backup og meta

ကျန်းမာသန်စွမ်းသော သုက်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာသန်စွမ်းသော သုက်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်မှုပုံစံ

    ကိုယ်ဝန်ရဖို့ ခက်နေမယ်ဆိုရင် ပထမဆုံးစိတ်ထဲမှာ ပေါ်လာတာကတော့ မျိုးအောင်ခြင်းဆိုင်ရာဆေးခန်းတွေကို သွားဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကုသမှုမယူခင်မှာ စားသောက်မှုပုံစံပြောင်းလဲခြင်းကဲ့သို့သော လူနေမှုဘဝပုံစံပြောင်းလဲခြင်းများ ပြုလုပ်ကြည့်ဖို့ အကြံပြုပါတယ်။ အံသြစရာကောင်းတာက စားသောက်ခြင်းပုံစံက သုက်ပိုးကျန်းမာရေးအပေါ်မှာ ကြီးမားစွာ သက်ရောက်မှုရှိနေတာပါ။ ကဲ …. ကျန်းမာသန်စွမ်းသော သုက်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်မှုပုံစံ လေးတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ကျန်းမာသန်စွမ်းသော သုက်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်မှုပုံစံ

    ကျန်းမာသန်စွမ်းသော သုက်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်ပေးသင့်တာလေးတွေက

    ၁။ ကြက်ဥ

    ကြက်ဥက သုက်ပိုး အရေအတွက်နဲ့ လှုပ်ရှားနိုင်မှုကို မြင့်တင်ပေးဖို့ နည်းလမ်းကောင်းတစ်ခုပါ။ ဗီတာမင် အီးနဲ့ ပရိုတင်းဓါတ်တွေ ပြည့်ဝနေတဲ့ ကြက်ဥဟာ သုက်ပိုး အရေအတွက် ကျစေသော ဓါတ်တိုးပစ္စည်းများ၏ အန္တရာယ်မှ ကာကွယ်ပေးပါတယ်။

    ၂။ ဟင်းနုနွယ်

    ကျန်းမာသန်စွမ်းတဲ့ သုက်ပိုးတွေ ထုတ်လုပ်ဖို့ ဖောလစ်အက်စစ် လိုအပ်ပါတယ်။ ခန္ဓါကိုယ်က ဖောလစ်အက်စစ် အလုံအလောက် မရှိဘူးဆိုရင် ပုံသဏ္ဍာန်မမှန်တဲ့ သုက်ပိုးတွေကို ထုတ်လုပ်လာနိုင်ပါတယ်။ ယင်းသုက်ပိုးတွေဟာ မမျိုးဥထံသို့ရောက်ရှိဖို့၊ ထိုးဖောက်ဝင်ရောက်ဖို့ စွမ်းအားမရှိပါဘူး။ ဒါ့အပြင် ပုံသဏ္ဍာန်မမှန်တဲ့ ကလေးမွေးနိုင်ခြေ ရာခိုင်နှုန်းလည်း များသွားပါတယ်။ ဖောလစ်အက်စစ်ရရှိဖို့ ဟင်းနုနွယ်နဲ့ အခြား အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်များ စားသုံးပေးရပါမယ်။

    ၃။ ငှက်ပျောသီး

    ငှက်ပျောသီးမှာ သုက်ပိုး ထုတ်လုပ်မှုနဲ့ သုက်ပိုး ကျန်းမာသန်စွမ်းမှုကို မြှင့်တင်ပေးသော ဗီတာမင် အေ၊ ဘီ ၁ နဲ့ စီတို့ ပြည့်ဝစွာ ပါဝင်ပါတယ်။ ငှက်ပျောသီးတွင် ပါဝင်သော ရှားပါးအင်ဇိုင်း ဗရိုမယ်လိန်ကလည်း သုက်ပိုး အရေအတွက်နဲ့ လှုပ်ရှားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်လို့ ယုံကြည်ရပါတယ်။

    ၄။ အနက်ရောင်ချောကလက်

    ချောကလက်နက်မှာ သုက်ရည်ပမာဏနဲ့ သုက်ပိုး အရေအတွက် မြင့်မားစေသော အမီနိုအက်ဆစ်တစ်မျိုးဖြစ်သည့် အယ်လ်အာဂျနင်းအိတ်ခ်ျစီအယ် ပါဝင်ပါတယ်။ ဒါ့အပြင် လူတော်တော်များက ချောကလက်နက်ဟာ လိင်ဆက်ဆံမှု ပြီးမြောက်ခြင်းကို ပိုမိုပြင်းထန်စေတယ်လို့ ယုံကြည်ကြပါတယ်။

    ကျန်းမာသန်စွမ်းသော သုက်ပိုးများ ရရှိရန်အတွက် ရှောင်ကြဉ်ရမည့် အစားအစာတွေက ဘာတွေလဲ။

    ၁။ စည်သွတ်ဘူး အစားအစာများ

    ပလတ်စတစ်ထုတ်ပိုး ပစ္စည်းများတွင် ပါဝင်သော ဟော်မုန်းပျက်ပြားစေသည့် BPA ဒြပ်ပေါင်းက သုက်ပိုးများ မကျန်းမာခြင်းကို ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်များ ယုံကြည်ကြပါတယ်။ စည်သွတ်ဘူး အတွင်းပိုင်းတို့တွင် သုတ်ထားသော ရီဆင်ဒြပ်ပေါင်းမှာ BPA အများအပြားပါဝင်နေပါတယ်။ ဒါကြောင့် လတ်ဆတ်သန့်ရှင်းတဲ့ အစားအသောက်များနှင့် ဖန်ပုလင်းထဲတွင် ထည့်ရောင်းသော အစားအစာများကို ရွေးဝယ်တာ အကောင်းဆုံးပါပဲ။

    ၂။ အရက်

    အရက်က သုက်ပိုး ကျန်းမာရေးကို ထိခိုက်စေတယ်လို့ သိရပါတယ်။ ကလေးရဖို့ ခက်ခဲနေမယ်ဆိုရင်တော့ အရက်သောက်ခြင်းကို ပြန်လည်ချင့်ချိန်ဖို့ လိုအပ်နေပါပြီ။ အရင်တုန်းက အရက်အလွန်အကျွံ သောက်ခဲ့ဖူးလား။ သောက်ခဲ့ဖူးမယ်ဆိုရင် မိမိကိုယ်ကို ပြန်လည်စီစစ်ပြောင်းလဲပါ။ အရက်ကို သင့်တော်တဲ့ ပမာဏနဲ့ သောက်မယ်ဆိုရင် မျိုးအောင်နိုင်စွမ်းကို ပြန်လည်ရရှိနိုင်ပါတယ်။

    ၃။ ပြည့်ဝဆီများ

    ပြည့်ဝဆီနဲ့ မပြည့်ဝခြင်းတစ်နေရာတည်းသာ ပါဝင်သည့် အဆီများ ( ဥပမာ စက်ရုံထုတ်အသားများ၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း) တို့က သုတ်ပိုး မကျန်းမာ မသန်စွမ်းခြင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။ သင့်သုက်ပိုးများ ဘေးကင်းရန်အတွက် ထိုသို့သောအဆီများ ပါဝင်သည့် အစားအစာများ လျော့စားပေးပါ။ မပြည့်ဝခြင်း မြင့်မားသော အဆီများ အထူးသဖြင့် အိုမီဂါ ၆နဲ့ အိုမီဂါ ၃ အဆီတို့ကို ပြောင်းလဲစားသောက်ပေးပါ။ ထိုအဆီတို့ကို သစ်ကြားသီး၊ ချီယာစေ့နဲ့ အိုမီဂါ ၃အားဆေးများမှာ တွေ့နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement