backup og meta

အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ

    အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ ဆိုတာကို ဗဟုသုတရအောင် မျှဝေပေးလိုက်ပါတယ်။

    အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်တဲ့ ရောဂါများစွာ ရှိပါတယ်။ လူသိများတာကတော့ HIV ပိုး နဲ့ ကာလသားရောဂါပိုးတွေ ကူးနိုင်တယ် ဆိုတာပါပဲ။ ဒါပေမဲ့ ဒါတွေတင်ပဲလား ဆိုတော့ မဟုတ်ပါဘူး။ အသည်းရောင် အသားဝါ B ပိုး၊ C ပိုး တွေဟာလည်း လိင်ဆက်ဆံရာကတဆင့် ကူးစက်တတ်တာကို မေ့ထားလို့ မရပါဘူး။

    ရောဂါပိုးတွေရဲ့ သဘာဝ နဲ့ ဗီဇလက္ခဏာ တွေဟာ တစ်ခုနဲ့ တစ်ခု မတူညီကြတဲ့ အလျောက် incubation period လို့ ခေါ်တဲ့ ကူးစက်မှုအစပျိုးချိန်တွေဟာလည်း တစ်ခု နဲ့ တစ်ခု မတူညီကြပါ။ ဆိုလိုတာကတော့ သင်စိုးရိမ်လို့ စစ်‌ဆေးချင်ရင်‌တောင် တစ်နေ့တည်း တစ်ချိန်တည်းမှာ စစ်ဆေးကြည့်လို့ အဆင်မပြေနိုင်ပါဘူး။ ဘယ်ရောဂါပိုးတွေ က ဘယ်အချိန်တွေမှာ စစ်ဆေးမှ အဖြေမှန် ပေါ်နိုင်မလဲ ဆိုတဲ့ အသေးစိတ်ကို အောက်မှာ ဆက်လက် ဖော်ပြပေးသွားပါမယ်။

    အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ

    အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ ဆိုတော့

    • Bacterial infections (ဘက်တီးရီးယားပိုးမွှားများ)ဖြစ်တဲ့ Chalamydia, Gonorrhoea(ဆီးပူညောင်းကျ), Mycoplasma, Ureplasma တို့ အတွက် incubation period ကတော့ ၇ ရက် ဖြစ်ပါတယ်။
    • Syphilis (ဆစ်ဖလစ်ပိုး)၊ အသည်းရောင် အသားဝါ B ပိုး နဲ့ Herpes simplex (ရေယုန်) ပိုးတွေကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့ အချိန်ကစပြီး ၆ ပတ် အတွင်းဟာ incubation period ဖြစ်ပါတယ်။ ဆိုလိုတာက သင်ဟာ ရောဂါပိုး ကူးစက်ခံရခြင်း ရှိ၊ မရှိကို ၆ ပတ်ကျော်တွင် စစ်တဲ့အခါမှာ အဖြေမှန် ရရှိမှာ ဖြစ်ပါတယ်။
    • အသည်းရောင်အသားဝါ C ပိုး ကတော့ ၉ပတ်ခန့် ကြာမြင့်ပါတယ်။
    • HIV ရောဂါပိုး ကတော့ စစ်ဆေးနည်းပေါ် မူတည်ပြီး နှစ်မျိုး ကွဲပါတယ်။
    • ELISA test – ယခုလက်ရှိမှာ တွင်တွင်ကျယ်ကျယ် လွယ်လွယ်ကူကူ အသုံးပြုနေတဲ့ နည်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ဝင်ပြီးနောက် ခန္ဓာကိုယ်မှာ ထွက်လာတဲ့ antibodies (ပဋိပစ္စည်း) ကို စစ်ဆေးတဲ့ နည်းပါ။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၃လ ကနေ ၆လ အတွင်းမှာ စစ်ဆေးနိုင်ပါတယ်။
    • PCR test (polymerase chain reaction test)- သွေးထဲမှာ ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိကို တိုက်ရိုက်စစ်တဲ့ နည်း ဖြစ်တဲ့အတွက် အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီး ၉ရက်ကနေ ၁၁ရက်‌လောက်ဆို စစ်ဆေးလို့ရပါပြီ။ အဆင့်မြင့်ဓာတ်ခွဲခန်းတွေမှာပဲ စစ်ဆေးလို့ရမှာဖြစ်ပြီး ပထမနည်းနဲ့ ယှဉ်ရင် ငွေကုန်ကြေးကျပိုများပါတယ်။

    လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတော်တော်များများဟာ ‌‌ရောဂါလက္ခဏာ မပြတတ်ကြတဲ့အတွက် စစ်ဆေးစရာမလိုဘူး စိုးရိမ်စရာမလိုဘူးလို့ ထင်နိုင်စရာရှိပါတယ်။ အလွန်မှားတဲ့ အတွေးအခေါ်ပါပဲ။ အကယ်၍ သင်ဟာ STI ရောဂါရာဇ၀င် ရှိမရှိ သေချာမသိတဲ့သူတစ်ယောက်နဲ့ အကာအကွယ် မပါဘဲ အတူတူနေမိခဲ့တယ်ဆိုရင် ရောဂါလက္ခဏာပြတဲ့ အထိမစောင့်ဘဲ အမြန်ဆုံးစစ်ဆေးမှု ခံယူဖို့ အရမ်းအရေးကြီးပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ အတူတူနေစဉ် အခါတိုင်း ကွန်ဒုံးကို စနစ်တကျ အသုံးပြုပြီး ကာကွယ်ဖို့ပါပဲလို့ တိုက်တွန်းရင်း ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။

    ရေးသားသူ – Dr. Saint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement