backup og meta

လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု

    လိင်ဆက်ဆံခြင်းဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေကိုပါ ပေးစွမ်းနိုင်တာကြောင့် အလေးအမြတ်ထားကြပါတယ်။ သင်လိင်မဆက်ဆံခင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အောက်ဖော်ပြပါ မေးခွန်းလေးခုကို သေချာဖတ်ကြည့်ပါ။ လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု က ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။

    လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု

    လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု ကတော့

    • ဒီလူဟာသင့်အတွက် သင့်လျော်ပါသလား။

    လူတစ်ယောက်ဟာ သင့်အတွက် လျော်ကန်မှု ရှိမရှိဆိုတာ အစကတည်းက သိနိုင်ပါတယ်။ ဒါပေမယ့် သင့်ချစ်သူနဲ့ အချိန်အနည်းငယ် ပိုမိုဖြုန်းကြည့်ရင် လူတစ်ယောက်ဟာ အပေါ်ယံထင်ရသလို အမြဲမဟုတ်ဘူးဆိုတာ တွေ့လာပါလိမ့်မယ်။ လိင်မဆက်ဆံခင် သင့်ချစ်သူဟာ မိန်းမရှုပ်သူလား၊ အရက်သောက်သူလား၊ လောင်းကစားသမားလား၊ အခြားပြဿနာဘာတွေရှိလဲဆိုတာ သေချာပြန်စဉ်းစားဖို့ လိုပါတယ်။ ဒီလူနဲ့ အတူနေဖို့ကိုရွေးချယ်လိုက်ရင် ဒီပြဿနာတွေဟာ တစ်ချိန်ချိန်မှာ သင့်ဘဝကို ဒုက္ခပေးနိုင်ပါတယ်။

    • ဒါဟာ အချိန်ကောင်းဟုတ်ရဲ့လား။

    တခါတလေမှာ ဘဝဟာ သင့်အတွက် မှန်ကန်တဲ့သူကို မှားယွင်းတဲ့အချိန်မှာ ပေးတတ်ပါတယ်။ ဥပမာ အချိန်အကြာကြီးတွဲခဲ့တဲ့ ဆက်ဆံရေးတစ်ခု ပြတ်ပြီးစမှာ သင့်အရင်ရည်းစားကို ချစ်ဆဲဖြစ်ပြီး သူ့အကြောင်းလဲ တွေးတောဆဲဖြစ်ပါတယ်။ ဒီအချိန်မှာ လူကောင်းတစ်ယောက်နဲ့ တွေ့ဆုံပြီး လိင်ဆက်ဆံခြင်းဟာ သင့်အတွက် စိတ်ပိုင်းဆိုင်ရာဒုက္ခတွေ ပိုမိုရရှိစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်ကိုယ်တိုင်ရော သူ့ကိုပါ မနာကျင်ရအောင် သင့်ခံစားချက်တွေ ပုံမှန် ပြန်မဖြစ်မချင်း နောက်တစ်ယောက်နဲ့ မတွဲသင့်ပါဘူး။

  • ဒီလူကို ယုံလို့ရရဲ့လား။
  • သင့်ကို စိတ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေ ဖိအားပေးဖူးသူ၊ အရှက်ရစေသူ၊ စော်ကားသူ၊ ထိခိုက်စေသူနဲ့ အကောင်းဆုံးကို မျှော်လင့်ပြီး လိင်ဆက်ဆံတာမျိုး မပြုလုပ်ပါနဲ့။ သင်သူနဲ့ လိင်ဆက်ဆံလို့လဲ ဒီလူဟာ သူ့အကျင့်တွေကို ပြောင်းလဲမှာမဟုတ်ပါဘူး။ ဒီလူတွေနဲ့ လိင်ဆက်ဆံမှု ပြုလုပ်တာဟာသေချာပေါက် အကျိုးဆက်တွေ ရှိလာမှာပါ။

    သင်ဟာ သင့်ကို လုံခြုံစိတ်ချမှု ခံစားရစေပြီး သင်လုပ်တဲ့ အလုပ်တွေမှာ ယုံကြည်မှု ရှိစေတဲ့ လူမျိုးနဲ့သာ လိင်ဆက်ဆံသင့်ပါတယ်။ တကယ်လို့ လိင်ဆက်ဆံခြင်းဟာ မှားယွင်းတယ်လို့ ခံစားရပြီး သင့်ကို အရှက်ရစေတယ် ဆိုရင် ဒါဟာ လိင်ဆက်ဆံမှုကြောင့် ဖြစ်တဲ့ ပြဿနာ ဟုတ်ချင်မှ ဟုတ်မှာပါ။ သင့်နှလုံးသားကဒီလူက သင့်အတွက် မဟုတ်ဘူးဆိုတာ ပြောပြနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    • လိင်ဆက်ဆံစဉ် အကာအကွယ်သုံးရဲ့လား။

    လိင်ဆက်ဆံစဉ်မှာ အမြဲ အကာအကွယ် သုံးပါ။ တစ်ခါတစ်လေတောင် မလွတ်သွားပါစေနဲ့။ အကာအကွယ် မပါဘဲ တစ်ခါလောက် လိင်ဆက်ဆံခြင်းကတောင် သင်ချစ်တဲ့သူနဲ့ သင့်ရဲ့ ဆက်ဆံရေးအပြင် သင့်ဘဝကိုပါ ပျက်စီးစေတဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေ သယ်ဆောင်လာနိုင်ပါတယ်။

    သင့်မှာ လိင်ကတစ်ဆင့် ကူးဆက်နိုင်တဲ့ ရောဂါပိုးတွေ ရှိသွားနိုင်တယ်။ ကိုယ်ဝန် ရှိသွားနိုင်တယ်။ အဆိုးဆုံးကတော့ HIV ရောဂါထိ ရှိသွားနိုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်ပြီးတဲ့ အရာတွေကို ပြန်ပြင်နိုင်တဲ့ စွမ်းအားသင့်ဆီမှာမရှိတဲ့အတွက် သင့်ကိုယ်သင် ကာကွယ်ခြင်းကို အမြဲ နံပါတ် တစ် ထားသင့်ပါတယ်။

    လိင်ဆက်ဆံခြင်းဟာ စိုးရိမ်မှုနဲ့ စိတ်ပူမှုတွေ မရှိဘဲ သာယာပျော်ရွှင်ဖွယ် ကောင်းသင့်ပါတယ်။ ဘာကြောင့် သင် လိင်ဆက်ဆံနေရတယ် ဆိုတာ သေချာသိသင့်ထားသင့်ပြီး သင်တို့ နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ကျန်းမာပြီး ဆိုးဝါးတဲ့ အကျိုးဆက်တွေကနေ ကင်းဝေးသင့်ပါတယ်။

    ရေးသားသူ− Dr Phyu Mon Latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement