backup og meta

ပြောင်းပြန်သုက်လွှတ်ခြင်း၊ ဆီးအိမ်ထဲသို့ သုက်ဝင်သွားသည့်အခါ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြောင်းပြန်သုက်လွှတ်ခြင်း၊ ဆီးအိမ်ထဲသို့ သုက်ဝင်သွားသည့်အခါ

    ပြောင်းပြန်သုက်လွှတ်ခြင်းဟာ လိင်စိတ်အထွတ်အထိပ်ရောက်စဉ်မှာ သုက်ရည်တွေ လိင်တံကို ဖြတ်သန်းသွားရမယ့်အစား ဆီးအိမ်ထဲကို ဝင်ရောက်သွားခြင်းကို ဆိုလိုပါတယ်။ လိင်စိတ်အထွတ်အထိပ်ကိုတော့ ရောက်ပေမယ့် သုက်ရည် အနည်းငယ်သာ (သို့) လုံးဝ ထုတ်လွှတ်ခြင်း မရှိပါဘူး။ ဒါကို Dry orgasm လို့ ခေါ်ပါတယ်။ ပြောင်းပြန်သုက်လွှတ်ခြင်းဟာ အန္တရာယ် မရှိပေမယ့် အမျိုးသားတွေမှာ မြုံခြင်းကိုတော့ ဖြစ်ပေါ်စေနိုင်ပါတယ်။

    ပြောင်းပြန်သုက်လွှတ်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    ပြောင်းပြန်သုက်လွှတ်ခြင်းဟာ လိင်တံထောင်မတ်ခြင်း (သို့) လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကို သက်ရောက်ခြင်း မရှိပါဘူး။ ဒါပေမယ့် လိင်စိတ်အထွတ်အထိပ်ရောက်တဲ့အခါမှာတော့ သုက်ပိုးတွေဟာ လိင်တံကနေ ထွက်လာရမယ့်အစား ဆီးအိမ်ထဲကို ဝင်သွားတာဖြစ်ပါတယ်။ ပြီးသွားရင် ဆီးတွေမှာ သုက်ရည်ပါဝင်တာကြောင့် အရောင်နောက်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

    ပြောင်းပြန်သုက်လွှတ်ခြင်းဟာ အန္တရာယ်မရှိပေမယ့် ကလေးလိုချင်ရင်တော့ ကုသဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သင့်မှာ ဒီအခြေအနေရှိနေခဲ့ရင် ကုသဖို့ လိုအပ်တဲ့ ရောဂါအခံ ရှိမနေဘူးဆိုတာ သေချာစေဖို့ ဆရာဝန်ကို ပြသသင့်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ခန္ဓါဟာ မတူညီစွာပြုမူကြတာကြောင့် သင့်အခြေအနေအတွက် ဘယ်အရာကအကောင်းဆုံးလဲဆိုတာ သိရှိအောင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

    ပြောင်းပြန်သုက်လွှတ်ခြင်းကို ဘယ်အရာတွေ ကဖြစ်ပေါ်စေ သလဲ။

    ပြောင်းပြန်သုက်လွှတ်ခြင်းရဲ့ အကြောင်းရင်းတွေက သုက်လွှတ်စဉ်မှာ ဆီးအိမ်ဟာ ပိတ်နေရမယ့်အစား ပွင့်နေတာကြောင့် သုက်ရည်တွေ ဆီးအိမ်အတွင်းဝင်သွား ခြင်း ဖြစ်နိုင်ပါတယ်။

    အခြေအနေအတော်များများဟာ သုက်လွှတ်စဉ် ဆီးအိမ်ကို ပိတ်စေတဲ့ ကြွက်သားကို ပြဿနာ ဖြစ်စေနိုင်ပါတယ်။

    • ခွဲစိတ်မှု – bladder neck surgery သို့ ဆီးကျိတ် ခွဲစိတ်မှု
    • သွေးတက်ခြင်း၊ ဆီးကျိတ်ကြီးခြင်း၊ စိတ်ရောဂါတွေကို ကုသဖို့ အသုံးပြုတဲ့ ဆေးတွေရဲ့ ဆိုးကျိုးများ
    • ဆီးချို၊ multiple sclerosis (သို့) ကြောရိုးမ ထိခိုက်မိခြင်း အစရှိတာတွေကြောင့် ဖြစ်ပေါ်တဲ့ အာရုံကြော ထိခိုက်မိခြင်း

    ဘယ်အရာတွေက ပြောင်းပြန်သုက်လွှတ်နှုန်းကို မြင့်တက်စေပါသလဲ။

    အောက်ဖေါ်ပြပါ အရာတွေရှိရင် ပြောင်းပြန်သုက်လွှတ်နှုန်းကို မြင့်တက်စေပါတယ်။

    • သင့်မှာ ဆီးချို (သို့) multiple sclerosis ရှိရင်
    • ဆီးကျိတ် (သို့) ဆီးအိမ် ခွဲစိတ်ထားပြီးရင်
    • သွေးပေါင်တက်ခြင်း (သို့) စိတ်ရောဂါ တွေအတွက် ဆေးသောက်နေရရင်
    • ကျောရိုးမ ထိခိုက်မှု ရှိရင်

    ပြောင်းပြန်သုက်လွှတ်ခြင်းအတွက် အသုံးအများဆုံး စစ်ဆေးမှုတွေက ဘာလဲ။

    ပြောင်းပြန်သုက်လွှတ်ခြင်းကို သိရှိဖို့ ဆရာဝန်က အောက်ပါ အချက်တွေကို ပြုလုပ်နိုင်ပါတယ်။

  • သင့်ရောဂါ အခြေအနေအကြောင်းနဲ့ ဖြစ်တာ ဘယ်လောက်ကြာပြီလဲဆိုတာကို မေးမြန်းမှာ ဖြစ်ပါတယ်။ အခြားရောဂါတွေ၊ ခွဲစိတ်မှုတွေ၊ ကင်ဆာ ရှိမရှိဆိုတာတွေနဲ့ သောက်နေတဲ့ ဆေးတွေ အကြောင်းလဲ မေးမြန်းမှာ ဖြစ်ပါတယ်။
  • ကိုယ်ခန္ဓါ စမ်းသပ်စစ်ဆေးမှုတွေဖြစ်တဲ့ လိင်တဲ့၊ ဝှေးစေ့နဲ့ စအို စမ်းသပ်ခြင်းတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
  • လိင်စိတ်အထွတ်အထိပ်ရောက်အပြီးမှာ ဆီးကို စစ်ဆေးကြည့်မှာ ဖြစ်ပါတယ်။ ဒါကို ဆရာဝန် ရုံးခန်းမှာပဲပြုလုပ်မှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာအရင်ဆီးသွားစေမှာ ဖြစ်ပြီး လိင်စိတ်အထွတ်အထိပ်ရောက်အပြီးမှာ ဆီးကို ယူပြီး ဓါတ်ခွဲခန်းပို့ကာ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဆီးအတွင်းမှာ သုက်ပိုးတွေ တွေ့ရရင်တော့ ဒါဟာ ပြောင်းပြန်သုက်လွှတ်ခြင်းပဲဖြစ်ပါတယ်။
  • သင့်မှာ dry orgasm ရှိပြီး ဆရာဝန်က ဆီးအတွင်း သုက်ပိုးမတွေ့ရရင်တော့ ဒါဟာ အခြားသုက်ပိုး ထုတ်လွှတ်မှု ပြဿနာ တစ်ခုခု ဖြစ်နိုင်ပါတယ်။
  • ပြောင်းပြန်သုက်လွှတ်ခြင်းကို ဘယ်လိုကုသမလဲ

    သင့်ဆရာဝန်က ပြောင်းပြန်သုက်လွှတ်ခြင်းကို ဖြစ်စေတဲ့ ဆေးတွေ သောက်သုံးမှုကို ရပ်ခိုင်းနိုင်ပါတယ်။ ဆီးချို (သို့) ခွဲစိတ်မှု တစ်ခုခုကြောင့် ဖြစ်တဲ့ ပြောင်းပြန်သုက်လွှတ်ခြင်းရှိတဲ့ လူနာ သုံးပုံတစ်ပုံဟာ ဆီးအိမ် ကို ပိတ်စေတဲ့ ဆေးတွေသောက်အပြီးမှာ ပြန်ကောင်းသွားတတ်ကြပါတယ်။ (ဥပမာ pseudoephedrine, phenylephrine, chlorpheniramine, brompheniramine, or imipramine)။ ဒါပေမယ့် ဆေးအတော်များများဟာ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ကို တက်စေတာမို့ သွေးပေါင်တက်ပြီး နှလုံးရောဂါ ရှိတဲ့ အမျိုးသားတွေမှာ အန္တရာယ် ရှိနိုင်ပါတယ်။

    အောက်ဖေါ်ပြပါ လူနေမှု ပုံစံတွေနဲ့ အိမ်လုပ်ဆေးတွေဟာ ပြောင်းပြန်သုက်လွှတ်ခြင်းကို ကူညီပေးနိုင်ပါတယ်။

    • သွေးသကြားဓါတ် ထိန်းပေးခြင်း (သို့) ပြောင်းပြန်သုက်လွှတ်ခြင်းကို ဖြစ်စေတဲ့ ဆေးတွေကို ရှောင်ကျဉ်ခြင်း
    • ရောဂါလက္ခဏာတွေ မြင်ရပြီးနောက်မှာ ဆရာဝန်နဲ့ အမြန်ဆုံးပြသခြင်း
    • ရောဂါတိုးတက်မှုနဲ့ အခြေအနေကို သိရအောင် ပုံမှန်စစ်ဆေးမှု ပြုခြင်း
    • ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာခြင်း

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement