လက်ရှင်သန်ဖို့ ဘယ်လိုထိန်းသိမ်းရမလဲ

    အချစ်နဲ့မေတ္တာ ဆက်လက်ရှင်သန်ဖို့ ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတော့ အတူ နေလာတာ ကြာပြီဖြစ်တဲ့ အတွက်လည်း “ချစ်တယ်”ဆိုတဲ့စကား ပြောထွက်ဖို့ မေ့လျော့နေတာမျိုး ဖြစ်စေနိုင်ပါတယ်။ အခုချက်ချင်း ပြန်အကျင့် လုပ်သင့်တဲ့ အချက် ပါပဲ။

    ကိုယ့်ဘက်က သူ့ကို ချစ်နေသေးရဲ့လား၊ သူနဲ့ နေရတာ ပျော်ရဲ့လား ဆိုတာကို သင့်အိမ်ထောင်ဘက်က သိချင် နေမှာပါ။ အရင်ကလောက် လင်မယားကိစ္စ(လိင်ကိစ္စ) သိပ်မရှိ ဖြစ်ရင်တောင် အိမ်ထောင်ဘက် အပေါ် ထားရှိတဲ့ အချစ်က ပြောင်းလဲမှာ မဟုတ်ပါဘူး။

    အရင်ကလည်း သိထားတဲ့ အတိုင်း ပါပဲ၊ အချစ်ဆိုတာ လိင်ကိစ္စချည်းပဲ မဟုတ်ပါဘူး။ အတူ ရှိနေချိန်မှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်က လိင်ကိစ္စ စိတ်ကျေနပ်မှုထက် ပိုအရေးကြီးပါတယ်။ အချင်းချင်း အတူ ရှိနေချိန်မှာ ဆံစက ခြေဖျားအထိ အသေးအဖွဲ ကအစ ဂရုတစိုက် ရှိပေးပါ။ အချစ်တွေ ပြန်ပေါက်ဖွားလာ ပါလိမ့်မယ်။

    သင့်စိတ်က တောင့်တတဲ့ လိင်မှုကိစ္စ အတိုင်းအတာက တစ်ခါတရံမှာ အိမ်ထောင်ဘက်ရဲ့ သဘောနဲ့ တူချင်မှတူ ပါလိမ့်မယ်။ ဒီကိစ္စကြောင့် နှစ်ဦးကြားမှာ ပြဿနာ မဖြစ်ပါစေနဲ့။ သင့်အိမ်ထောင်ဘက် စိတ်ကြည်နေချိန်မှာ သင့်အတွေးတွေကို ပြောပြဖို့ ကြိုးစားပါ။

    နှစ်ဦးကြားမှာ အသင့်တော်ဆုံး ဖြစ်မယ့် ဖြေရှင်းနည်း တစ်ခုကို အဖြေထုတ်ပါ။ ပွေ့ဖက်ခြင်းနဲ့ အနမ်းပေးခြင်းက အချစ်နဲ့ ဆက်ဆံရေးမှာ အရေးပါ ပါတယ်။ သင်က လိင်ကိစ္စ စိတ်မပါရင်တောင်မှ ဟိုးအရင် ချစ်သူဘဝတုန်း ကအတိုင်း အိမ်ထောင်ဘက်ကို ပွေ့ဖက်ပြီး အနမ်းပေးပါ။

    ဒီကိစ္စတွေကို ဆွေးနွေးဖို့ မလွယ်ကူဘူး ဆိုပေမယ့် လင်မယားကိစ္စဆိုတာဟာ အိမ်ထောင်သည် ဆက်ဆံရေးမှာ အရေးပါနေတဲ့အတွက် လျစ်လျူရှု မထားသင့်ပါဘူး။ ချစ်ခြင်းမေတ္တာ ခိုင်မာစေဖို့အတွက် သင့်အနေနဲ့ ဂရုစိုက်ထိန်းသိမ်းရပါမယ်။

    အိမ်ထောင် တစ်ခုရဲ့ချစ်ခြင်းမေတ္တာ ဆက်လက် ရှင်သန်နေစေဖို့ အကောင်းဆုံး နည်းလမ်းကတော့ တတ်နိုင်သလောက် အရေးတယူ ဂရုစိုက်ပေးဖို့၊ အချင်းချင်း လိုအပ်ချက် ဖြည့်ဆည်းပေးဖို့ပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Yun Sandi Nan Mon မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement