backup og meta

ကလေးမွေးပြီးဘယ်လောက်ကြာမှ ချစ်တင်းနှောနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမွေးပြီးဘယ်လောက်ကြာမှ ချစ်တင်းနှောနိုင်မလဲ

    ကလေးမွေးပြီးနောက် ဗိုက်ထဲရှိနေစဉ်ထက် ဂရုစိုက်ရတာ ပိုခက်ခဲနေသလို ထင်ရပါသည်။ အမြဲတမ်းလိုလို ပင်ပန်း မောပန်းရ၏။ ဘယ်လိုပဲဖြစ်ပါစေ ကလေးထိန်းကျောင်းခြင်းအပြင် ချစ်တင်းနှောခြင်းသည်လည်း သင်နှင့်သင့်ပါတန်တို့ ဘဝတစ်လျှောက်လုံး၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။

    ဒါဆို ကလေးမွေးပြီး ဘယ်လောက်ကြာလျှင် ချစ်တင်နှောခြင်းကို ပြုလုပ်နိုင်မလဲ။

    ကလေးမွေးပြီးနောက် ချစ်တင်းနှောတာ အန္တရာယ်ကင်းသလား။

    ကလေးမွေးပြီးနောက် သွေးဆင်းခြင်း (မီးနေသွေး) ရပ်သွားသည်အထိ စောင့်ရန် လမ်းညွှန်ထား၏။ ထိုအချိန်သည် ကလေးမွေးပြီးနောက် သုံးပတ်နီးပါး ကြာတတ်ပါသည်။

    စောင့်ခိုင်းခြင်း၏ အကြောင်းရင်းမှာ သားအိမ်သည် အချင်းကွာခြင်းကြောင့်ဖြစ်သည့် ဒဏ်ရာများကို အနာပြန်ကျက်နိုင်ရန်အတွက်ဖြစ်သည်။ နာမကျက်မီ ချစ်တင်းနှောခြင်းသည် ပိုးကူးစက်ခြင်းကို ဖြစ်စေနိုင်ပါသည်။

    ကလေးမွေးပြီးနောက် ဘယ်အချိန်မှာ ချစ်တင်းနှောနိုင်မလဲ။

    ချစ်တင်းနှောချင်စိတ်ပေါ်လာသည့်အချိန်သည် လူတစ်ဦးစီပေါ်လိုက်ပြီး ပြောင်းလဲနိုင်ပါသည်။ စံသတ်မှတ်ချက် မရှိပါ။ သို့မဟုတ် ဘယ်အချိန် ချစ်တင်းစနှောရမည် မသတ်မှတ်ထားပါ။ တကယ့်အရေးကြီးသောကိစ္စမှာ စိတ်ပိုင်းရော ရုပ်ပိုင်းပါ အသင့်ဖြစ်သည်အထိ စောင့်ရမည်ဖြစ်သည်။

    တစ်ချို့စုံတွဲများသည် ကလေးမွေးပြီး ပထမလအတွင်း ချစ်တင်းနှောကြသော်လည်း မိန်းမကိုယ်ပြဲထားသော သို့မဟုတ် မွေးလမ်းကြောင်းချဲ့ထားသော အမျိုးသမီးများတွင်တော့ ၆ ပတ်ကြာသည်အထိ စောင့်ရပါမည်။

    ၃ လအကြာတွင်တော့ စုံတွဲအများစုသည် ချစ်တင်းစနှောကြပြီဖြစ်ပြီး တစ်ချို့ကတော့ ၆ လကြာသည်အထိ စောင့်ကြပါသည်။

    ကလေးမွေးပြီး ၆ ပတ်အကြာ ပြန်မပြခင် သင်ရော သင့်ပါတနာပါ စိတ်ရှိပါက ချစ်တင်းနှောနိုင်ပါသည်။

    တစ်နည်းဆိုရလျှင် သင့်ဖက်မှ အဆင်သင့်မဖြစ်သေးဘူး ဆိုပါက နမ်းခြင်း၊ ပွေ့ဖက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ပွတ်သီးပွတ်သပ်နေခြင်းတို့သည် အကောင်းဆုံးဖြစ်ပါသည်။

    ကလေးကြောင့် ပင်ပန်းရသည်ဆိုသော်လည်း ဒီလောက်တော့ ကြိုးစားကြည့်ပါ။ ထိုအဆင့်များဖြင့် ချစ်တင်းနှောချင်စိတ်သည် လွယ်လွယ်ကူကူ သဘာဝကျကျ ပေါ်လာမည်ဖြစ်သည်။

    ကိုယ့်စိတ်အဆင်သင့်မဖြစ်ခင် ကိုယ့်ပါတနာက အဆင်သင့်နေလျှင် ဘယ်လိုလုပ်မလဲ။

    တစ်ယောက်၏ခံစားရမှု တစ်ယောက်မှသိစေရန် အချိန်မှန်မှန် စကားပြောဆိုကြဖို့ လိုအပ်ပါသည်။ သင့်ပါတနာမှ စိတ်အဆင်သင့်ဖြစ်ပြီး သင်၌ အဆင်သင့်မဖြစ်သေးပါက သူစိတ်ကျေနပ်စေချင်ရုံဖြင့် အလျင်စလိုမလုပ်ပါနှင့်။ ချစ်တင်းနှောခြင်းသည် သာယာမှုအတွက်ဖြစ်ပြီး အိမ်ဝေယျာဝစ္စတစ်ခုမဟုတ်ပါ။

    သတိထားရမည့် ပြဿနများ

    ချစ်တင်းနှောခြင်းသည် ကိုယ့်ပါတနာမှ ငြင်ငြင်သာသာနှင့် သေချာဂရုစိုက်နေသော်လည်း သင့်ကိုနာကျင်မှု ဆက်တိုက်ဖြစ်နေစေပါက ဆရာဝန် သို့ ကျန်းမာရေးစောင့်ရှောက်သူတို့နှင့် ဆွေးနွေးပါ။

    တစ်ချို့ဖြစ်ရပ်များတွင် မိန်းမကိုယ်ပြဲခြင်း သို့မဟုတ် မွေးလမ်းကြောင်းချဲ့ခြင်းတို့သည် အချိန်အတော်ကြာသည့် မသက်မသာဖြစ်စေနိုင်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ခွဲစိတ်ကုသလျှင် ပျောက်ကင်းနိုင်ပါသည်။

    ကလေးမွေးပြီးနောက် ရာသီစလာစတွင် နာကျင်မှုကို ခံစားရနိုင်ပြီး ချစ်တင်းနှောရန် အဆင်သင့်မဖြစ်နိုင်ပါ။ ထိုအရာသည် ပုံမှန်ပင်ဖြစ်ပြီး သင့်ရောသင့်ပါတနာရော ချစ်တင်းနှောခြင်းကို ဝေယျာဝစ္စတစ်ခုလို အလျင်စလို မလုပ်ပါနှင့်။

    မွေးဖွားပြီးနောက် ချစ်တင်းနှောခြင်းနှင့် ပတ်သတ်၍ ပြဿနာရှိပါက သို့ မေးစရာများများရှိပါက ဆရာဝန် သို့ ကုထုံးဆရာများ သို့ ကျန်မားရေးစောင့်ရှောက်သူများ၏ အကြံဉာဏ်၊ လမ်းညွှန်နှင့် ကုသမှုများကို ခံယူဖို့ မနှောင့်နှေးပါနှင့်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement