backup og meta

လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အနိုင်ကျင့်ခံရမှု

လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အနိုင်ကျင့်ခံရမှုဟာ လူတစ်ယောက်ရဲ့ဘဝကို အရမ်းကိုဆိုးရွားတဲ့ သက်ရောက်မှုပေးနိုင်တာကြောင့် တားဆီးကာကွယ် ကြရမယ့် ပြစ်မှုကြီးတစ်ခုဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်ပါဆောင်းပါးက အကြံဉာဏ်အချက်အလက်တွေ ဖော်ပြပေးထားပါ တယ်။

လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် အကူအညီတောင်းခံရန်

  • တရားခံလက်က ထွက်ပြေးပြီး ရဲစခန်း အရေးပေါ်ဖုန်းကိုခေါ်ဆိုအကူအညီတောင်းပါ။
  • သင့်ခန္ဓါကိုယ်ပေါ်မှာ တရားခံဆီကကျန်ရစ်ခဲ့ တဲ့ သက်သေအထောက်အထားတွေကို ကာကွယ်ပါ။ ဒါမှ ရဲစခန်းမှာအမှုဖွင့်တဲ့အခါ တရားမျှတမှုတောင်းဆိုရာမှာပိုလွယ်ကူစေမှာပါ။
  • အတိအကျပြောရရင် စစ်ဆေးမှုမခံယူ ရခင် ခေါင်းမဖြီးပါနဲ့၊သင့်ခန္ဓါကိုယ် ဘယ်အစိတ်အပိုင်းကိုမှ သန့်ရှင်းရေးမလုပ်ပါ နဲ့၊ အဝတ်တွေမလဲပစ်ပါနဲ့။ အခင်းဖြစ်ရာ နေရာကို မထိပါနဲ့၊ လက်ရာခြေရာမပျက် ပါစေနဲ့ဦး။
  • တော်တော်လေးနေရခက်မယ်ဆိုရင်တောင်မှ အနီးဆုံးအရေးပေါ်ခန်းကို တန်းသွားပါ။ တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းနိုင်ဖို့ သုက်ရည်၊တံထွေး၊ဆံပင်၊နဲ့ အဝတ်အစားချည်စ၊ စတဲ့ သင့်ခန္ဓါကိုယ်ပေါ် တရားခံဆီကနေ ကျန်ရစ်ခဲ့တဲ့ သက်သေအထောက်အထား တွေကို ဆရာဝန်တွေက စုဆောင်း စစ်ဆေး ပေးပါလိမ့်မယ်။
  • သင်ကိုယ်တိုင်တောင်မသိတဲ့ ထိခိုက်ဒဏ်ရာမှန် သမျှကို ဆရာဝန်တွေက သိရှိကုသပေးနိုင်ဖို့ အတွက် အသေးစိတ်စစ်ဆေးမှုခံယူပါ။
  • စော်ကားခံရစဉ်အတွင်းမှာ လိင်မှတဆင့်ကူးစက် တတ်တဲ့ရောဂါတွေ ကူးစက်ခံခဲ့ရသလား ဆိုတာ သိရှိနိုင်ဖို့ သင့်ကိုစစ်ဆေးမှုတာဝန်ယူထားတဲ့ ဆရာဝန်တွေ၊ သက်ဆိုင်ရာဝန်ထမ်းတွေကို မေးမြန်းပါ။ ဒါ့အပြင် ကိုယ်ဝန်မရစေဖို့ အရေးပေါ်ကိုယ်ဝန်တားဆေးကို တောင်းပါ။
  • ရဲစခန်းမှာ အမှုဖွင့်ဖို့စဉ်းစားပါ။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့သူတွေဟာ ရှက်ရွံ့စိတ်၊ရွံရှာ စက်ဆုပ်စိတ်တွေကြောင့် အမှုဖွင့်တိုင်ကြားဖို့ တွန့်ဆုတ်လေ့ရှိပါတယ်။ ဖြစ်ခဲ့သမျှဟာ ကိုယ့်အမှားမဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်တဲ့ တရားခံကြောင့်သာဖြစ်ကြောင်း စိတ်ထဲမှာ အမြဲသိထားပါ။
  • ရဲစခန်းမှာအမှုဖွင့်ဖို့ ဆွေးနွေးပါ။

လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုအန ္တရာယ်မှ ကင်းဝေးစေဖို့

လိင်ပိုင်းဆိုင်ရာစော်ကား၊အနိုင်ကျင့်ခံရမှု ကြုံရနိုင်တဲ့ အန္တရာယ်နည်းပါးစေဖို့ အောက်ပါအချက်တွေကို လုပ်ဆောင်ပါ။

  • အရက်သေစာမသောက်စားပါနဲ့။ အရက်မူးနေရင် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ အားအနည်းဆုံးနဲ့ အန္တရာယ်ရင်ဆိုင်ရနိုင်ခြေအများဆုံး အချိန်ဖြစ်တာကြောင့်ပါ။ ရလဒ်ကတော့ အရက်မူးနေသူတစ်ယောက်ရဲ့ ပြန်ခုခံနိုင်စွမ်းက ပုံမှန်လူတွေထက် အရမ်းအားနည်းတာကြောင့် သင်ဟာ တရားခံရဲ့ လွယ်ကူတဲ့ပစ်မှတ်တစ်ခု ဖြစ်နေနိုင်လို့ပါပဲ။
  • အလင်းရောင်ကောင်းကောင်းရှိပြီး လူထူတဲ့နေရာမှာ ကားပါကင်ထိုးပါ၊ လမ်းလျှောက်ပါ။
  • သင့်ရဲ့ကားနဲ့အိမ်ကို လုံခြုံစွာသော့ခတ်ထားပါ။ ကိုယ်နဲ့မသိတဲ့လူတွေ၊ မျက်မှန်းတန်းရုံပဲ သိသူတွေ၊ ဒါမှမဟုတ် သိတာကြာပြီဖြစ်ပေမယ့် လုံခြုံရေးအတွက် သင့်စိတ်ထဲမယုံကြည်တဲ့လူ တွေကို ပေးမဝင်ပါနဲ့။
  • သော့တွေကို တံခါးလို အလွယ်ကူဆုံးနေရာတွေမှာ အသင့်ထားပါ။ ဒါမှ တခုခုပြဿနာရှိလာရင် သင်အမြန်ဆုံးတုံ့ပြန် နိုင်မှာပါ။
  • သူစိမ်းတွေခေါ်ရာမလိုက်ပါနဲ့ ၊ ကိုယ်သိရုံသာသိတဲ့(မရင်းနှီးတဲ့) တစ်စုံတစ်ယောက်နဲ့အတူ ပွဲတွေ၊ပါတီတွေ မသွားပါနဲ့။
  • ဝေးလံပြီး ချောင်ကျတဲ့တစ်နေရာရာကို ဖိတ်ကြားခံရရင် အန္တရာယ်ကိုစွန့်စားပြီး မသွားလိုက်ပါနဲ့။ ဒီလိုနေရာမျိုးမှာ ပြဿနာ ဖြစ်လာခဲ့ရင် လမ်းသွားလမ်းလာတွေ၊ အိမ်နီးချင်း တွေ ဒါမှမဟုတ် အနီးကတခြားသူတွေကို သင်အကူအညီတောင်းဖို့ အခွင့်အလမ်းနည်း နိုင်တာကြောင့်ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အနိုင်ကျင့်ခံရမှုတို့က လူတိုင်းမှာဖြစ်လာနိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ် တင်မနေသင့်ပါဘူး။ အတိတ်ကို အတိတ်မှာထားခဲ့ပြီး ပုံမှန်ဘဝကို ပြန်လည်စတင်နိုင်ဖို့အတွက် ဘာတွေလုပ်သင့်သလဲဆိုတာ ဆရာဝန်တွေ၊ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြံဉာဏ်ရယူပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Violence Against Women. https://www.womenshealth.gov/violence-against-women/types-of-violence/sexual-assault-and-abuse.html Accessed February 17, 2017
What is sexual assault and sexual abuse? http://www.kemh.health.wa.gov.au/services/sarc/what_is.htm Accessed February 17, 2017
Sexual Assault / Abuse. http://www.goodtherapy.org/learn-about-therapy/issues/sexual-abuse Accessed February 17, 2017

ယခုပုံစံ

29/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်မှုဆက်ဆံရေးမှာ အရွယ်အစားက ဘယ်လောက်အရေးပါလဲ

သဘာဝနည်းအတိုင်း သားဆက်ခြားမယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement