backup og meta

မကြာခဏလိင်စိတ်ဖြေခြင်းက မျိုးအောင်မှုကို အနှောင့်အယှက်ဖြစ်စေသလား

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မကြာခဏလိင်စိတ်ဖြေခြင်းက မျိုးအောင်မှုကို အနှောင့်အယှက်ဖြစ်စေသလား

    အမျိုးသားတွေ လုပ်လေ့ရှိတဲ့ လိင်စိတ်ဖြေခြင်း ဆိုတာက သူတို့ရဲ့ လိင်အင်္ဂါကို လိင်ပိုင်းဆိုင်ရာ နှိုးဆွမှု လုပ်ပြီး ဆန္ဒပြီးမြောက်တဲ့အထိ လုပ်ဆောင်တာကို ခေါ်တာပါ။ အဲဒီလို စိတ်ဖြေပြီးသွားရင် သုက်ရည်တွေ ထွက်လာပါတယ်။ စုံတွဲတစ်တွဲက ကလေးယူဖို့ ကြိုးစားနေမယ်ဆိုရင်တော့ အမျိုးသားအနေနဲ့ သူရဲ့ သုက်ရည်တွေကို မျိုးအောင်နိုင်တဲ့ ပမာဏကျန်နေအောင် သူ့ရဲ့ လိင်စိတ်ဖြေမှုကို ထိန်းချုပ်ဖို့ လိုပါတယ်။

    ဒါပေမယ့်လည်း မကြာခဏ လိင်စိတ်ဖြေခြင်းဟာ ကိုယ့်ရဲ့မျိုးအောင်နိုင်စွမ်းအပေါ် ကြီးမားတဲ့ အနှောင့်အယှက်တော့ မပေးပါဘူး။ တချို့သော အချက်အလက်တွေအရ သုက်ထွက်မှု (၂)ရက် သို့မဟုတ် (၃)ရက်ကြာ မရှိဘူးဆိုရင် သုက်ရည်တွေရဲ့ အရည်အသွေးဟာ ပုံမှန်အနေအထား ပြန်ရောက်သွားပါတယ်။ တချို့သုတေသန တွေ့ရှိချက်တွေမှာဆိုရင် နေ့စဉ် သုက်ထွက်မှုရှိနေရင်တောင်မှ သုက်ကောင်တွေရဲ့ လှုပ်ရှားမှုနဲ့ ပမာဏဟာ ပုံမှန်အတိုင်းပဲ ရှိနေတယ်လို့ ဆိုထားပါတယ်။

    ဒါကြောင့် လိင်စိတ်ဖြေသည်ဖြစ်စေ၊ မဖြေသည်ဖြစ်စေ၊ တစ်ပတ်ကို ကြိမ်ဖန်များစွာ လိင်ဆက်ဆံခြင်း ပြုမယ်ဆိုရင် ကိုယ့်အဖော်ကို ကိုယ်ဝန်ရသွားနိုင်စေမယ် ဆိုတာကိုတော့ သိထားဖို့ လိုပါတယ်။

    လိင်စိတ်ဖြေနေချိန်မှာ ဘာတွေဖြစ်လဲ

    ဆန္ဒပြီးမြောက်တဲ့အထိ စိတ်ဖြေတဲ့အချိန်တိုင်းမှာ သုက်ရည်ထွက်ပါတယ်။ အဲဒီလို ထွက်သွားတာကြောင့် ခန္ဓါကိုယ်ထဲမှာ သိမ်းထားတဲ့ သုက်ကောင်အရည်အတွက်တွေ နည်းကုန်တာမို့ ကိုယ့်ခန္ဓါကိုယ်ကနေ နောက်ထပ်သုက်ကောင်တွေ ထပ်ထုတ်ရပါတယ်။ ပြောရရင် အဲဒီအတွက် အချိန်လိုတာပေါ့။ ဒီတော့ တစ်နေ့ကို တစ်ကြိမ်ထက်ပိုပြီး လိင်စိတ်ဖြေတဲ့ အမျိုးသားတွေမှာ သိုလှောင်ထားတဲ့ သုက်ကောင်ပမာဏဟာ ပုံမှန်အမျိုးသားတွေမှာထက် ပိုပြီး နည်းတတ်ပါတယ်။

    ဒါကြောင့် သုက်ကောင်အရေအတွက်ကို များများစားစား သိုလှောင်ထားချင်တယ်ဆိုရင် လိင်စိတ်ဖြေပြီး သုက်ရည်ထွက်တာကို ထိန်းချုပ်ဖို့ လိုပါတယ်။ အဲဒီလိုသာ သုက်ကောင်တွေကို ခန္ဓါကိုယ်ထဲ သိုလှောင်ထားနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ မျိုးပွားနိုင်စွမ်းက မြင့်မားပါလိမ့်မယ်။

    အမျိုးသမီးလိင်စိတ်ဖြေတာကလည်း မျိုးမအောင်နိုင်ခြင်းမှာ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ အမျိုးသမီးတစ်ယောက် လိင်ဆန္ဒပြီးမြောက်သွားပြီဆိုရင် သူရဲ့ သားအိမ်ခေါင်းက အောက်ဖက် မိန်းမကိုယ်နားအထိ ကျလာတတ်တယ်။ ဒါက ပိုပြီး ကိုယ်ဝန်ရနိုင်အောင် လုပ်ပေးတဲ့ ခန္ဓါကိုယ်ရဲ့ သဘာဝတုံ့ပြန်မှု ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူ့အဖော်နဲ့ ချစ်တင်းနှောနေစဉ်အတွင်း လိင်စိတ်ဖြေနေလို့ သူ့အဖော်ထက် စောပြီး ပြီးမြောက်သွားမယ်ဆိုရင် မိန်းမကိုယ်ရဲ့ အက်ဆစ်ဓါတ်တွေက ရှေ့မှာပြောခဲ့သလို၊ အောက်ကိုကျလာတဲ့ သားအိမ်ခေါင်းထဲ ရောက်သွားပြီး၊ ဆက်ဆံပြီးသွားလို့ အမျိုးသားဆီက ဝင်လာမယ့် သုက်ကောင်တွေကို အသက်မရှင်နိုင်အောင် လုပ်ပစ်နိုင်ပါတယ်။

    သုက်ကောင်အရေအတွက် များများရှိအောင် ဘယ်လိုလုပ်မလဲ

    သုက်ကောင်အရေအတွက် များများရှိနေအောင် လုပ်လို့ရတဲ့နည်းတွေ ရှိပါတယ်။ အဲဒီထဲမှာ အတွင်းခံကို ချောင်ချောင်ချိချိ ဝတ်တာ၊ အရက်၊ ဆေးလိပ်ရှောင်တာမျိုးတွေ ပါပါတယ်။ ကိုယ့်ခန္ဓါကိုယ်ထဲမှာ သုက်ကောင်ရည်များများရှိလေ၊ မျိုးအောင်နိုင်စွမ်း များလေပါပဲ။

    သုက်ကောင်အရေအတွက်ကို စစ်ဆေးပါ

    တကယ်လို့ အမျိုးသားတစ်ယောက်အနေနဲ့ သုက်ကောင်ရည်ပုံမှန်ထက် နည်းနေတယ်၊ အဲဒီလိုနည်းတာကြောင့် မျိုးမအောင်နိုင်ဘူးလို့ ယူဆတယ်ဆိုရင် သုက်ကောင်အရေအတွက် စစ်ဆေးမှုကို လုပ်လို့ရပါတယ်။ ပုံမှန်အားဖြင့် သုက်ရည်နမူနာကို ဆေးခန်းမှာ ပေးပြီး စစ်ဆေးနိုင်ပါတယ်။

    သုက်ကောင်အရေအတွက် များစေနိုင်သော တခြားနည်းလမ်းများ

    သုက်ကောင်အရေအတွက်ရော အရည်အသွေးပါ များစေနိုင်တဲ့ သဘာဝနည်းလမ်းတွေလည်း ရှိပါသေးတယ်။ ပထမတစ်ခုက အစားအသောက်ပါ။ အာဟာရပြည့်ပြည့်၀၀ စားသောက်ခြင်းက ကိုယ့်ရဲ့ ကျန်းမာရေးကိုသာမက သုက်ကောင်များသန်စွမ်းမှုကို အထောက်အကူပြုပါတယ်။

    မကြာခင်က လုပ်ထားတဲ့ လေ့လာချက်တစ်ခုမှာဆိုရင် ဇင့်နဲ့ ဖောလစ်အက်ဆစ်ကို တွဲသောက်ခြင်းက သုက်ကောင်များရဲ့ အရည်အသွေးကို ကောင်းမွန်စေတယ်လို့ ပြောထားပါတယ်။ ဆရာဝန်တွေအနေနဲ့ ဖောလစ်အက်ဆစ်ဟာ သန္ဓေသားလောင်းအပေါ်မှာ အကျိုးပြုတယ်လို့ သိထားပေမယ့် သုက်ကောင်ထုတ်လုပ်မှုအပေါ် အကျိုးပြုတယ်ဆိုတာကိုတော့ သိတာမကြာသေးပါဘူး။

    ကျန်းမာသန်စွမ်းပြီး လုံလောက်တဲ့ သုက်ကောင်များကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် မျိုးအောင်ဖို့အတွက် စိတ်ချရပါတယ်။ ငွေတွေအများကြီး ကုန်ကျမယ့် ကုသနည်းတွေထက် သဘာဝနည်းလမ်းတွေကို စမ်းသပ်ကြည့်တာ အကောင်းဆုံးပါပဲ။ တစ်ကိုယ်ရည် လိင်စိတ်ဖြေတာကို အလွန်အကျွံ မလုပ်ဘူး၊ အာဟာရပြည့်ပြည့်၀၀ စားမယ်၊ ဇင့်နဲ့ ဖောလစ်အက်ဆစ်တို့ပါဝင်တာတွေ စားမယ်ဆိုရင်တော့ အဲဒါဟာ တခြားသော ပြင်ပအကူအညီတွေ မလိုဘဲနဲ့ မိသားစုလေးတစ်ခုကို တည်ဆောက်ဖို့အတွက် ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါလိမ့်မယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement