backup og meta

လိင်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်ပတ်သက်၍အမျိုးသားများသိထားသင့်သော အချက်(၇)ချက်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်ပတ်သက်၍အမျိုးသားများသိထားသင့်သော အချက်(၇)ချက်

    လိင်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်ပတ်သက်၍ အမျိုးသားများသိထားသင့်သော အချက် (၇)ချက်

    မိခင်မှပေးထားသော သဘာဝတရားမှလွဲ၍ လိင်မှုကိစ္စသည် သင်ထင်သည်ထက် ကျန်းမာရေးနှင့်ပျော်ရွှင်မှုရလဒ်များ ပိုမိုရရှိစေသည်။ အသက်အရွယ်ကြီးမှ လိင်ဆက်ဆံခြင်းသည် သင့်ကျန်းမာရေးအတွက် အမှန်တကယ်ကောင်းမကောင်းသိပါသလား။ သို့မဟုတ်အမျိုးသမီးများသည် အမျိုးသားများထက် ဆန္ဒပိုပြင်းပြပါသလား။ လိင်ကိစ္စနှင့်ပတ်သက်၍ တစ်ခုတည်းသောပြဿနာမှာ ဤအကြောင်းအရာနှင့်ပတ်သက်၍ သိပ်မပြောချင်ကြခြင်းဖြစ်သည်။ မပြောအပ်မလုပ်အပ်သောခေါင်းစဉ်သည် ကျွန်ုပ်တို့ဤစကားလုံးကို ဖွင့်ဟပြောရုံမျှဖြင့် ရှက်ကြောက်အောင်ပြုလုပ်ထားပါသည်။ အောက်ပါအံသြဖွယ်အချက်များက သင့်ကိုလိင်မှုကိစ္စတွင် အဆင်ပြေအောင်လုပ်ပေးပါမည်။

    ထို့ကြောင့်ကျွန်ုပ်တု့ိ လိင်ပိုင်းဆိုင်ရာပညာပေးခြင်းနှင့် လိင်ကိစ္စနှင့်ပတ်သက်၍ လူတိုင်းသိထားသင့်သောအချက်(၇)ချက်ကို သိပ္ပံနည်းအရ အရေးပေးဖော်ပြပါမည်။ ဖော်ပြပါလူမှုရေးဆိုင်ရာ အမူအကျင့်များ မြင့်တင်ပေးခြင်းဖြင့် သင်သည်ကျွန်ုပ်တို့အားလုံးရင်းနှီးသော ဤအပြုအမူနှင့်ဆိုင်သော အသစ်အဆန်းကို သင်ယူမိပါလိမ့်မည်။

    (၁) အမျိုးသမီးများသည်အမျိုးသားများကဲ့သို့ လိင်မှုကိစ္စကိုအလိုရှိပါသည်။

    ၎င်းသည်ကျွန်ုပ်တို့အတွက်အံ့သြစရာမဟုတ်ပါ။ အမျိုးသမီးမျာသည်လည်း ဆန္ဒရှိကြပါသည်။ အမှန်တွင်ကြာရှည်စွာ တွဲလာသော အမျိုးသားများသည် သူတု့ိအမျိုးသမီးအဖော်၏ ကာမဆန္ဒအတိုင်းအတာပေါ်တွင် အလွန်အထင်သေးကြသည်။ ယူဆချက်တစ်ခုမှာ ကာမဆန္ဒနည်းသော အမျိုးသမီးအဖော်ကို စွန့်လွှတ်နိုင်ချေရှိသည်ဟု ပြောခြင်းကို ၁၀၀ရာခိုင်နှုန်းသဘောတူညီကြောင်း တွေ့ရပါသည်။ သင့်အဖော်ကိုပြောပြပါ။ သင့်ရဲ့ဆန္ဒကို မရှက်ပါနှင့်။ ကာမဆန္ဒကိုအားပေးကာ လိင်ဆက်ဆံခြင်းကို သက်တောင့်သက်သာအဖြစ်ခံစားပါ။

    (၂) သင့်အဖော်သည် မဂ္ဂဇင်းထက်ပိုကောင်းသော အင်အားဖြစ်သည်။

    သင်၏ကာမဘဝကို မြှင့်တင်လိုပြီး သင့်အဖော်ဆန္ဒကို စိတ်ကျေနပ်မှုရစေလိုလျှင် မဂ္ဂဇင်းမှာပါတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ဆောင်းပါးများ ရှာဖွေဖတ်ရှုနေခြင်းထက် သူ(သို့) သူမဘာလိုချင်လဲဆိုသည်ကို မေးမြန်းကြည့်ခြင်းသည် ပိုထိရောက်သောနည်းလမ်းဖြစ်သည်။ Nicole Prause ဆိုသည့် လိင်ပိုင်းဆိုင်ရာ လေ့လာသူပြောချက်အရ အကယ်၍ကျွန်ုပ်တို့သည် အိပ်ရာထဲတွင် အမှန်တစ်ကယ် စိတ်လွတ်လပ်မှု ရချင်လျှင်ကျွန်ုပ်တို့ကြိုက်သည်နှင့် မကြိုက်သည့်အရာများကို စကားစမြည်ပြောပြထားသင့်သည်။ ငယ်ရွယ်သူအမျိုးသမီးများတွင် ကာမဆန္ဒပြီးမြောက်ခြင်းသည် အဖော်နှင့် လိင်ဆက်ဆံရသည့် အရေအတွက်နှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့်များများပြောပြီး များများပြုလုပ်ပါ။

    မဂ္ဂဇင်းမဖွင့်ဖတ်ခင်(သို့) ခေါင်းစီးတစ်ခုခုကိုမကြည့်ခင် သင့်အဖော်နှင့် ကြိုက်သည်မကြိုက်သည်များကို အပြန်အလှန် မေးမြန်းပြောဆိုပါ။

    (၃) အသက်ကြီးမှလိင်ဆက်ဆံခြင်းသည် သင့်အတွက်ကောင်းပါသည်။

    အသက်ကြီးမှလိင်ဆက်ဆံခြင်းသည် ကျန်းမာရေးအတွက် ကောင်းပါသည်။ လေ့လာမှုတစ်ခုတွင် အသက်၅၇နှစ်နှင့် ၈၅နှစ်အကြား အမျိုးသမီးများတွင် အနည်းဆုံး တစ်ပတ်တစ်ကြိမ် လိင်ဆက်ဆံခြင်းသည် သွေးတိုးနှုန်းကိုလျော့ချပေးသည်။ သွက်လက်သော လိင်မှုဘဝသည် စိတ်ရောကိုယ်ပါကျန်းမာရေးကို များစွားတိုးတက်စေသည်။ အသက်ကြီးသူများအတွက်လည်း ပါဝင်သည်။

    စာကြွင်း – သင့်အသက်နှင့်လိင်မှုအရည်အချင်းကို မဆုံးဖြတ်ပါနှင့်။ နှစ်စဉ်ဘဝကိုပျော်ရွှင်စွာနှင့် လွတ်လွတ်လပ်လပ်နေပါ။

    (၄) လိင်ဆက်ဆံရန်အကောင်းဆုံးအချိန်မှာ ညအချိန်မဟုတ်ပါ။

    အလုပ်များသောအချိန်ဇယားအရ၊ တစ်ခုတည်းသော ကျန်သောအချိန်မှာ ညအချိန်နှင့် အိပ်ရာထဲတွင်ဖြစ်သည်။ သို့သော် လိင်ဆက်ဆံရေးအောင်မြင်ခြင်းအတွက် ဒီနည်းသည် ကောင်းသောနည်းလမ်း မဟုတ်ပါ။ ကောင်းမွန်သော ကာမဆက်ဆံရေးအတွက် သိပ္ပံနည်းအရဖော်ပြထားသောအချိန်ရှိသည်။ သို့သော် ရုံးချိန်အတွင်း အလုပ်လုပ်သူများအတွက်တော့ သတင်းကောင်းမဟုတ်ပါ။ Daily Mail သတင်းစာရှိ လေ့လာချက်တစ်ခုအရ ညနေ၃နာရီသည် လိင်ဆက်ဆံရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ဟော်မုန်းဆိုင်ရာကျွမ်းကျင်သူ Alisa Vitti က ဤအချိန်တွင်အမျိုးသားများက လိင်ဆက်ဆံရန် အစပျိုးသည့်စိတ်ရှိရုံ သာမက အမျိုးသမီးများကိုပါစိတ်ပိုင်းဆိုင်ရာ ပိုကျေနပ်စေရန် အားပေးနိုင်သည်။

    (၅) သင်တွေးထားသလိုပုံစံအများအပြားမရှိပါ။

    သင်သည်လိင်ဆက်ဆံသည့် ပုံစံမျိုးစုံကြိုးစားခဲ့သော်လည်း ပုံအဟောင်းများနှင့်ပြီးဆုံးသွားပါသလား။ သင်တစ်ယောက်တည်းမဟုတ်ပါ။ ယေဘူယျအားဖြင့်(၆)ခုသာ ရှိသည်။

    • နှစ်ဦးမျက်နှာချင်းဆိုင် ၍ အမျိုးသမီးက အောက်တွင် ရှိသော အနေအထား
    • အမျိုးသားက လှဲလျောင်းပြီး အမျိုးသမီးက အပေါ်တွင်ရှိသော အနေအထား
    • အမျိုးသမီးက လှဲလျောင်းပြီး အမျိုးသားက အပေါ်တွင် ရှိသော အနေအထား
    • တစ်ယောက်က ကုန်းနေပြီး နောက်တစ်ယောက်က နောက်ဖက်ကနေ ဆက်ဆံသော အနေအထား
    • ဇွန်း နှစ်ခု ထပ်ထားသကဲ့သို့ အနေအထား
    • မတ်တပ်ရပ် အနေအထား တို့ဖြစ်သည်။

    ဒါဆို ကျန်တာတွေကရော ..။ သူတို့သည်ဤ၆ခုမှကွဲပြားသွားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင်အကြိုက်ဆုံးလိင်ဆက်ဆံမှုပုံစံကို မရှက်ပါနှင့်။ အကြောင်းမှာ အားလုံးလည်း သင့်နည်းတူပြုလုပ်သည့်အတွက်ဖြစ်သည်။

    (၆) ပျော်ရွှင်သောအတွဲများသည် တစ်ပတ်တစ်ခါပြုလုပ်ကြသည်။

    အများယုံကြည်ထားသည်နှင့်ဆန့်ကျင်ဘက်အားဖြင့် လိင်ဆက်ဆံမှုများများပြုလုပ်ခြင်းသည် ပို၍ပျော်ရွှင်နိုင်ခြင်းမဟုတ်ပါ။ လေ့လာချက်များအရ တစ်ပတ်လျှင်တစ်ကြိမ်သာ လိင်ဆက်ဆံခြင်းသည် ပို၍ပျော်ရွှင်နိုင်သည်။ သာမန်လူတစ်ယောက်အတွက် တစ်ပတ်ကိုတစ်ကြိမ်ထက်ပို၍ ပုံမှန်ဆက်ဆံခြင်းသည် ပိုမိုပျော်ရွှင်နိုင်ခြင်းနှင့်မဆိုင်သလို ပျော်ရွှင်မှုလျော့နည်းသွားသည်ဟုလည်း မဆိုလိုပါ။ စိတ်ကူးယဉ်ဆန်သည့် အဖော်နှင့် သာယာသော ကာမဆက်ဆံရေး ကျန်ရှိနေရန်သာ အရေးကြီးသည်။

    (၇) ကောင်းမွန်သောသူများသည် ပို၍ ပြုလုပ်လေ့ရှိသည်။

    အကယ်၍ သင်သည်ရင်းနှီးမှု မကြာခဏပို၍ လိုချင်လျှင် သင်သည်ပို၍ကောင်းမွန်သော လူတစ်ယောက်ဖြစ်သည်ဟု သိပ္ပံပညာကဆိုထားပါသည်။ လေ့လာမှု တစ်ခုအရ ကိုယ်ကျိုးမငဲ့ဘဲ တစ်ဖက်သားကို ပို၍ဂရုစိုက်တတ်သောလူများသည် လိင်ဆက်ဆံမှုများများလုပ်ကြသည်။ ဤလေ့လာမှုသည် မိမိကိုယ်ကိုဆန်းစစ်ခြင်းနှင့် အခြေခံ၍ သတင်းပို့ထားသောကြောင့် ပြောင်းလဲမှုများစွာရှိပါသည်။ ဆိုလိုသည်မှာ အမှားအယွင်းရှိနိုင်သည် ဟုဆိုလိုသည်။ သို့သော် ဤအချက်ကို သက်သေပြရန်သိပ္ပံနည်း မလိုအပ်သည်မှာ သေချာပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement