backup og meta

ဆယ်ကျော်သက်အရွယ်လိင်ဆက်ဆံခြင်းနှင့်ပတ်သက်သည့် ယုံတမ်းစကားများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်အရွယ်လိင်ဆက်ဆံခြင်းနှင့်ပတ်သက်သည့် ယုံတမ်းစကားများ

    ဆယ်ကျော်သက်တွေကြားမှာ ပြန့်နှံ့နေတဲ့ ယုံတမ်းစကားတွေ များစွာ ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးဟာ မှန်ကန်ခြင်း မရှိပါဘူး။ လိင်ဆက်ဆံမှုနဲ့ ပတ်သက်ပြီး မှားယွင်းစွာ နားလည်ထားခြင်းဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။

    လိင်အာသာဖြေခြင်းဟာ မြုံစေတယ်။

    လိင်အာသာဖြေခြင်းဟာ လူတွေ နှစ်သက်စွာပြုလုပ်တတ်တဲ့ ပုံမှန်အပြုအမူ တစ်ခုဖြစ်ပြီး မြုံခြင်းနဲ့ လုံးဝဆက်စပ်မှု မရှိပါဘူး။ အခြားတစ်ဖက်မှာတော့ ဆယ်ကျော်သက်တွေကို လိင်အာသာဖြေခြင်းကနေ ပိတ်ပင်ခြင်းဟာ အခြားဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။

    အပျိုတစ်ယောက်ဟာ သူမပထမဆုံး လိင်ဆက်ဆံစဉ် သွေးထွက်တတ်ပါတယ်။

    Hymen ဟာ ထိခိုက်ဒဏ်ရာရနိုင်တဲ့ ပါးလွှာတဲ့ အရေပြား တစ်ခုဖြစ်ပါတယ်။ အားကစားလုပ်ရင်၊ စက်ဘီးစီးရင် (သို့) ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ရင် hymenဧာ သွေးထွက်နိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှု တစ်ခုတည်းကပဲ သွေးထွက်စေတာ မဟုတ်ပါဘူး။

    သုက်ပိုးတစ်စက်ဟာ သွေးအစက်လေးဆယ်နဲ့ ညီမျှတယ်။

    ဒီယုံတမ်းစကားကိုတော့ လူတွေကို လိင်အာသာဖြေခြင်းကနေ တားမြစ်ဖို့ အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သွေးနဲ့ သုက်ပိုးတွေဟာ ဆက်စပ်မှု မရှိတာကြောင့် လိင်အာသာဖြေခြင်းဟာ သွေးထွက်မှုကို မဖြစ်စေပါဘူး။

    အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် လိင်ကိစ္စသာယာမှု မရှိကြပါဘူး။

    ဒါဟာ လုံးဝကို သဘာဝမကျပါဘူး။ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ လိင်ကိစ္စကို သာယာကြပါတယ်၊ အမျိုးသားတွေထက်တောင် ပိုပါသေးတယ်။ အမျိုးသမီးတွေဟာ သူမရဲ့ လိင်ဆက်ဆံဖက်ဟာ ကျွမ်းကျင်မှု ရှိတယ်ဆိုရင် ပိုပြီးတော့ လိင်ကိစ္စကို သာယာနိုင်ပါတယ်။ ဒါ့ပြင် အမျိုးသမီးတွေဟာ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကို အခေါက်များစွာ ဖြစ်ပွားနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။

    မွေးလာမယ့်ကလေးရဲ့ လိင်က အမေပေါ်မှာ မူတည်ပါတယ်။

    တကယ်တော့ မွေးလာမယ့်ကလေးရဲ့ လိင်ဟာ အဖေပေါ်မှာမူတည်ပြီး သူ့ဆီက chromosome ပေါ်မှာ မူတည်ပါတယ်။ chromosome X နဲ့ chromosome Y ပေါင်းစပ်ခြင်းဟာ ကလေးရဲ့ လိင်ကို ဆုံးဖြတ်ပေးပါတယ်။

    လိင်အင်္ဂါတွေဟာညစ်ပတ်ပြီး ထိတွေ့မှု မပြုသင့်ပါဘူး။

    လိင်အင်္ဂါတွေဟာ သင့်ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ လူအချို့က လိင်အင်္ဂါတွေဟာ ညစ်ညမ်းတာကြောင့် ဆေးကြောဖို့အတွက်တောင် မထိသင့်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် ရေချိုးတိုင်းမှာ လိင်အင်္ဂါတွေကို ဆေးကြောသင့်ပါတယ်။ အချိန်အကြာကြီး မဆေးပဲထားခြင်းဟာ ရောဂါပိုးပေါက်ပွားနိုင်ပါတယ်။

    အမျိုးသမီးတွေဟာ ပထမဆုံးလိင်ဆက်ဆံစဉ်မှာ ကိုယ်ဝန်ရရှိနိုင်ပါတယ်။

    အမျိုးသမီးရဲ့ ကိုယ်ဝန်ဟာ ခန့်မှန်းလို့ မရပါဘူး။ အမျိုးသမီးအကုန်လုံးဟာ ပထမဆုံးလိင်ဆက်ဆံစဉ်မှာ ကိုယ်ဝန်ရရှိခြင်း မရှိတာကြောင့် ကိုယ်ဝန်ရရှိဖို့ မှန်ကန်တဲ့ အချိန်မှာ အကာအကွယ်မပါပဲ လိင်ဆက်ဆံဖို့လိုပါတယ်။ ဒါဟာ အမျိုးသမီးက ကိုယ်ဝန်အရနိုင်ဆုံးအချိန်နဲ့ သားဥ လွှတ်လိုက်ချိန်တွေပဲဖြစ်ပါတယ်။

    ရာသီလာစဉ် လိင်ဆက်ဆံခြင်းဟာ အန္တရာယ် ရှိပါတယ်။

    ရာသီလာစဉ် လိင်ဆက်ဆံခြင်းဟာ အန္တရာယ် မရှိပါဘူး။ အချို့ အချက်အလက်အချို့က အမျိုးသမီးတွေဟာ ဒီအချိန်အတွင်းမှာ ချောဆီပိုထွက်တာမို့ လိင်ဆက်ဆံစဉ် သာယာမှု ပိုမို ရရှိနိုင်ပါတယ်။

    ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေဟာ အပ်ချုပ်ခြင်းကို စိတ်မဝင်စားပါဘူး။

    မမွေးသေးတဲ့ကလေးကို နှုတ်ခမ်းကွဲလေးဖြစ်စေတယ်လို့ ယူဆကြပြီး ဒါဟာ အခုထိတော့ မှန်ကန်ပါတယ်။ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေဟာ ပင်ပန်းစေတဲ့ လှုပ်ရှားမှုတွေကို ရှောင်ကျဉ်သင့်ပေမယ့် အပ်ချုပ်ခြင်းကတော့ တစ်ခုအပါအဝင် မဟုတ်ပါဘူး။

    အမျိုးသမီးတွေဟာ လိင်အင်္ဂါကြီးတဲ့ အမျိုးသားတွေကို ကြိုက်နှစ်သက်ကြတယ်။

    သင့်လိင်အင်္ဂါဟာ အခြားသူတွေလောက် မကြီးရင်စိတ်မညစ် သင့်ပါဘူး။ အမျိုးသမီးရဲ့ မိန်းမကိုယ်ဟာ လိင်တံအရွယ်အစား အကုန်ကို ဆံ့နိုင်တာမို့ အရွယ်အစားဟာ အမျိုးသမီးတွေရဲ့ ခံစားမှုနဲ့ ဆက်စပ်မှု မရှိပါဘူး။

    သင့်မှာ ဆယ်ကျော်သက်သား၊ သမီး၊ မောင်နှမတွေ ရှိနေရင် လူသိများတဲ့ ယုံတမ်းစကားတွေနဲ့ လိင်မှုဆိုင်ရာ ပညာပေးအချက်အလက်တွေကို သိထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement