backup og meta

ဗီတာမင်ဓါတ်များနှင့် လိင်ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင်ဓါတ်များနှင့် လိင်ကျန်းမာရေး

    ငယ်ရွယ်တဲ့ အမျိုးသားအားလုံးနီးပါးဟာ ချစ်တင်းနှော လိုစိတ် ဆန္ဒခွန်အားပြင်းထန်မှုနှင့် လိင်မှုကိစ္စတွင် ယောက်ျားပီသစွာ စွမ်းဆောင်နိုင်စွမ်း စတာတွေကို အမှန်တကယ် အလိုရှိနေကြပါတယ်။ သို့သော် အမျိုးသားများဟာ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းဖို့ရာ ခက်ခဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမျိုးမျိုးသော အချက်တွေဖြစ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ၊ အသက်အရွယ် ဆိုင်ရာ သို့မဟုတ် ဖျားနာခြင်း စတဲ့ အကြောင်းအရာ အချက်အလက်တွေဟာ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အမြဲတမ်းလွှမ်းမိုးနေပါတယ်။ ဒီတစ်ခေါက်တော့ ဗီတာမင်ဓါတ်များနှင့် လိင်ကျန်းမာရေး အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    ဗီတာမင်ဓါတ်များနှင့် လိင်ကျန်းမာရေး

    ဗီတာမင်ဓါတ်များနှင့် လိင်ကျန်းမာရေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် လွှမ်းမိုးနေတဲ့ အသက်အရွယ်နှင့် မျိုးရိုးဗီဇကဲ့သို့ ရှောင်လွှဲလို့ မရသော အချက်တွေ မှလွဲ၍ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်တက်စေတဲ့ နည်းလမ်းကတော့ လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေကို လုံလောက်စွာ စားပေးခြင်းပဲ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ ဗီတာမင်ဓါတ်တွေဟာ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ဖို့အတွက် အသုံးဝင်မယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။

  • ဗီတာမင်စီ
  • ဗီတာမင်စီဟာ ဓါတ်တိုးဆန့်ကျင် ပစ္စည်းဖြစ်ပြီး ဓါတ်တိုးပစ္စည်းတွေကို တိုက်ခိုက်တဲ့အတွက် နိုက်ထရစ်အက်စစ် ပမာဏကို လျော့ကျမှု မရှိအောင်ပြုလုပ်နိုင်ပါတယ်။ နိုက်ထရစ်အက်စစ် ပမာဏကို ထိန်းသိမ်းခြင်းဟာ အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၎င်းဓါတ်ဟာ အောက်စီဂျင် နှင့် တိုက်ရိုက်ဆက်စပ်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဗီတာမင်စီ ဓါတ်ကို ရရှိရန် လတ်ဆတ်သော ဘယ်ရီသီး၊ ကီဝီသီး၊ ရှောက်သီး၊ သံပယိုသီးနှင့် လိမ္မော်သီး စတဲ့ ဗီတာမင်စီဓါတ် ပမာဏ ကြွယ်ဝတဲ့ အသီးအနှံ အချို့ကို စားသောက်ပေးပါ။

    • ဗီတာမင်အေ

    ဗီတာမင်အေဓါတ် ချို့တဲ့ခြင်းဟာ အမျိုးသားတွင်ရော အမျိုးသမီးများတွင်ပါ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းပမာဏ လျော့နည်းခြင်းနှင့် ဆက်စပ်နေပါတယ်။ ဒီလိုဖြစ်လာတဲ့ အခါ ရလဒ်အနေနဲ့ အမျိုးသားများတွင် ဝှေးစေ့ ရှုံ့သွားခြင်းနှင့် အမျိုးသမီးများတွင် မမျိုးဥ သေးသိမ်ကာ အရည်အသွေးမပြည့်မီ ဖြစ်သွားပါတယ်။ ဗီတာမင်အေကို မုန်လာဥနီ၊ ငရုတ်သီး၊ တရုတ်ဇီးသီး စတဲ့ အသီးအနှံ၊ အသီးအရွက်တွေမှာ တွေ့ရပါတယ်။

    • Phenylalanine

    ၎င်းဟာ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်ပြီး သင့်ရဲ့ endorphin ဟော်မုန်း ပမာဏ ကို မြင့်တက်စေပါတယ်။ ဒီလိုမြင့်တက်ခြင်း အားဖြင့် ၎င်းဟာ ကာမခွန်အားတိုးဆေးအဖြစ် ဆောင်ရွက်ပေးကာ သင့်ရဲ့ စိတ်စွမ်းရည်ကို မြှင့်တင်ပါတယ်။ Phenylalanine အကြွယ်ဝဆုံးဖြစ်သော အစားအသောက်တွေမှာ ချောကလက်ဖြစ်ပြီး မက်မွန်စေ့၊ ထောပတ်သီး ၊နာနတ်သီး၊ မြေပဲနှင့် ဟင်းနုနွယ် စတဲ့အခြားသော အစားအသောက်တွေထဲမှာလည်း အများကြီးတွေ့ရပါတယ်။

  • ဗီတာမင် အီး
  • လိင်မှုဆိုင်ရာ ကျန်းမာရေးမှာဆိုရင် ဗီတာမင်အီးရဲ့ အကျိုးသက်ရောက်မှုဟာ သင့်ကို ပီတိဖြစ် စေပြီး ဘဝင်ကျစေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ လိင်ပိုင်းဆိုင်ရာ ဟော်မုန်း၊ စွမ်းဆောင်နိုင်စွမ်းနဲ့ စိတ်ခံစားမှု တွေ ထွက်ပေါ်လာခြင်းကို များစွာ ထောက်ပံ့ကူညီပေးပါတယ်။ ဗီတာမင် အီးဟာ အသက်ကြီးလို့ အိုမင်းရင့်ရော်လာတဲ့ လက္ခဏာ တွေကို နှေးကွေးစေတဲ့ အားပြင်းသော ဓါတ်တိုး ဆန့်ကျင် ပစ္စည်းဖြစ်ရုံသာမကပဲ သင့်ရဲ့ လိင်မှုဆိုင်ရာဘဝကိုလည်း ပိုပြီး သက်တန်းရှည်အောင် သွယ်ဝိုက်ပြုလုပ်ပေးနေပါတယ်။ ဗီတာမင် အီး အများဆုံးကို မက်မွန်သီးစေ့၊ မြေပဲ၊ စား၍ရသော ထင်းရှူးသီးစေ့နဲ့ ဟင်းနုနွယ်စတာတွေမှာ အလွယ်တကူတွေ့ရပါတယ်။

    • Citrulline

    Citrulline ဆိုတာအပင်မှရတဲ့ အာဟာရဓါတ် တစ်မျိုးဖြစ်ပြီး သဘာဝ ကာမခွန်အားတိုးဆေးဆိုပြီး “Longevity Medicine Review” ကနေ ဖော်ပြခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၎င်းဟာ နိုက်ထရစ် အက်စစ် ပမာဏများစွာကို ထုတ်ပေးနိုင်တဲ့အတွက်ကြောင့်လို့ ဆိုနိုင်ပါတယ်။ ၎င်းဟာသွေးလည်ပတ်မှု ကောင်းစေပြီး ကလီစာများတွင် သွေးစီးဆင်းမှုအား ပိုကောင်းလာကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း ပိုကောင်းစေတယ်လို့ ဆိုလိုပါတယ်။ ဖရဲသီးမှာဆိုရင် citrulline ဓါတ် ပမာဏ များစွာ ပါဝင်ပါတယ်။

    • အိုမီဂါ သရီး

    အိုမီဂါ သရီး ဟာဆိုရင် သင့်ရဲ့ နှလုံးကျန်းမာရေး နှင့် ဟော်မုန်းဆိုင်ရာ နှစ်မျိုးလုံးကို ကောင်းစေပါတယ်။ အိုမီဂါ ၃ အဆီတွေဟာ မပြည့်ဝအဆီတွေဖြစ်တဲ့အပြင် အသည်းက ထိုအဆီကို ချေဖျက်ပြီး လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေဖြစ်တဲ့ testosterone နဲ့ oestrogen ဟော်မုန်းတွေကို ထွက်စေပါတယ်။ Forbes မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာကတော့ အိုမီဂါ သရီး ဟာ သင့်ရဲ့ အာရုံကြောစနစ် လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်ပြီး အာရုံကြောဆိုင်ရာ လှုပ်ရှားမှုတွေ ပိုကောင်းလာကာ သွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။ အိုမီဂါ သရီး တွေကို ဆော်လမွန်ငါး မှာတွေ့ရပြီး သစ်ကြားသီး နှင့် flax seed စသည်တို့တွင်လည်း တွေ့ရသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement